ေရြးေကာက္ပဲြရလဒ္အေပၚ စစ္ေျပးဒုကၡသည္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္

ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕က ဒုကၡသည္စခန္းတခုမွာ ေနထိုင္ၾကတဲ့ စစ္ေဘးေရွာင္ ကခ်င္ဒုကၡသည္မ်ား။ (ဇူလိုင္ ၃၀၊၂၀၁၅)

[Zawgyi/Unicode]

၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ေတြ အေျဖေတြရဲ႕ တင္ႀကိဳ-ခန႔္မွန္းခ်က္ေတြအရ လက္ရွိအာဏာရပါတီ NLD အစိုးရကပဲ ႏိုင္ငံကို ဆက္လက္ အုပ္ခ်ဳပ္မယ့္ အလားအလာအေပၚ အခုအခ်ိန္အထိ ေနရပ္ရင္းကေန ထြက္ေျပးတိမ္းေရွာင္ေနၾကဆဲ စစ္ေျပးစစ္ေရွာင္ဒုကၡသည္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ ဘယ္လိုရွိပါသလဲဆိုတာ- ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ မဲရလဒ္ေတြနဲ႔ ဆက္ၿပီး ႏိုင္ငံကို အုပ္ခ်ဳပ္မယ့္ အစိုးရတရပ္အေနနဲ႔ ႏိုင္ငံတြင္း စစ္ေရးပဋိပကၡေတြ အၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္ ႏွစ္ေတြနဲ႔ခ်ီ ေနရပ္ရင္းေတြကေန စြန႔္ခြာထြက္ေျပးေနၾကရၿပီး အခုအခ်ိန္အထိ ေဒသတြင္း မတည္ၿငိမ္ေသးလို႔ အိမ္ျပန္ဖို႔ ေမွ်ာ္လင့္ခ်က္မဲ့ေနေသးတဲ့ အေနအထားအေပၚ ဒီအစိုးရ သက္တမ္းမွာ လက္ေတြ႕က်တဲ့ မူဝါဒေတြ ခ်မွတ္ၿပီး ေဆာင္႐ြက္ေပးႏိုင္မယ္လို႔ ဒုကၡသည္ေတြက သူတို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ကခ်င္ျပည္နယ္တြင္း စစ္ေရးပဋိပကၡေတြၾကား ဆယ္စုႏွစ္တခုစာနီးပါး ဒုကၡသည္စခန္းေတြထဲမွာ ေနထိုင္ေနၾကရတဲ့ IDP ဒုကၡသည္ေတြ ေဘးအႏၲရာယ္ကင္းရွင္းစြာနဲ႔ ၿငိမ္းခ်မ္းတဲ့ လူမႈဘဝေတြ ျပန္လည္တည္ေဆာက္ခြင့္ေပးပါလို႔ - ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ အစိုးရထိန္းခ်ဳပ္နယ္ေျမထဲက မိုင္းနား Mai Na KBC IDP ဒုကၡသည္စခန္းက ကခ်င္လူငယ္ Hpau Dut Lu Htoi က ေတာင္းဆိုပါတယ္။

