ဖမ်းထားသူတွေလွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet။ (စက်တင်ဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး ဒါဇင်နဲ့ ချီတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် အလွန်စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ပြောလိုက်ပါတယ်။

ရွေးကောက်ခံလွှတ်တော် အမတ်တွေအပါအဝင် လူ ၄၅ ဦးထက်မနည်း ထိန်းသိမ်းခံထားရတဲ့အပေါ် အလွန်အမင်းစိုးရိမ်သလို ဖမ်းဆီးထားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သူ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

SEE ALSO: အာဏာသိမ်းထောက်ခံဆန္ဒပြပွဲ သတင်းယူသူ သတင်းသမားနှစ်ဦး ရိုက်နှက်ခံရ

သတင်းထောက်တွေကို နှောင့်ယှက်တာ၊ ကိုယ်ထိလက်ရောက်တိုက်ခိုက်တာအပြင် အင်တာနက်နဲ့ လူမှုကွန်ယက်တွေကို ကန့်သတ်ထားတယ်ဆိုတဲ့ စိတ်မကောင်းစရာသတင်းတွေလည်း ကြားသိနေရတယ်လို့ ဆိုထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် စိုးရိမ်စရာကောင်းလှတဲ့ခုလိုကာလမျိုးမှာ မြန်မာနိုင်ငံတွင်း သတင်းရပိုင်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေ ကန့်သတ်ခံလိုက်ရတာမျိုးဖြစ်လာလိမ့်မယ်လို့လည်း မဟာမင်းကြီး Bachelet က သတိပေးထားပါတယ်။

မြန်မာနိုင်ငံအခြေအနေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အင်္ဂါနေ့ ဆွေးနွေးဖို့ရှိနေပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ရှင်းလင်းတင်ပြဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းယူမှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများကလည်း ပြင်းပြင်းထန်ထန်ဝေဖန်မှု ရှိနေပါတယ်။

Your browser doesn’t support HTML5

ဖမ်းထားသူတွေလွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း

[Unicode Version]




SEE ALSO: ပြည်ထောင်စု ဝန်ကြီးသစ်တွေ စစ်အစိုးရ ခန့်အပ်

