(Zawgyi / Unicode)
Wisconsin ျပည္နယ္မွာ အေမရိကန္သမၼတ ေရြးေကာက္ပြဲရလဒ္ေတြကို မေန႔ တနဂၤေႏြက ျပန္လည္ေရတြက္လို႔ အၿပီးမွာေတာ့ ေရြးေကာက္ခံသမၼတ Joe Biden က ၈၇ မဲ အပိုထပ္ေဆာင္း အနိုင္ရရွိသြားပါတယ္။ အေမရိကန္ အေနာက္အလယ္ပိုင္းေဒသက အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရတဲ့ အဲဒီျပည္နယ္မွာ မဲေပါင္း ၂၀,၀၀၀ ေက်ာ္ အသာစီးရေနတာကို ပိုၿပီး ခိုင္မာသြားေစခဲ့တာပါ။
Wisconsin ျပည္နယ္ထဲက ဒီမိုကရက္ပါတီ ေထာက္ခံသူေတြ လႊမ္းမိုးထားတဲ့ ေနရာေတြျဖစ္တဲ့ Milwaukee နဲ႔ Madison ၿမိဳ႕ႀကီးေတြမွာ Joe Biden ကို အႏုိင္ရမယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ မဲျပန္လည္ေရတြက္ဖို႔ သမၼတ Donald Trump ရဲ႕ မဲဆြယ္ေရးအဖြဲ႔က အေမရိကန္ေဒၚလာ ၃ သန္း သုံးစြဲခဲ့ပါတယ္။ အဲဒီျပည္နယ္က သမၼတေရြးခ်ယ္ေရး မဲေပါင္း ၁၀ မဲ ရွိတာပါ။
မဲျပန္လည္ေရတြက္အၿပီးမွာေတာ့ တရား႐ုံးမွာ ေရြးေကာက္ပြဲရလဒ္ေတြကို လက္မခံဘဲ ေလၽွာက္ထားတင္ျပထားတဲ့ ျပည္နယ္ေတြထဲ Wisconsin ျပည္နယ္က သမၼတ Trump အတြက္ အ႐ႈံးနဲ႔ရင္ဆိုင္ရတဲ့ ေနာက္ဆုံးျပည္နယ္တခု ျဖစ္လာခဲ့ပါတယ္။
SEE ALSO: ေဂ်ာ္ဂ်ီယာျပည္နယ္ မဲျပန္ေရတြက္မႈ Joe Biden ပဲ အႏုိင္ရေရြးေကာက္ပြဲရလဒ္ကို တရားဝင္ အတည္မျပဳရေသးတဲ့ အခုအခ်ိန္အထိ Joe Biden က သမၼတေရြးခ်ယ္ေရးအဖြဲ႔ရဲ႕ မဲေပါင္း ၃၀၆ မဲ - ၂၃၂ မဲနဲ႔ အသာစီးရေနတာ ျဖစ္ပါတယ္။ လူတဦးစီေပးအပ္တဲ့ မဲမွာလည္း Joe Biden က သမၼတ Trump ထက္ မဲေပါင္း ၆ သန္းေက်ာ္ အႏုိင္ရရွိထားပါတယ္။
သမၼတေရြးခ်ယ္ေရးအဖြဲ႔ရဲ႕ တရားဝင္ မဲေပးပြဲကိုေတာ့ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။
သမၼတေရြးခ်ယ္ေရးအဖြဲ႔မွာ Joe Biden အႏုိင္ရၿပီးရင္နဲ႔ လက္ရွိ သမၼတသက္တမ္း ကုန္ရင္ အိမ္ျဖဴေတာ္ကေန ထြက္ခြာမယ္လို႔ ၿပီးခဲ့တဲ့အပတ္က သမၼတ Trump က ေျပာထားပါတယ္။
အေရးပါတဲ့ ျပည္နယ္ေတြက ေရြးေကာက္ပြဲရလဒ္ေတြကို စိန္ေခၚတဲ့ တရား႐ုံးတင္ ေလၽွာက္ထားခ်က္ ၃၀ ေက်ာ္ ႐ႈံးနိမ့္ခဲ့ၿပီး ျဖစ္ေပမယ့္ ေရြးေကာက္ပြဲမွာ ႐ႈံးနိမ့္ေၾကာင္းကိုေတာ့ သမၼတ Trump က အခုအခ်ိန္အထိ မေျပာၾကားေသးပါဘူး။
Your browser doesn’t support HTML5
ကန္ သမၼတေရြးေကာက္ပြဲရလဒ္ ျပန္ေရတြက္တဲ့ Wisconsin မွာ Biden အႏုိင္ရ
-----------------------
(Unicode)
