အမေရိကန်နာကျင်အောင် တုံ့ပြန်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးပြော

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု “နာကျင်ခံစားစေရမယ့်” တုံ့ပြန်မှုမျိုး လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ အီရန်ပါလီမန်ကလည်း အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကို အကြမ်းဖက်ဝါဒီအဖြစ် သတ်မှတ်တဲ့ ဥပဒေ မူကြမ်းတခုကို အတည်ပြုလိုက်ပါတယ်။

အမေရိကန်နဲ့ အီရန်အကြား စစ်ဖြစ်လုနီးပါး တင်းမာနေတဲ့ အခြေအနေအောက်မှာ အီရန်နိုင်ငံဘက်က နောက်ဆုံး ပြောဆိုလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ AP သတင်းလွှာတွေကို စုစည်းပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အီရန်ထိပ်တန်းတပ်မှူးကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့အပေါ် “အဆုံးစွန် နာကျင်ခံစား” စေရမယ့် အချိန်အခါနဲ့ နေရာမျိုးမှာ အီရန်ဘက်က အမေရိကန်ကို လက်တုံ့ပြန်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကပြောပါတယ်။

အိုမန်နိုင်ငံခြားရေးဝန်ကြီး Yusuf bin Alawi နဲ့ အာဖဂန်သမ္မတဟောင်း Hamid Karzai တို့အပါအဝင် ဒေသတွင်းက ပညာရှင် တွေနဲ့ နိုင်ငံရေးသမားတွေတက်ရောက်တဲ့ ‘တီဟီရန် ဆွေးနွေးပွဲဖိုရမ် - ၂၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပါရှန်းပင်လယ်ကွေ့ ညီလာခံ’ မှာ ဝန်ကြီး Zarif က အဲဒီလိုပြောသွားတာပါ။

“အမေရိကန်ပြည်ထောင်စုရဲ့ သိပ်ကိုဆိုးရွားတဲ့ လုပ်ရပ်အတွက် အဆုံးစွန်ဆုံး နာကျင်ခံစားရစေမယ့် အချိန်အခါနဲ့ နေရာမျိုးမှာ ခိုင်မာတဲ့ သေချာပေါက်တုံ့ပြန်မှုကို ကြုံတွေ့ရမှာဖြစ်ပါတယ်။”

Soleimani ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီးတဲ့နောက် ဒေသတွင်းမှာ အမေရိကန်ရဲ့တည်ရှိမှု အဆုံးသတ်ဖို့ အစပျိုးပြီဖြစ်တယ်လို့ လည်း ဝန်ကြီး Zarif ကပြောပါတယ်။

ကုလသမဂ္ဂမှာကျင်းပမယ့် အစည်းအဝေးတွေ တက်ရောက်ဖို့ သူ နယူးယောက်ကို သွားဖို့ရှိတာမှာ အမေရိကန်က သူ့ကို ပြည်ဝင် ခွင့်ဗီဇာ ထုတ်မပေးဘူးလို့လည်း အင်္ဂါနေ့မှာပဲ ဝန်ကြီး Zarif ကပြောပါတယ်။

“အဲဒီကို တယောက်ယောက်သွားပြီး အမေရိကန်လူထုကို အမှန်အတိုင်းပြောဆိုမှာ သူတို့ကြောက်လန့်တာကြောင့် ပါ။ ဒါပေမယ့် သူတို့ သိပ်လွဲပါတယ်။ နယူးယောက်က ကမ္ဘာကြီး မဟုတ်ပါဘူး။ တီဟီရန်ကနေလည်း အမေရိကန်လူထုကို ပြောဆိုလို့ရတာကြောင့် အဲဒီအတိုင်း ကျနော်တို့လုပ်မှာပါ။”

ကုလသမဂ္ဂဌာနချုပ် တည်ရှိတဲ့နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ကုလသမဂ္ဂလိုနေရာက အစည်းအဝေးတွေကို ပြည်ပတာဝန်ရှိသူ တွေတက်ရောက်ဖို့ ခွင့်ပြုရမှာပါ။

ဒီအတောအတွင်းမှာပဲ ပန်တဂွန်စစ်ဌာနချုပ်နဲ့ ပန်တဂွန်ကိုယ်စားပြု လုပ်ကိုင်နေသူတွေကို အကြမ်းဖက်ဝါဒီတွေအဖြစ် သတ်မှတ် တဲ့ အရေးပေါ် ဥပဒေမူကြမ်းတခုကို အီရန်ပါလီမန်က အင်္ဂါနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ပန်တဂွန်စစ်ဌာနချုပ် အပါ အဝင် ဆက်စပ်ပတ်သက်သူအားလုံးကို အီရန်က ဒဏ်ခတ်အရေးယူနိုင်တော့မှာဖြစ်ပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ Ali Larijani က လွှတ်တော်တွင်း အခုလိုပြောသွားပါတယ်။

“ဗိုလ်ချုပ် Qasem Soleimani ကိုလုပ်ကြံတဲ့ ရာဇဝတ်မှုအတွက် အမိန့်ပေးသူတွေနဲ့ ကျူးလွန်သူတွေ၊ ပန်တဂွန် စစ်ဌာနချုပ်၊ သူတို့စစ်ဘက်နဲ့ ဆက်စပ်ပတ်သက်သူတွေကို အကြမ်းဖက်ဝါဒီတွေအဖြစ် သတ်မှတ်ပါတယ်။”

အီရန်လွှတ်တော်အမတ်တွေက “အမေရိကန် ကျဆုံးပါစေ” “မညှိနှိုင်းဘူး ၊ လက်နက်မချဘူး၊ လက်စားချေ၊ လက်စားချေ” ဆိုတဲ့ ကြွေးကျော်သံတွေကို အော်ဟစ်ကျပါတယ်။

အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်ဝါဒီအဖွဲ့တဖွဲ့အဖြစ် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြီးခဲ့တဲ့ဧပြီလမှာ သတ်မှတ်ခဲ့တဲ့အပေါ် အီရန်လွှတ်တော်က အလားတူ တုံ့ပြန်လုပ်ဆောင်ပုံရပါတယ်။

ဗိုလ်ချုပ် Soleimani သေဆုံးမှုအပေါ် လက်တုံ့ပြန်မယ်လို့ အီရန်တာဝန်ရှိသူတွေ ခြိမ်းခြောက် ပြောဆိုထားတာနဲ့အမျှ အခု ဥပဒေ မူကြမ်းကို ဥပဒေအဖြစ် အလျင်အမြန်အတည်ပြုနိုင်ဖို့ အီရန်လွှတ်တော်က အထူးလုပ်ထုံးလုပ်နည်းတခုနဲ့ ချမှတ်လိုက်တာပါ။

အီရန်လွှတ်တော်ရဲ့ အခုဆုံးဖြတ်ချက်ထဲမှာ ဗိုလ်ချုပ် Soleimani ဦးဆောင်ခဲ့တဲ့ Quds အထူးတပ်ဖွဲ့အတွက် ရန်ပုံငွေ ဒေါ်လာ ၂၂၄ သန်း ထပ်ပေးဖို့လည်း ပါဝင်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်နာကျင်အောင် တုံ့ပြန်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးပြော


............................


( Unicode)










အီရနျလှှတျတောျဥက်ကဋ်ဌ Ali Larijani က လှှတျတောျတှငျး အခုလိုပွောသှားပါတယျ။




