ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ရှားဖို့ စစ်ကောင်စီ ရည်ရွယ် (သြစတြေးလျ သုတေသီ Ben Bland)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယခင်မှတ်တမ်းဓါတ်ပုံ)

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ရှားဖို့ စစ်ကောင်စီ ရည်ရွယ် (သြစတြေးလျ သုတေသီ Ben Bland)



ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ရှားဖို့ စစ်ကောင်စီ ရည်ရွယ် (သြစတြေးလျ သုတေသီ Ben Bland)

{{Zawgyi/Unicode}}

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလာမယ့် ဆယ်စုနှစ်တွေအတွင်း နိုင်ငံရေးအာဏာကနေ ဘယ်လိုနည်းနဲ့မဆိုဖယ်ရှားဖို့ မြန်မာစစ်တပ်မှာ စွမ်းဆောင်နိုင်စွမ်းရှိနေကြောင်း အရှေ့တောင်အာရှနိုင်ငံရေး ကို အထူးပြုလေ့လာနေသူ တဦးက ရိုက်တာသတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာဟာ မြန်မာစစ်တပ်ရဲ့ လက်ထဲ လုံးလုံးလျားလျားမူတည်နေတယ်လို့မြင်ကြောင်း သြစတြေးလျအခြေစိုက် Lowy အင်စတီကျူရဲ့အရှေ့တောင်အာရှအစီအစဉ် ညွန်ကြားရေးမှူး Ben Bland ကဆိုပါတယ်။

“သေချာတာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာဟာ တပ်မတော် ရဲ့ လက်ထဲမှာ လုံးဝနီးပါးကျရောက်နေတာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တွေ၊ ပြစ်မှုတွေ၊ သူကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေ စတာတွေဟာ ဥပဒေမဲ့လုပ်ရပ်တွေပဲဖြစ်ပါတယ်။"

အသက် (၇၆) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူအောင်လှုံဆော်မှု၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်မှု စတာတွေနဲ့ ဒီဇင်ဘာလ ၆ ရက် တနင်္လာနေ့က ထောင်ဒဏ်လေးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ နေရာအတိအကျ မသိရတဲ့ လက်ရှိထိန်းသိမ်းထားတဲ့ နေရာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လေးနှစ်ကနေ နှစ်နှစ်ပဲ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ပြစ်ဒဏ်ကို လျော့ပေါ့ပေးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အမှုပေါင်း တဒါဇင်နီးပါးမှာ ပထမဆုံးစီရင်ချက် ချခဲ့တာဖြစ်ပြီး ဒီပြစ်ဒဏ်တွေအာလုံးပေါင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမြင့်ဆုံး ထောင်ဒဏ် နှစ်ပေါင်း ၁၀၀ ကျော်လောက် ချခံရဖွယ်ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။

ဒီလုပ်ရပ်တွေကိုကြည့်မယ်ဆိုရင် စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲက ဖယ်ရှားမယ်ဆိုရင် သူတို့မှာ စွမ်းဆောင်နိုင်စွမ်းရှိနေတယ်လို့မြင်ကြောင်း Bland ကပြောပါတယ်။

“ဒါကြောင့် စစ်တပ်အနေနဲ့ နိုင်ငံရေးအခင်းအကျင်းကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကို အနာဂတ် ဒါမှမဟုတ် ဆယ်စုနှစ်တွေကြာတဲ့အထိ ဖယ်ရှားချင်တယ်ဆိုရင် အခုချိန်မှာ သူတို့အတွက် စွမ်းဆောင်နိုင်ခြေရှိနေတယ်လို့ ကျနော်မြင်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံရေး အခင်းအကျင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝဖယ်ရှားဖို့ သူတို့မှာ ရည်ရွယ်ထားပုံရပါတယ်။"

တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမှုကို တကမ္ဘာလုံးက ဝိုင်းဝန်းရှုတ်ချခဲ့ပါတယ်။ ဒါပေမယ်လို့ မြန်မာရဲ့ အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ တုံ့ပြန်မှုတွေဟာ မတူညီကြပါဘူး။ ဒါဟာ ထိန်းသိမ်းခံထားရသူတွေလွှတ်ပေးရေးနဲ့ရန်လိုမှုတွေ အဆုံးသတ်ရေး မြန်မာစစ်ဗိုလ်ချုပ်တွေကို ဖိအားပေးဖို့ ရှေ့မှာ ကြုံတွေရမယ့် စိန်ခေါ်မှုတွေကို ပြနေတာပါ။ မြန်မာစစ်ကောင်စီကို ကိုင်တွယ်ဖို့အရေး အာဆီယံအဖွဲ့ဝင်တွေကြား ဆက်ပြီး ကွဲပြားနေမှာဖြစ်သလို၊ အပြစ်ပေးအယူရေးမှုဖို့ အလားအလာမှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက သတိထားနေကြတယ်လို့ Bland ကပြောပါတယ်။

ဒါအပြင် မြန်မာစစ်အာဏာသိမ်းမှုကိစ္စဟာ စီးပွားရေးကျဆင်းမှု၊ ကပ်ရောဂါထိန်းချုပ်ရေး စတဲ့ အခြေအနေတွေမှာလည်း ထိခိုက်နစ်နာမှုတွေရှိနေပြီး နောက်ဆုံးမှာတော့ ပြည်တွင်းအင်အားစုတွေကသာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ စစ်အာဏာသိမ်းမှုကို ဖြေရှင်းဖို့ ကဏ္ဍများစွာရှိနေပါတယ်။ နောက်ဆုံးမှာတော့ ပြင်ပ ဖိအားကလည်း အခန်းကဏ္ဍတခုအနေနဲ့ ပါဝင်မယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့် မြန်မာရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေပဲဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ တကယ့်ကိုကြောက်မက်ဖွယ်ရာကောင်းတဲ့ နေရာဖြစ်နေပါတယ်။"

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူပြီးကတည်းက မြန်မာနိုင်ငံမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့အဆိုအရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ နိုင်ငံနဲ့အဝှမ်းမှာလည်း လက်နက်ကိုင်တော်လှန်ရေးတွေပေါ်ပေါက်လာခဲ့ပါတယ်။

SEE ALSO: ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ရှားဖို့ စစ်ကောင်စီ ရည်ရွယ် (သြစတြေးလျ သုတေသီ Ben Bland)

.....................................................

{{Unicode}}