"IDP ေတြကိုေပါ့ေနာ္ ဒီ လက္ရွိအခုျပန္ၿပီးေတာ့ တက္လာမယ့္ အစိုးရေတြအေနနဲ႔ေပါ့ေနာ္ အခုအေနနေတာ့ သူတို႔ ေနရပ္ျပန္ေရး အပိုင္းေတြ လုပ္ေဆာင္မႈေတြေတာ့ ရွိတယ္။ ဒါေပမဲ့ ကိုဗစ္ကာလ ကိုဗစ္အေျခအေနေတြေၾကာင့္ေႏွာင့္ေႏွးတဲ့ အေျခအေနေတြလည္း ရွိေနတယ္ေပါ့ေနာ္။ တကယ္လို႔ IDP ျပည္သူေတြကို ကိုယ့္ရဲ႕ ေနရပ္ျပန္လာႏိုင္တဲ့ အေျခအေနေရာက္ လာၿပီဆိုရင္ လက္ေတြ႕မွာ တကယ္ လုံၿခဳံမႈရွိၿပီဆိုတဲ့ အေျခအေနက်မွ ျပန္ခိုင္းတာမ်ိဳးက ပိုၿပီး အဆင္ေျပတယ္ေပါ့ေနာ္။ ၿပီးေတာ့ ဒီတပ္မေတာ္နဲ႔ KIO၊ KIA ၾကား ဒီသူတို႔စစ္တပ္ ႏွစ္ ခု Bilateral ထိုးၿပီးတဲ့အေျခအေနက်မွ ကိုယ့္ရဲ႕ရပ္႐ြာကို ျပန္ခိုင္းတဲ့ အေျခအေနမ်ိဳးကို ျဖစ္ေစခ်င္တယ္။ ၿပီးက်ေတာ့ ကိုယ့္ရပ္႐ြာေနရပ္ေဒသမွာ မိုင္းရွင္းလင္းေရးေတြကိုလည္း ဦးစားေပး လုပ္ေဆာင္ေပးဖို႔ လိုလားပါတယ္။ အဲ့ဒီမွာ သြားေနၾကမယ့္ ကိုယ့္ေနရပ္ေနရာမွာ စားဝတ္ေနေရးေသာ္လည္းေကာင္း ပညာေရး၊ က်န္းမာေရး အဆင္ေျပေအာင္ လုပ္ခိုင္းေစခ်င္တယ္ အဲ့ဒါမ်ိဳးေတြ ရေစခ်င္တယ္ေပါ့ေနာ္။"

SEE ALSO: ရခိုင္ ရမ္းၿဗဲေရလုပ္သားေတြ AA မသကၤာနဲ႔ ဖမ္းဆီးခံခဲ့ရ

ရခိုင္ျပည္နယ္တြင္း လူမ်ိဳးေရး ဘာသာေရးအသြင္ေဆာင္ အၾကမ္းဖက္မႈေတြ ျဖစ္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္ကတည္း ၈ ႏွစ္ေက်ာ္ ဒုကၡသည္စခန္းေတြထဲမွာပဲ ေနခဲ့ၾကရတဲ့ မူဆလင္ဒုကၡသည္ေတြဟာ အခုေ႐ြးေကာက္ပြဲအႏိုင္ရတက္လာမယ့္ အစိုးရလက္ထက္မွာေတာ့ - သူတို႔ေနရပ္ရင္းျပန္ေရးနဲ႔ လြတ္လပ္စြာသြားလာခြင့္ အပါအဝင္ လူမႈဘဝျပန္လည္ ထူေထာင္ေရးေတြကိုအဓိက ဦးစားေပးေဆာင္႐ြက္ေပးဖို႔ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ အနီး သကၠယ္ျပင္ေက်း႐ြာက IDP ဒုကၡသည္စခန္းက မူဆလင္ဒုကၡသည္ ဦးေမာင္ေလးက ေတာင္းဆိုပါတယ္။

"အခု ၂၀၂၀ ဆို က်ေနာ္တို႔ေနေနရတာ ၈ ႏွစ္ရွိၿပီ က်ေနာ္တို႔ အေနာက္ဘက္မွာ ေနေနရတာ။ အဲ့ဒါ က်ေနာ္တို႔ျပန္ခ်င္တယ္။ ကိုယ့္ေနရာကိုယ္ပဲ ကိုယ္ျပန္သြားၿပီးေနခ်င္တာေပါ့။ က်ေနာ္တို႔မွာ ေမွ်ာ္လင့္ခ်က္ဆိုတာ ဘာမွကို တစုံတခု မရွိတာ။ က်ေနာ္တို႔ေတြ ကိုယ့္ေနရာကိုပဲ ျပန္ခ်င္တာပါပဲ။ ဒီမွာ က်ေနာ္တို႔ ဒုကၡသည္စခန္းမွာ ေနရတာ ၾကာလွၿပီ။ ေနရတာ က်ေနာ္တို႔ အရမ္း အခက္အခဲရွိတယ္။ အခက္အခဲက ေတာ္ေတာ္ေလးကို ႀကဳံေနရတာ။ အဓိက က်ေနာ္တို႔ ေတာင္းဆိုခ်င္တာက ပညာေရး၊ က်န္းမာေရး ေနာက္ လူ႔အခြင့္အေရး... လြတ္လပ္စြာ သြားလာခြင့္ေပါ့။ လြတ္လြတ္လပ္လပ္ သြားလာခြင့္နဲ႔ တန္းတူအခြင့္အေရး ဒါပဲ က်ေနာ္တို႔ အဓိက လိုခ်င္ပါတယ္။"

