မဏိပူပဋိပက္ခ မြန်မာမတည်ငြိမ်မှုကြောင့် ပေါ်ပေါက် (အိန္ဒိယပြည်ထဲရေးဝန်ကြီး)

မဏိပူရ-မြန်မာနယ်စပ် လူမျိုးရေးအဓိကရုဏ်း (မေ ၃၊ ၂၀၂၃)

မြန်မာနဲ့နယ်စပ် အိန္ဒိယအရှေ့မြောက်ပိုင်းက မဏိပူပြည်နယ်တွင်းက မျိုးနွယ်စု ပဋိပက္ခတွေဟာ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့်ဆိုပြီး အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ဗုဒ္ဓဟူးနေ့မှာ အပြစ်တင်ပြောဆိုလိုက်ပြီး မဏိပူပြည်နယ်တွင်း အငြင်းပွားမှုတွေကို ဆွေးနွေးဖြေရှင်းကြဖို့လည်း နှစ်ဘက်လုံးကို တိုက်တွန်းလိုက်ပါတယ်။

ကူကီမျိုးနွယ်စုဝင် ထောင်နဲ့ချီပြီး မဏိပူထဲကို ရွှေ့ပြောင်းခဲ့ကြပြီးနောက်မှာ သူတို့မိသားစုတွေပါ ဒီမှာ အခြေချခဲ့ကြတာပါ။ မဏိပူပြည်နယ်တွင်းက သစ်တောဧရိယာတွေမှာ စတင် အခြေချခဲ့ကြပြီး ဒါကြောင့်လည်း မဏိပူရဲ့ တခြားသော ဒေသတွေကလူတွေကြားမှာ လူမျိုးစုအချိုးအစား ပြောင်းလဲသွားမလားဆိုတာကို တွေးတောလာပြီး စိတ်ချလုံခြုံမှုမရှိ ဖြစ်လာစေတယ်လို့ ဝန်ကြီး Shah က လွှတ်တော်မှာ ပြောခဲ့တာဖြစ်ပါတယ်။

မဏိပူ ပြည်နယ်တွင်း မေလကစလို့ ဖြစ်ခဲ့တဲ့ပဋိပက္ခတွေအတွင်း လူပေါင်း ၁၈၀ သေဆုံးခဲ့ရပြီး လူပေါင်းရာချီ ထိခိုက်ဒဏ်ရာရသလို လူပေါင်းသောင်းချီ အိုးအိမ်မဲ့ ဖြစ်ရပါတယ်။ မဏိပူပြည်နယ်တွင်း ပဋိပက္ခဖြစ်နေကြတဲ့လူများစု Meiteis- ကသဲ လူမျိုးစုနဲ့ ကူကီးတွေကြားမှာလည်း စာပွဲဝိုင်းထိုင်တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းကြဖို့လည်း ဝန်ကြီး Shah က တိုက်တွန်းပါတယ်။ စီးပွားရေးအကျိုးအမြတ်၊ နောက် အစိုးရအလုပ်အကိုင်နဲ့ ပညာရေးခွဲတမ်းရပြီး တောင်ပေါ်မှာနေထိုင်ကြတဲ့ ကူကီးလူမျိုးတွေနဲ့ စည်ပင်ဖွံ့ဖြိုးတဲ့ မြေပြန့်ဒေသအများအပြားကို ထိန်းချုပ်ထားတဲ့ Meitei - ကသည်းလူမျိုးတွေကြား မေလ ၃ ရက်နေ့က အဓိကရုဏ်းဖြစ်ပြီး မကျေမလည် ဖြစ်နေကြတာပါ။

Your browser doesn’t support HTML5

မဏိပူပဋိပက္ခ မြန်မာမတည်ငြိမ်မှုကြောင့် ပေါ်ပေါက် (အိန္ဒိယပြည်ထဲရေးဝန်ကြီး)