လက်ဘနွန်နိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှု လူ ၃၅၆ ဦး ထက်မနည်းသေဆုံး

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်က Tay Harfa ရွာမှာ မီးလောင်ပေါက်ကွဲနေပုံ။ (စက်တင်ဘာ ၂၃၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံတွင်း ဟက်စ်ဘိုလာစစ်သွေးကြွတွေကို အစ္စရေးက စစ်ဆင်ရာမှာ တနင်္လာနေ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၇၀ ထက်မနည်းသေဆုံးပြီး တထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပစ်မှတ် ၈၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းက နေရာအတော်များများ ကြီးကြီးမားမားတိုက်ခိုက်ခံခဲ့ရတယ်လို့ လက်ဘနွန်နိုင်ငံပိုင်သတင်းတွေမှာလည်း ကြေညာသွားပါတယ်။ သေဆုံးတဲ့အထဲ ကလေးငယ် ၂၁ ဦးနဲ့ အမျိုးသမီး ၃၉ ဦးပါဝင်တယ်လို့ လက်ဘနွန်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ လက်ဘနွန်အရှေ့ခြမ်း Bekka တောင်ကြားမှာရှိတဲ့ ဒေသခံတွေအနေနဲ့ ဟက်ဇဘိုလက်နက်တိုက်တွေကနေ ဝေးဝေးနေကြဖို့ အစ္စရေးစစ်တပ်က သတိပေးပါတယ်။

အစ္စရေးပိုင်နက်ကို လက်ဦးမှုယူတိုက်ခိုက်တာမျိုးမလုပ်နိုင်ဖို့အတွက် ဟက်စ်ဘိုလာတို့ ပြင်ဆင်ဆောင်ရွက်မှုတွေကို စောင့်ကြည့်သွားမယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။ လက်ဘနွန်တောင်ပိုင်းမှာတော့ ထောင်နဲ့ချီတဲ့ ဒေသတွေ ထွက်ပြေးကြရတာမို့၊ ဘေရွတ်မြို့အသွား အဝေးပြေးလမ်းမကြီးမှာ ပြည့်ကြပ်နေပါတယ်။ ဟက်ဇ်ဘိုလာတို့ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်နက်တွေကို အရပ်သားနေရာတွေမှာ သိုလှောင်ထားတယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။ ဟက်ဇဘိုလာတို့ရှိနေတဲ့နေရာနဲ့ ဝေးဝေးနေကြဖို့ လက်ဘနွန်နိုင်ငံသားတွေကို အစ္စရေးက သတိပေးနေပါတယ်။

Your browser doesn’t support HTML5

လက်ဘနွန်နိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှု လူ ၃၅၆ ဦး ထက်မနည်းသေဆုံး