ဦးသိန္းစိန္ အစိုးရလက္ထက္ကတည္းကစ စခန္းေတြထဲေရာက္ အစိုးရသက္တမ္းအဆက္ဆက္ အိမ္ျပန္ႏိုင္ေရး မေရရာခဲ့တဲ့ အေပၚ NLD အစိုးရရဲ႕ ဒုတိယသက္တမ္း ဆက္အုပ္ခ်ဳပ္ခြင့္ရမယ္ဆိုခဲ့ရင္ ေနရပ္ျပန္ေရးနဲ႔ ဒုကၡသည္ေတြအေရး လက္ေတြ႕က်က် ေဆာင္႐ြက္ေပးဖို႔ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္က ေက်ာက္တလုံးဒုကၡသည္စခန္း စီမံခန႔္ခြဲေရးေကာ္မတီ ဥကၠ႒ ဦးျဖဴေခ်ကလည္း ေတာင္းဆိုပါတယ္။

"ဦးသိန္းစိန္အစိုးရက က်ေနာ္တို႔ကို IDP စခန္းထဲ ထည့္ထားခဲ့တာ။ က်ေနာ္တို႔ကို ျပန္လုပ္ေပးရမွာက NLD အစိုးရ ပထမအႀကိမ္မွာ က်ေနာ္တို႔အေရး ကိုင္တြယ္ခဲ့တာ အားနည္းခဲ့တယ္။ ျပန္လည္ေနရာခ်ထားမယ္ဆိုၿပီး အႀကိမ္ႀကိမ္ေဆြးေႏြးတယ္။ က်ေနာ္တို႔ ယခင္ေနထိုင္ခဲ့တဲ့ မူလေနရာေတြကို ျပန္လည္ေနထိုင္ခြင့္ျပဳပါဆိုၿပီးအဲ့တာ ေအာင္ျမင္မႈ မရွိခဲ့ဘူးခင္ဗ်။ ရခိုင္တိုင္းရင္းသားေတြထဲက တခ်ိဳ႕ ကန႔္ကြက္ခဲ့တာေတြေၾကာင့္လည္းပါတယ္။ ေနာက္ တရားဥပေဒကို ကိုင္တြယ္တာ အားနည္းတာလည္းပါတဲ့အတြက္ အဆင္မေျပဘူးခင္ဗ်။ ဒါေပမဲ့ လာမယ့္ ၂၀၂၀ election မွာေတာ့ က်ေနာ္တို႔ကို ထိထိမိမိကိုင္တြယ္ၿပီးေတာ့ ေျဖရွင္းေပးမယ္လို႔ေတာ့ က်ေနာ္တို႔ ယုံေတာ့ ယုံၾကည္ပါတယ္ခင္ဗ်။ ေနာက္ ငါးႏွစ္ေတာ့ ထပ္ၿပီး camp ထဲ မေနရေလာက္ေတာ့ဘူးလို႔ မွန္းထားတယ္။ ဒါေပမဲ့ အဲ့ဒါလည္း ကိုယ့္အမွန္းပါပဲ ဒါေပမဲ့ အစိုးရဘက္က ဘယ္လိုမူေတြ ခ်ၿပီး ကိုင္တြယ္မလဲ အဲ့ဒါကို က်ေနာ္တို႔ ေစာင့္ၾကည့္ရမွာေပါ့ေနာ္။"

