စင်္ကာပူနိုင်ငံရဲ့ အဓိက လေဆိပ်ကြီး ဖြစ်တဲ့ Changi လေဆိပ် ပြေးလမ်း တစ်ခု အနီး ဒရုန်း ယာဉ် တွေကို တွေ့ရှိခဲ့ဲ့တဲ့အတွက် လေဆိပ်ကို ခေတ္တ ပိတ်ခဲ့ရလို့ လေယာဉ် ခရီးစဉ်တချို့ နှောင့်နှေးခဲ့ရတယ်လို့ စင်္ကာပူ အာဏာပိုင်တွေက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။
ဒီ အဖြစ်အပျက်ဟာ အဓိက လေဆိပ်ကြီးတွေမှာ ဒရုန်ယာဉ်တွေ တွေ့တာကြောင့် လေဆိပ်တစ်ခုမှာ အနှောက်အယှက် ဖြစ်ခဲ့ရတဲ့ နောက်ဆုံး ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။
အာရှရဲ့ လေယာဉ် အဝင်အထွက် အများဆုံးလေဆိပ် တစ်ခုဖြစ်တဲ့ Changi လေဆိပ် လေယာဉ်ပြေးလမ်း နှစ်ခု အနက် တခုကို အင်္ဂါ ညနေပိုင်းကနေ ဗုဒ္ဓဟူးနေ့ အစောပိုင်းအထိ ယာယီ ပိတ်ခဲ့ရပါတယ်လို့ စကာၤပူ မြို့ပြ လေကြောင်း အာဏာပိုင် အဖွဲ့ တွေက ပြောပါတယ်။
လေယာဉ် ခရီးစဉ် ၃၇ ခုလောက်လည်း ကြန့်ကြာခဲ့ရပြီး လေဆိပ်ကို ဝင်လာတဲ့ လေယာဉ်တစ်စီးကိုလည်း အိမ်နီးချင်း မလေးရှားနိုင်ငံကိုလမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့ရတယ်လို့လည်း လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။
စကာၤပူနိုင်ငံမှာ ခွင့်ပြုချက် မရှိဘဲ လေဆိပ်နဲ့၅ ကီလိုမီတာအတွင်း ဒရုန်း လွှတ်တင်ရင် ဥပဒေ ချိုးဖောက်တာဖြစ်ပါတယ်။ ဥပေဒ ချိုးဖောက်သူဟာ ထောင်ဒဏ် တစ်နှစ်အထိ ကျခံရနိုင်ပါတယ်။ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပါတယ်။
Your browser doesn’t support HTML5