အိန္ဒိယ ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာ

အိန္ဒိယနိုင်ငံ New Delhi မြို့မှာ ကိုဗစ်ရောဂါပိုး စစ်ဆေးနေတဲ့ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)

[Zawgyi/Unicode]

အိန္ဒိယနိုင်ငံမှာ တစ်နေ့တည်း ကိုဗစ်ကူးစက်မှုစံချိန်ချိုး အများဆုံးဖြစ်သွားပြီးတော့ ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နောက်ဒုတိယနေရာကို ရောက်ရှိသွားပါတယ်။ တနင်္လာနေ့ကတစ်နေ့တည်း ကူးစက်မှု ၁၇၀,၀၀၀ နီးပါးရှိလို့ စုစုပေါင်းကူးစက်သူဦးရေ ၁၃ သန်းခွဲကျော်သွားပြီဖြစ်ပြီးတော့ အရင်ဒုတိယနေရာမှာရှိတဲ့ ဘရာဇီးလ်ကို ကူးစက်သူဦးရေ ၁၀,၀၀၀ ကျော်သွားတယ်လို့ ကိုဗစ်ကူးစက်မှုကို စောင့်ကြည့်မှတ်တမ်းယူနေတဲ့ John Hopkins ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းအချက်အလက် သုတေသနဌာနက ပြောပါတယ်။

အိန္ဒိယမှာ တစ်နှစ်တာအတွင်း အညစ်အကြေးသန့်စင်မှုလို့ ဘာသာရေးအရ ယူဆထားတဲ့ ဂင်္ဂါမြစ်မြို့အပါအဝင် မြစ်ကြီးလေးစင်းမှာ လူသန်းပေါင်းများစွာ ရေချိုးဆင်းကြတဲ့ ကွန်မေလာ ပွဲတော်ရယ်၊ အိန္ဒိယတချို့ပြည်နယ်တွေမှာ ကာကွယ်ဆေး လိုအပ်နေတာရယ်၊ တိုက်ဆိုင်ပြီးတော့ အဲဒီလို ကိုဗစ်ကူးစက်မှု တစ်ရက်တည်း အမြင့်ဆုံးအဖြစ်ကို ရောက်သွားရတာပါ။ ကိုဗစ်ကြောင့်သေဆုံးမှု အရေအတွက်မှာတော့ အိန္ဒိယက သေဆုံးသူစုစုပေါင်း ၁၇၀,၀၀၀ ကျော်ပြီးတော့ တနင်္လာနေ့ကလူပေါင်း ၉၀၄ သေဆုံးခဲ့ပါတယ်။

SEE ALSO: ကမ္ဘာပေါ် ကိုဗစ်ကူးစက်မှု ၇ ပတ် ဆက်တိုက်တိုး (WHO)

အမေရိကန်ပြည်ထောင်စုကတော့ ကွန်ဗစ်ကူးစက်မှုရှေ့ဆုံးကရှိနေပြီး သေဆုံးသူပေါင်း ၅၅၀,၀၀၀ ကျော်၊ ဘရာဇီးလ်က စုစုပေါင်း ၃၅၀,၀၀၀ ကျော်နဲ့ ဒုတိယ၊ မက္ကဆီကိုက သေဆုံးသူပေါင်း ၂၀၀,၀၀၀ ကျော်နဲ့ အိန္ဒိယရှေ့မှာ ရှိပါတယ်။ ဒီနှစ်အစပိုင်းမှာ သီတင်းခြောက်ပတ် ကိုဗစ်ကူးစက်မှု ကျဆင်းနေပြီးတော့မှ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ သီတင်း ခုနစ်ပတ်ဆက်တိုက် ကိုဗစ်ကူးစက်မှု ပြန်မြင့်၊ သီတင်းလေးပတ်ဆက်တိုက် ကိုဗစ်ကြောင့် သေဆုံးသူပြန်မြင့်ရတာဟာ ဒီနိုင်ငံက ကျန်းမာရေးစနစ်နည်းတာတွေက ပုံစံသမတ်တည်း မဟုတ်ဘဲ ကျန်းမာရေးစနစ်တွေတဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းမရှိတာ၊ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကျေနပ်နေတာတွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲက ဝေဖန်သွားပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာ

[Unicode Version]

အိန်ဒိယ ကမ်ဘာမှာ ကိုဗဈကူးစကျမှု ဒုတိယအမြားဆုံးနိုငျငံဖွဈလာ



SEE ALSO: အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ တရက်အတွင်း စံချိန်ချိုး