ရခိုင္ျပည္နယ္တြင္း အၾကမ္းဖက္မႈေတြေၾကာင့္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္ေျပးခဲ့ရတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေႏွာင့္ေႏွးေနဆဲ အစီအစဥ္ေတြဟာ အခု ေ႐ြးေကာက္ပြဲအေျဖအရ ေနာက္ထပ္ အစိုးရသက္တမ္း NLD တာဝန္ယူရမယ္ဆိုရင္ ဒီသက္တမ္းမွာေတာ့ ေအာင္ျမင္ေအာင္ ဆက္လက္ ေဆာင္႐ြက္ေစခ်င္ပါတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္ေခၚ ဦးအီစလံကေျပာပါတယ္။

SEE ALSO: ျမန္မာ-ဘဂၤလားေဒ႔ရွ္တို႔နဲ႔ ဒုတိယအၾကိမ္ ၃ ပြင္႔ဆိုင္ေဆြးေႏြးေရး တရုတ္စီစဥ္

"က်ေနာ္တို႔ရဲ႕ အၾကပ္အတည္းကို ဒုတိယ တက္လာမယ့္ NLD အစိုးရက စဥ္းစားေပးမယ္လို႔ က်ေနာ္တို႔က ေမွ်ာ္လင့္ပါတယ္။ ပထမအႀကိမ္မွာေတာ့ သူတို႔ရဲ႕ အၾကပ္အတည္းအမ်ိဳးမ်ိဳးကို က်ေနာ္တို႔လည္း ေတြ႕ခဲ့ရတယ္။ မေျပလည္မႈေတြကိုလည္း ျမင္ေတြ႕ခဲ့တယ္။ ဒါေပမဲ့ အခု ဒုတိယအႀကိမ္တက္လာရင္ေတာ့ က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ အခက္အခဲ အၾကပ္အတည္းကို ေျပလည္ေအာင္ ေျဖရွင္းေပးႏိုင္မယ္လို႔ က်ေနာ္တို႔က ေမွ်ာ္လင့္ပါတယ္။ အခု ဒုတိယအႀကိမ္မွာ မဲေတြ အႏိုင္ရေနတာျမင္ေတာ့ က်ေနာ္တို႔လည္း ဝမ္းသာအားရမိပါတယ္ခင္ဗ်။ NLD အစိုးရအေနနဲ႔ ဒီမိုကေရစီကို ေဖာ္ေဆာင္မယ့္ အစိုးရအျဖစ္ က်ေနာ္တို႔က ဂုဏ္ယူပါတယ္။ ဒါေပမဲ့ လုပ္ေဆာင္ခ်က္ေတြကိုေတာ့ ၾကည့္ရမွာေပါ့ခင္ဗ်ာ။

ဒါေပမဲ့ ရိုဟင္ဂ်ာ ဆိုေတာ့ အသံုးကိုေတာ့ ျမန္မာအစိုးရဘက္က လက္မခံပါဘူး။ လက္ရွိ အာဏာရ NLD အစိုးရသက္တမ္းမွာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေတြမွာ တပ္မေတာ္နဲ႔ေရာ လက္နက္ကိုင္တပ္ေတြနဲ႔ပါ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ သေဘာတူညီမႈေတြမွာ အဆင္မေျပမႈေတြနဲ႔ စိန္ေခၚမႈေတြရွိေနသလို စစ္ေဘးစစ္ဒဏ္ေၾကာင့္ ျပည္တြင္းက တိုင္းရင္းေဒသေတြမွာေရာ တ႐ုတ္- ဘဂၤလားေဒ့ရွ္ စတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြအထိပါ အသက္လုေျပးခဲ့ၾကရတဲ့ သိန္းခ်ီတဲ့ စစ္ေျပးဒုကၡသည္ေဒသခံေတြ ေနရပ္ျပန္လာႏိုင္ေရး အစီအမံေတြမွာလည္း ေႏွာင့္ေႏွးေနဆဲ အေနအထားျဖစ္ပါတယ္။

Your browser doesn’t support HTML5

ေရြးေကာက္ပဲြရလဒ္အေပၚ စစ္ေျပးဒုကၡသည္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္

[Unicode Version]

