ဇွန် ၂၁ ကမ္ဘာ့ဖလားပွဲစဉ် ရလဒ်

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အုပ်စုပွဲစဉ်တွေ ဒီကနေ့ ဆက်လက်ယှဉ်ပြိုင်ရာမှာ ပထမဆုံးပွဲစဉ်အဖြစ် ဒိန်းမတ်နဲ့ သြစတြေးလျအသင်းတို့ ကစားခဲ့ရာမှာတော့ တဂိုးစီ သရေကျခဲ့ပါတယ်။

ပထမပိုင်း ပွဲစပြီး ၇ မိနစ် အကြာမှာပဲ ဒိန်းမတ်အသင်းက Christian Eriksen က ပွဲဦးထွက်ဂိုးသွင်းခဲ့ပြီး၊ ၃၈ မိနစ်အကြာမှာ သြစတြေးလျအသင်းက ပင်နယ်တီ ကန်ခွင့်ရတဲ့အတွက် Mile Jedinak က ကန်သွင်းခဲ့ရမှာ ချေပဂိုးပြန်ရခဲ့ပါတယ်။

ဒိန်းမတ်အသင်းဟာ ပွဲဦးထွက် အုပ်စုပွဲစဉ်တွေမှာ ပီရူးအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ကစားပြီး အခုနောက်ဆုံး သြစတြေးလျနဲ့ သရေကစားခဲ့တဲ့အတွက် လတ်တလော အုပ်စု C မှာ ဦးဆောင်နေပါတယ်။

ပြင်သစ်အသင်းကို ပွဲဦးထွက်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတဲ့ သြစတြေးလျကတော့ တတိယနေရာမှာ ရှိနေပါတယ်။ သြစတြေးလျကို အနိုင်ရပြီး အုပ်စု C မှာ ပထမနေရာ ယူထားတဲ့ ပြင်သစ်အသင်းနဲ့ ပီရူးအသင်းတို့လည်း ဒီကနေ့ ကစားကြမှာပါ။

ဒီကနေ့ နောက်ဆုံးပွဲစဉ်မှာတော့ အုပ်စု D က အာဂျင်နီးနားနဲ့ ခရိုအေးရှား အသင်းတို့လည်း ကစားကြမှာပါ။ ခရိုအေးရှားကတော့ ပွဲဦးထွက် နိုင်ဂျီးရီးယားနဲ့ ကစားရာမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် နေရာယူထားပါတယ်။ အာဂျင်တီးနားကတော့ ပထမပွဲစဉ်မှာ အိုက်စ်လန်အသင်းကို ၁ ဂိုး- ၁ ဂိုး သရေကျခဲ့တဲ့အတွက် လတ်တလော အုပ်စု D မှာ ဒုတိယနေရာ ရထားပါတယ်။

Your browser doesn’t support HTML5

ဇွန် ၂၁ ကမ္ဘာ့ဖလားပွဲစဉ် ရလဒ်