မြန်မာနဲ့ သွေးလွန်တုတ်ကွေး

Dengue

မြန်မာနိုင်ငံမှာ ဒီနှစ်သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနဲ့သေဆုံးမှုဟာ အရင်နှစ်ကထက်စာရင် သိသိသာသာ လျော့ကျ သွားခဲ့တယ်လို့မြန်မာကျန်းမာရေးဝန်ကြီးဌာနကပြောကြောင်း ဇင်ဝှာသတင်းမှာဖေါ်ပြထားပါတယ်။

မြန်မာနဲ့ သွေးလွန်တုတ်ကွေး

မြန်မာနိုင်ငံမှာ ဒီနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနဲ့ သေဆုံးမှုဟာ အရင်နှစ်ကထက်စာရင် သိသိသာသာ လျော့ကျသွားခဲ့တယ်လို့ မြန်မာကျန်းမာရေးဝန်ကြီးဌာနက ပြောကြောင်း ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့အထိ သွေးလွန်တုတ်ကွေးဖြစ်ပွားမှု ၆,၆၈၅ ဦးရှိပြီး သေဆုံးသူ ၃၀ ရှိတယ်လို့ မြန်မာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သွေးလွန်တုတ်ကွေး အဖြစ်များတဲ့ ဇူလိုင်လမှာ ဒီနှစ်ဖြစ်ပွားမှုနှုန်းဟာ အရင်နှစ်ကထက် နည်းတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးသန်းနိုင်စိုးက သောကြာနေ့တုန်းက ဆင်ဟွာသတင်းဌာနကိုပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သွေးလွန်တုတ်ကွေးဟာ ခြင်ပေါတဲ့ မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ် လတွေမှာ အဖြစ်များပြီး ကလေးငယ်တွေ သေဆုံးရလေ့ရှိပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ကမ္ဘာကြီး ပိုမိုပူနွေးလာတာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေတယ်လို့ သတိပေးထားပါတယ်။

ကုလသမဂ္ဂက လက်ခံရရှိတဲ့ စာရင်းတွေအရ ၂၀၀၀ ခုနှစ်ကဖြစ်ပွားသူ သန်း တဝက်လောက်ပဲ ရှိခဲ့ပေမယ့်၊ ၂၀၂၂ ခုနှစ်မှာ ၄ သန်းကျော် ရှိတာကြောင့် ၈ ဆ တိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ သွေးလွန်တုတ်ကွေး ထိန်းချုပ်ရေးအစီအစဉ် အကြီးအကဲ ဒေါက်တာ Raman Velayudhan က ပြီးခဲ့တဲ့သောကြာနေ့က ဂျာနီဗာမြို့တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ နှစ်စဉ် သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ အရေအတွက်ဟာ လူသန်း ၁၀၀ ကနေ ၄၀၀ အထိ ရှိနိုင်တယ်လို့ဆိုပါတယ်။ အဲဒီအထဲက ၇၀ ရာနှုန်းဟာ အာရှတိုက်မှာ ဖြစ်ပွားတာလို့လည်း ကုလသမဂ္ဂ ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနဲ့ သွေးလွန်တုတ်ကွေး