ဗူးသွတ်အစားအစာ အန္တရာယ်

အသင့်လွယ်လွယ်ကူကူစားသုံးနိုင်ဖို့ရောင်းချတဲ့ အစားအသောက်တွေကို ထည့်ပေးတဲ့ဗူးတွေမှာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတ်တွေပါဝင်နေတယ်လို့ လေ့လာမှုတခုက ပြောခဲ့ပါတယ်။

ဆိုင်ခွဲအများအပြားရှိပြီး အသင့်စားအစားအသောက်တွေကို ရောင်းတဲ့ ဆိုင်ကြီးတွေမှာ သံုံးတတ်ကြတဲ့ ဆီမပေါက်တဲ့ ဗူးတွေမှာ ဖလိုရင်းပါဝင်နေတဲ့ဓါတုပစ္စည်းတွေကို သုံးပြီးလုပ်ထားတဲ့အတွက် အစားအသောက်တွေထဲဝင်သွားနိုင်တယ်လို့ Silent Spring Institute က သုတေသီတွေက သူတို့ရဲ့တွေ့ရှိမှုကို journal Environmental Science & Technology Letters သိပ္ပံစာစောင်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

အမေရိကန်က အသင့်စားဆိုင်တွေမှာသုံးတဲ့ ဗူးတွေထဲမှာ ဖလိုရင်းဓါတုပစ္စည်းတွေပါဝင်မှုနဲ့ပါတ်သက်လို့ အပြည့်စုံဆုံးလို့ဆိုတဲ့ အဲဒီလေ့လာမှုအတွင်း သုတေသီတွေက အစားအသောက်ဆိုင်ကြီးပေါင်း ၂၇ ခုက အစားအသောက်ထည့်ပေးတဲ့ ဗူးပေါင်း ၄၀၀ ကိုစစ်ဆေးခဲ့ပါတယ်။

PFC လို့လည်းခေါ်တဲ့ PFAS ဓါတုပစ္စည်းတွေပါ မပါဆိုတာကို လေ့လာခဲ့ကြတာပါ။ ကျန်းမာရေးပြဿနာ တော်တော်များများမှာ အဲဒီဓါတုပစ္စည်းတွေနဲ့ ဆက်နွယ်နေတာကြောင့် လူတွေစားသောက်တဲ့ အစားအစာတွေထဲဝင်နိုင်ရင် စိုးရိမ်စရာဖြစ်တယ်လို့ လေ့လာချက်စာတမ်းရေးသူ ဓါတုဗေဒပညာရှင်က ပြောပါတယ်။

တချို့ PFAS ဓါတုပစ္စည်းတွေနဲ့ ထိတေ့ွမိသူတွေမှာ ကင်ဆာ၊ thyroid အကြိတ်ရောဂါတွေဖြစ်နိုင်လို၊ ကိုယ်ခံအားကျစေတယ်။ မွေးဖွားတဲ့ကလေး ကိုယ်အလေးချိန် လျော့နည်းစေတယ်။ မျိုးပွားနိုင်စွမ်းကို ကျဆင်းစေပါတယ်။ ကလေးတွေဆိုရင်တော့ ကျမ်းမာရေးအန္တရာယ်ပို များစေနိုင်ပါတယ်။

ချိုးမကပ်အောင် လုပ်ထားတဲ့ပစ္စည်းတွေ၊ အစွန်းအထင်းမဖြစ်အောင်နဲ့ ရေစိုခံနိုင်အောင်လုပ်ထားတဲ့ ပစ္စည်းတွေအပါအဝင် ကော်ဇောတွေ၊ မီးဖိုချောင်သုံးအိုးခွက်တွေ၊ အိမ်ပြင်ဝတ်အဝတ်အစားတွေနဲ့ အစားအသောက်ထည့်တဲ့ ဗူးတွေမှာ PFC နဲ့ PFAS ဓါတုပစ္စည်းတွေကို တခါတရံ တွေ့ရတတ်ပါတယ်။

Your browser doesn’t support HTML5

ဗူးသွတ်အစားအစာ အန္တရာယ်