ရွေးကောက်ပွဲရလဒ်အပေါ် စစ်ပြေးဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ အဖြေတွေရဲ့ တင်ကြို-ခန့်မှန်းချက်တွေအရ လက်ရှိအာဏာရပါတီ NLD အစိုးရကပဲ နိုင်ငံကို ဆက်လက် အုပ်ချုပ်မယ့် အလားအလာအပေါ် အခုအချိန်အထိ နေရပ်ရင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြဆဲ စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက် ဘယ်လိုရှိပါသလဲဆိုတာ- ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ ဆက်ပြီး နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရတရပ်အနေနဲ့ နိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နှစ်တွေနဲ့ချီ နေရပ်ရင်းတွေကနေ စွန့်ခွာထွက်ပြေးနေကြရပြီး အခုအချိန်အထိ ဒေသတွင်း မတည်ငြိမ်သေးလို့ အိမ်ပြန်ဖို့ မျှော်လင့်ချက်မဲ့နေသေးတဲ့ အနေအထားအပေါ် ဒီအစိုးရ သက်တမ်းမှာ လက်တွေ့ကျတဲ့ မူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်ပေးနိုင်မယ်လို့ ဒုက္ခသည်တွေက သူတို့ မျှော်လင့်နေကြပါတယ်။

ကချင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြား ဆယ်စုနှစ်တခုစာနီးပါး ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရတဲ့ IDP ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ငြိမ်းချမ်းတဲ့ လူမှုဘဝတွေ ပြန်လည်တည်ဆောက်ခွင့်ပေးပါလို့ - ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အစိုးရထိန်းချုပ်နယ်မြေထဲက မိုင်းနား Mai Na KBC IDP ဒုက္ခသည်စခန်းက ကချင်လူငယ် Hpau Dut Lu Htoi က တောင်းဆိုပါတယ်။

SEE ALSO: ေရြးေကာက္ပြဲၿပီး ျမန္မာအစိုးရသစ္ ဒုကၡသည္အေရးအေလးေပးဖို႔ ဒုကၡသည္ေတြလိုလား

"IDP တွေကိုပေါ့နော် ဒီ လက်ရှိအခုပြန်ပြီးတော့ တက်လာမယ့် အစိုးရတွေအနေနဲ့ပေါ့နော် အခုအနေနတော့ သူတို့ နေရပ်ပြန်ရေး အပိုင်းတွေ လုပ်ဆောင်မှုတွေတော့ ရှိတယ်။ ဒါပေမဲ့ ကိုဗစ်ကာလ ကိုဗစ်အခြေအနေတွေကြောင့်နှောင့်နှေးတဲ့ အခြေအနေတွေလည်း ရှိနေတယ်ပေါ့နော်။ တကယ်လို့ IDP ပြည်သူတွေကို ကိုယ့်ရဲ့ နေရပ်ပြန်လာနိုင်တဲ့ အခြေအနေရောက် လာပြီဆိုရင် လက်တွေ့မှာ တကယ် လုံခြုံမှုရှိပြီဆိုတဲ့ အခြေအနေကျမှ ပြန်ခိုင်းတာမျိုးက ပိုပြီး အဆင်ပြေတယ်ပေါ့နော်။ ပြီးတော့ ဒီတပ်မတော်နဲ့ KIO၊ KIA ကြား ဒီသူတို့စစ်တပ် နှစ် ခု Bilateral ထိုးပြီးတဲ့အခြေအနေကျမှ ကိုယ့်ရဲ့ရပ်ရွာကို ပြန်ခိုင်းတဲ့ အခြေအနေမျိုးကို ဖြစ်စေချင်တယ်။ ပြီးကျတော့ ကိုယ့်ရပ်ရွာနေရပ်ဒေသမှာ မိုင်းရှင်းလင်းရေးတွေကိုလည်း ဦးစားပေး လုပ်ဆောင်ပေးဖို့ လိုလားပါတယ်။ အဲ့ဒီမှာ သွားနေကြမယ့် ကိုယ့်နေရပ်နေရာမှာ စားဝတ်နေရေးသော်လည်းကောင်း ပညာရေး၊ ကျန်းမာရေး အဆင်ပြေအောင် လုပ်ခိုင်းစေချင်တယ် အဲ့ဒါမျိုးတွေ ရစေချင်တယ်ပေါ့နော်။"

ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်း ၈ နှစ်ကျော် ဒုက္ခသည်စခန်းတွေထဲမှာပဲ နေခဲ့ကြရတဲ့ မူဆလင်ဒုက္ခသည်တွေဟာ အခုရွေးကောက်ပွဲအနိုင်ရတက်လာမယ့် အစိုးရလက်ထက်မှာတော့ - သူတို့နေရပ်ရင်းပြန်ရေးနဲ့ လွတ်လပ်စွာသွားလာခွင့် အပါအဝင် လူမှုဘဝပြန်လည် ထူထောင်ရေးတွေကိုအဓိက ဦးစားပေးဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ အနီး သက္ကယ်ပြင်ကျေးရွာက IDP ဒုက္ခသည်စခန်းက မူဆလင်ဒုက္ခသည် ဦးမောင်လေးက တောင်းဆိုပါတယ်။

"အခု ၂၀၂၀ ဆို ကျနော်တို့နေနေရတာ ၈ နှစ်ရှိပြီ ကျနော်တို့ အနောက်ဘက်မှာ နေနေရတာ။ အဲ့ဒါ ကျနော်တို့ပြန်ချင်တယ်။ ကိုယ့်နေရာကိုယ်ပဲ ကိုယ်ပြန်သွားပြီးနေချင်တာပေါ့။ ကျနော်တို့မှာ မျှော်လင့်ချက်ဆိုတာ ဘာမှကို တစုံတခု မရှိတာ။ ကျနော်တို့တွေ ကိုယ့်နေရာကိုပဲ ပြန်ချင်တာပါပဲ။ ဒီမှာ ကျနော်တို့ ဒုက္ခသည်စခန်းမှာ နေရတာ ကြာလှပြီ။ နေရတာ ကျနော်တို့ အရမ်း အခက်အခဲရှိတယ်။ အခက်အခဲက တော်တော်လေးကို ကြုံနေရတာ။ အဓိက ကျနော်တို့ တောင်းဆိုချင်တာက ပညာရေး၊ ကျန်းမာရေး နောက် လူ့အခွင့်အရေး... လွတ်လပ်စွာ သွားလာခွင့်ပေါ့။ လွတ်လွတ်လပ်လပ် သွားလာခွင့်နဲ့ တန်းတူအခွင့်အရေး ဒါပဲ ကျနော်တို့ အဓိက လိုချင်ပါတယ်။"

ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းကစ စခန်းတွေထဲရောက် အစိုးရသက်တမ်းအဆက်ဆက် အိမ်ပြန်နိုင်ရေး မရေရာခဲ့တဲ့ အပေါ် NLD အစိုးရရဲ့ ဒုတိယသက်တမ်း ဆက်အုပ်ချုပ်ခွင့်ရမယ်ဆိုခဲ့ရင် နေရပ်ပြန်ရေးနဲ့ ဒုက္ခသည်တွေအရေး လက်တွေ့ကျကျ ဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တလုံးဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြူချေကလည်း တောင်းဆိုပါတယ်။

