ဥေရာပမွာ ကိုဗစ္ကူးစက္သူ ၁၀ သန္းရွိသြားၿပီ

COVID 19 လူနာတဦးကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ားကို ခ်က္သမၼတႏိုင္ငံ Brno ၿမိဳ႕က ေဆးရံုတခုမွာ ေတြ႔ရ။ (ေအာက္တိုဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ဥေရာပတုိက္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၁.၅ သန္းအထိ စံခ်ိန္တက္ခဲ့တာေၾကာင့္ ကမၻာတဝန္းကူးစက္ခံရသူေပါင္း ၄၄ သန္းအနက္ ဥေရာပတိုက္မွာ ၁၀ သန္း ရွိသြားၿပီလို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) က ေျပာပါတယ္။

ေႏြဦးကတည္းက ေဆး႐ံုတက္ရသူဦးေရ ျမင့္တက္လာေနေပမယ့္ ေရတြက္လို႔မရခဲ့ေၾကာင္းနဲ႔ ေသဆံုးသူဦးေရ ၃၀ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း WHO ဥေရာပ အမႈေဆာင္ဒါ႐ိုက္တာ ေဒါက္တာ ဟန္စ္ကလပ္ဂ္ က ေျပာပါတယ္။ ဥေရာပဟာ ကပ္ေရာဂါရဲ႕ ဗဟိုခ်က္မျဖစ္လာေနတယ္လို႔လည္း ဥေရာပက်န္းမာေရးဝန္ႀကီးေတြကို သူက ေျပာပါတယ္။ ပိုးရွိမရွိ စစ္ေဆးတဲ့စနစ္ေတြဟာ အႀကီးအက်ယ္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့အဆင့္ကို အမွီမလိုက္ႏိုင္ခဲ့ေၾကာင္း သူက ေျပာပါတယ္။

SEE ALSO: ျပင္သစ္နဲ႔ ဂ်ာမနီမွာ ကိုဗစ္ထိန္းခ်ဳပ္ေရး ပိတ္ပင္မႈေတြ ခ်မွတ္

ဥေရာပႏုိင္ငံအမ်ားစုမွာ ကိုဗစ္ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈ အေရအတြက္ထဲက ေရာဂါပိုးကူးစက္ထားတယ္လုိ႔ အတည္ျပဳႏုိင္သူ အေရအတြက္ ၅ ရာခိုင္ႏႈန္း ေက်ာ္လာတာေၾကာင့္ စစ္ေဆးမႈေတြထဲကေန ပိုးေတြ႔သူအေရအတြက္ဟာ အရင္ကထက္ ပိုၿပီးမ်ားလာတယ္လို႔လည္း ေဒါက္တာကလပ္ဂ္က ေျပာပါတယ္။

ဥေရာပတိုက္တဝန္း ကိုဗစ္ေရာဂါ ပ်ံ႕ႏွံ႔ကူးစက္မႈ ျမင့္တက္ေနတဲ့ထဲ ဟန္ေဂရီႏုိင္ငံမွာေတာ့ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ေၾကာင့္ ေသဆံုးသူအေရအတြက္ အျမင့္ဆံုးျဖစ္ခဲပါတယ္။

ေသာၾကာေန႔က ေသဆံုးသူ ၆၅ ေယာက္ထိ ရွိခဲ့ၿပီးေတာ့ စုစုေပါင္းေသဆံုးသူ ၁,၆၉၉ ရွိသြားပါၿပီ။ ေရာဂါပိုး ကူးစက္ခံရသူကေတာ့ ၇၁,၄၁၃ ေယာက္ရွိပါတယ္။

Your browser doesn’t support HTML5

ဥေရာပမွာ ကိုဗစ္ကူးစက္သူ ၁၀ သန္းရွိသြားၿပီ

[Unicode Version]

ဥရောပမှာ ကိုဗစ်ကူးစက်သူ ၁၀ သန်းရှိသွားပြီ

ဥရောပတိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁.၅ သန်းအထိ စံချိန်တက်ခဲ့တာကြောင့် ကမ္ဘာတဝန်းကူးစက်ခံရသူပေါင်း ၄၄ သန်းအနက် ဥရောပတိုက်မှာ ၁၀ သန်း ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

နွေဦးကတည်းက ဆေးရုံတက်ရသူဦးရေ မြင့်တက်လာနေပေမယ့် ရေတွက်လို့မရခဲ့ကြောင်းနဲ့ သေဆုံးသူဦးရေ ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း WHO ဥရောပ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ဟန်စ်ကလပ်ဂ် က ပြောပါတယ်။ ဥရောပဟာ ကပ်ရောဂါရဲ့ ဗဟိုချက်မဖြစ်လာနေတယ်လို့လည်း ဥရောပကျန်းမာရေးဝန်ကြီးတွေကို သူက ပြောပါတယ်။ ပိုးရှိမရှိ စစ်ဆေးတဲ့စနစ်တွေဟာ အကြီးအကျယ် ကူးစက်ပျံ့နှံ့နေတဲ့အဆင့်ကို အမှီမလိုက်နိုင်ခဲ့ကြောင်း သူက ပြောပါတယ်။

SEE ALSO: Marshall Islands မွာ ကိုဗစ္ကူးစက္သူႏွစ္ဦး ပထမဆံုးအႀကိမ္ေတြ႔ရွိ

ဥရောပနိုင်ငံအများစုမှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်ထဲက ရောဂါပိုးကူးစက်ထားတယ်လို့ အတည်ပြုနိုင်သူ အရေအတွက် ၅ ရာခိုင်နှုန်း ကျော်လာတာကြောင့် စစ်ဆေးမှုတွေထဲကနေ ပိုးတွေ့သူအရေအတွက်ဟာ အရင်ကထက် ပိုပြီးများလာတယ်လို့လည်း ဒေါက်တာကလပ်ဂ်က ပြောပါတယ်။

ဥရောပတိုက်တဝန်း ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်မှု မြင့်တက်နေတဲ့ထဲ ဟန်ဂေရီနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် အမြင့်ဆုံးဖြစ်ခဲပါတယ်။

သောကြာနေ့က သေဆုံးသူ ၆၅ ယောက်ထိ ရှိခဲ့ပြီးတော့ စုစုပေါင်းသေဆုံးသူ ၁,၆၉၉ ရှိသွားပါပြီ။ ရောဂါပိုး ကူးစက်ခံရသူကတော့ ၇၁,၄၁၃ ယောက်ရှိပါတယ်။