ကန် သမ္မတရွေးကောက်ပွဲရလဒ် ပြန်ရေတွက်တဲ့ Wisconsin မှာ Biden အနိုင်ရ
Wisconsin ပြည်နယ်မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်တွေကို မနေ့ တနင်္ဂနွေက ပြန်လည်ရေတွက်လို့ အပြီးမှာတော့ ရွေးကောက်ခံသမ္မတ Joe Biden က ၈၇ မဲ အပိုထပ်ဆောင်း အနိုင်ရရှိသွားပါတယ်။ အမေရိကန် အနောက်အလယ်ပိုင်းဒေသက အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ အဲဒီပြည်နယ်မှာ မဲပေါင်း ၂၀,၀၀၀ ကျော် အသာစီးရနေတာကို ပိုပြီး ခိုင်မာသွားစေခဲ့တာပါ။
Wisconsin ပြည်နယ်ထဲက ဒီမိုကရက်ပါတီ ထောက်ခံသူတွေ လွှမ်းမိုးထားတဲ့ နေရာတွေဖြစ်တဲ့ Milwaukee နဲ့ Madison မြို့ကြီးတွေမှာ Joe Biden ကို အနိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မဲပြန်လည်ရေတွက်ဖို့ သမ္မတ Donald Trump ရဲ့ မဲဆွယ်ရေးအဖွဲ့က အမေရိကန်ဒေါ်လာ ၃ သန်း သုံးစွဲခဲ့ပါတယ်။ အဲဒီပြည်နယ်က သမ္မတရွေးချယ်ရေး မဲပေါင်း ၁၀ မဲ ရှိတာပါ။
မဲပြန်လည်ရေတွက်အပြီးမှာတော့ တရားရုံးမှာ ရွေးကောက်ပွဲရလဒ်တွေကို လက်မခံဘဲ လျှောက်ထားတင်ပြထားတဲ့ ပြည်နယ်တွေထဲ Wisconsin ပြည်နယ်က သမ္မတ Trump အတွက် အရှုံးနဲ့ရင်ဆိုင်ရတဲ့ နောက်ဆုံးပြည်နယ်တခု ဖြစ်လာခဲ့ပါတယ်။
SEE ALSO: Pennsylvania မွာ မဲလိမ္မႈ႐ွိခဲ့ေၾကာင္း သမၼတ Trump ရဲ႕အယူခံ ပယ္ခ်ခံရရွေးကောက်ပွဲရလဒ်ကို တရားဝင် အတည်မပြုရသေးတဲ့ အခုအချိန်အထိ Joe Biden က သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ မဲပေါင်း ၃၀၆ မဲ - ၂၃၂ မဲနဲ့ အသာစီးရနေတာ ဖြစ်ပါတယ်။ လူတဦးစီပေးအပ်တဲ့ မဲမှာလည်း Joe Biden က သမ္မတ Trump ထက် မဲပေါင်း ၆ သန်းကျော် အနိုင်ရရှိထားပါတယ်။
သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ တရားဝင် မဲပေးပွဲကိုတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
သမ္မတရွေးချယ်ရေးအဖွဲ့မှာ Joe Biden အနိုင်ရပြီးရင်နဲ့ လက်ရှိ သမ္မတသက်တမ်း ကုန်ရင် အိမ်ဖြူတော်ကနေ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့အပတ်က သမ္မတ Trump က ပြောထားပါတယ်။
အရေးပါတဲ့ ပြည်နယ်တွေက ရွေးကောက်ပွဲရလဒ်တွေကို စိန်ခေါ်တဲ့ တရားရုံးတင် လျှောက်ထားချက် ၃၀ ကျော် ရှုံးနိမ့်ခဲ့ပြီး ဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်းကိုတော့ သမ္မတ Trump က အခုအချိန်အထိ မပြောကြားသေးပါဘူး။