"ဦးသိန်းစိန်အစိုးရက ကျနော်တို့ကို IDP စခန်းထဲ ထည့်ထားခဲ့တာ။ ကျနော်တို့ကို ပြန်လုပ်ပေးရမှာက NLD အစိုးရ ပထမအကြိမ်မှာ ကျနော်တို့အရေး ကိုင်တွယ်ခဲ့တာ အားနည်းခဲ့တယ်။ ပြန်လည်နေရာချထားမယ်ဆိုပြီး အကြိမ်ကြိမ်ဆွေးနွေးတယ်။ ကျနော်တို့ ယခင်နေထိုင်ခဲ့တဲ့ မူလနေရာတွေကို ပြန်လည်နေထိုင်ခွင့်ပြုပါဆိုပြီးအဲ့တာ အောင်မြင်မှု မရှိခဲ့ဘူးခင်ဗျ။ ရခိုင်တိုင်းရင်းသားတွေထဲက တချို့ ကန့်ကွက်ခဲ့တာတွေကြောင့်လည်းပါတယ်။ နောက် တရားဥပဒေကို ကိုင်တွယ်တာ အားနည်းတာလည်းပါတဲ့အတွက် အဆင်မပြေဘူးခင်ဗျ။ ဒါပေမဲ့ လာမယ့် ၂၀၂၀ election မှာတော့ ကျနော်တို့ကို ထိထိမိမိကိုင်တွယ်ပြီးတော့ ဖြေရှင်းပေးမယ်လို့တော့ ကျနော်တို့ ယုံတော့ ယုံကြည်ပါတယ်ခင်ဗျ။ နောက် ငါးနှစ်တော့ ထပ်ပြီး camp ထဲ မနေရလောက်တော့ဘူးလို့ မှန်းထားတယ်။ ဒါပေမဲ့ အဲ့ဒါလည်း ကိုယ့်အမှန်းပါပဲ ဒါပေမဲ့ အစိုးရဘက်က ဘယ်လိုမူတွေ ချပြီး ကိုင်တွယ်မလဲ အဲ့ဒါကို ကျနော်တို့ စောင့်ကြည့်ရမှာပေါ့နော်။"

SEE ALSO: ရခိုင္မင္းျပားနဲ႔ ခ်င္းပလက္၀ တိုက္ပဲြမ်ားျဖစ္ပြား

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး နှောင့်နှေးနေဆဲ အစီအစဉ်တွေဟာ အခု ရွေးကောက်ပွဲအဖြေအရ နောက်ထပ် အစိုးရသက်တမ်း NLD တာဝန်ယူရမယ်ဆိုရင် ဒီသက်တမ်းမှာတော့ အောင်မြင်အောင် ဆက်လက် ဆောင်ရွက်စေချင်ပါတယ်လို့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ခေါ် ဦးအီစလံကပြောပါတယ်။

"ကျနော်တို့ရဲ့ အကြပ်အတည်းကို ဒုတိယ တက်လာမယ့် NLD အစိုးရက စဉ်းစားပေးမယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။ ပထမအကြိမ်မှာတော့ သူတို့ရဲ့ အကြပ်အတည်းအမျိုးမျိုးကို ကျနော်တို့လည်း တွေ့ခဲ့ရတယ်။ မပြေလည်မှုတွေကိုလည်း မြင်တွေ့ခဲ့တယ်။ ဒါပေမဲ့ အခု ဒုတိယအကြိမ်တက်လာရင်တော့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခက်အခဲ အကြပ်အတည်းကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။ အခု ဒုတိယအကြိမ်မှာ မဲတွေ အနိုင်ရနေတာမြင်တော့ ကျနော်တို့လည်း ဝမ်းသာအားရမိပါတယ်ခင်ဗျ။ NLD အစိုးရအနေနဲ့ ဒီမိုကရေစီကို ဖော်ဆောင်မယ့် အစိုးရအဖြစ် ကျနော်တို့က ဂုဏ်ယူပါတယ်။ ဒါပေမဲ့ လုပ်ဆောင်ချက်တွေကိုတော့ ကြည့်ရမှာပေါ့ခင်ဗျာ။

ဒါပေမဲ့ ရိုဟင်ဂျာ ဆိုတော့ အသုံးကိုတော့ မြန်မာအစိုးရဘက်က လက်မခံပါဘူး။ လက်ရှိ အာဏာရ NLD အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ တပ်မတော်နဲ့ရော လက်နက်ကိုင်တပ်တွေနဲ့ပါ ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီမှုတွေမှာ အဆင်မပြေမှုတွေနဲ့ စိန်ခေါ်မှုတွေရှိနေသလို စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်တွင်းက တိုင်းရင်းဒေသတွေမှာရော တရုတ်- ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေအထိပါ အသက်လုပြေးခဲ့ကြရတဲ့ သိန်းချီတဲ့ စစ်ပြေးဒုက္ခသည်ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေး အစီအမံတွေမှာလည်း နှောင့်နှေးနေဆဲ အနေအထားဖြစ်ပါတယ်။