ကုမ္ပဏီပိုင်ဆိုင်မှု ထိန်းချုပ်ထားမှု Nippon Steel အယူခံဝင်မည်

ဂျပန်ကုမ္ပဏီ Nippon Steel & Sumitomo Metal

[Zawgyi/Unicode]

ကိုးရီးယားကျွန်းဆွယ်မှာ ၁၉၁၀ နဲ့ ၁၉၄၅ ခုနှစ်ကြား ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ဂျပန်တို့ရဲ့ အတင်းအကြပ် လုပ်အားခိုင်းစေခံခဲ့ရသူ တောင်ကိုရီးယားလူမျိုး လေး ဦးကို လျော်ကြေးပေးနိုင်ရေး ဂျပန်ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့ တောင်ကိုရီးယားအမြင့်ဆုံးတရားရုံးရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ဂျပန်နိုင်ငံ Nippon Steel ကုမ္ပဏီကပြောပါတယ်။

ဂျပန်ကုမ္ပဏီ Nippon Steel & Sumitomo Metal

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စက်ရုံတွေမှာ အလုပ်ခိုင်းခံခဲ့ရတဲ့ တောင်ကိုရီးယားလူမျိုး လေးဦးကို ဒေါ်လာ ၃၈,၀၀၀ လျော်ကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးက ၂၀၁၈ ခုနှစ်မှာ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ခုတရားရုံးဆုံးဖြတ်ချက်မှာ ဂျပန် Nippon Steel & Sumitomo Metal နဲ့ တောင်ကိုရီးယား စတီးထုတ်လုပ်ရေး POSCO ကုမ္ပဏီပူးတွဲပိုင် အစုရှယ်ယာပေါင်း ၈၀,၀၀၀ ကျော်ကို ထိန်းချုပ်ထားဖို့ အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်အပေါ် ဂျပန်နိုင်ငံက စိတ်ဆိုးဒေါသထွက်နေပြီး အတင်းအကြပ်အလုပ်ခိုင်းစေခံခဲ့ရတဲ့ အဲဒီအလုပ်သမားတွေကို လျော်ကြေးပေးဖို့ ၁၉၆၄ ခုနှစ် နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်နဲ့ ဖြေရှင်းခဲ့ပြီးပြီလို့ ပြောပါတယ်။

SEE ALSO: တိုကျိုမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေဆဲ

နှစ်နိုင်ငံဆက်ဆံရေးပြေလည်စေခဲ့တဲ့ အဲဒီစာချုပ်ပါသဘောတူညီချက်ထဲမှာတော့ ဂျပန်ဘက်က စစ်လျော်ကြေးငွေအဖြစ် ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိတဲ့ စီးပွါးရေးအကူအညီတွေနဲ့ ချေးငွေတွေကို တောင်ကိုရီးယားကို ပေးအပ်ဖို့ သဘောတူညီခဲ့ကြတာပါ။

တရားရုံးဆုံးဖြတ်ချက်ကြောင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက တောင်ကိုရီးယားနိုင်ငံကို ကုန်သွယ်ရေးဦးစားပေးနိုင်ငံစာရင်းက ပယ်ဖျက်လိုက်သလို တောင်ကိုရီးယားကလည်း အလားတူ တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ ဂျပန်ရဲ့ ၃၅ နှစ်ကြာ ကျူးကျော်သိမ်းပိုက်မှုတွေမှာ တောင်ကိုရီးယားအမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အတင်းအကြပ်ခိုင်းစေခဲ့တဲ့ လုပ်ရပ် အပါအဝင် အခြားရက်စက်ကြမ်းကြုတ်မှု ပေါင်းစုံကြောင့် ဂျပန်အပေါ် တောင်ကိုရီးယားနိုင်သားတွေ မကျေမနပ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကုမ္ပဏီပိုင်ဆိုင်မှု ထိန်းချုပ်ထားမှု Nippon Steel အယူခံဝင်မည်

[Unicode Version]




SEE ALSO: ဂျပန်ရောက် မြန်မာနွယ်ဖွားတွေကြား ကိုဗစ်ကာလ အပြန်အလှန် ကူညီနေကြ

