အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ ၁၀ သန်းကျော်ပြီ

အိန္ဒိယနိုင်ငံ Hyderabad မြို့မှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့မြင်ကွင်း။ (အောက်တိုဘာ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း သိသိသာသာ ကျဆင်းလာပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းက စနေနေ့မှာ ၁၀ သန်းကျော်သွားပြီး ကမ္ဘာမှာ ဒုတိယမြောက် ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

၂၄ နာရီအတွင်း ကူးစက်ခံရမှု ၂၅,၀၀၀ ကျော် တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပြီး သေဆုံးသူ စုစုပေါင်း ၁၄၅,၁၃၆ ဦးထိ ရှိသွားပါပြီ။

“လူတွေက မကြောက်ကြသလို နှာခေါင်စည်းလည်း မဝတ်၊ နောက် တကိုယ်ရေ သန့်ရှင်းရေးလည်း ကောင်းကောင်းမလုပ်ကြလို့ ကူးစက်မှု များနေတာပါ” လို့ ဒေလီဒေသခံ ပြောသွားတာပါ။

SEE ALSO: အာရှတလွှား ကိုဗစ်ကူးစက်မှုများ

နောက်နှစ်ထဲမှာ ကိုဗစ်ကာကွယ်ဆေး စပြီးထိုးနှံဖို့ အစိုးရက ပြင်ဆင်နေချိန်မှာပဲ ကူးစက်သူအရေအတွက် ၁၀ သန်းထိ ရောက်ရှိလာတာပါ။

လာမယ့်နှစ်အတွင်း အိန္ဒိယလူဦးရေ သန်း ၃၀၀ လောက်ကို COVID-19 ကာကွယ်ဆေး စထိုးပေးဖို့ အစိုးရက ရည်ရွယ်ထားပြီး ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ ၁၀ သန်းကျော်ပြီ

---------------------

(Unicode)

အိန်ဒိယမှာ ကိုဗဈကူးစကျသူ ၁၀ သနျးကြောျပွီ




SEE ALSO: ကပ်ရောဂါကန့်သတ်ချက်များ ကမ္ဘာတဝန်း တိုးမြှင့်ချမှတ်

