(Zawgyi/Unicode)
အကျဉ်းထောင်တွေထဲမှာ အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ မဟုတ်ဘဲ အပြင်းအထန် ရိုက်နှက်မှုတွေ ရှိခဲ့တယ်ဆိုတာကို တရားရုံးမှာ မှတ်တမ်းတင်ထားနိုင်ပြီး ကာလတခုအလွန်မှာ ဒီမှတ်တမ်းတွေအရ အရေးယူလုပ်ဆောင်နိုင်ဖို့အတွက် တရားရုံးတွေမှာ တင်ပြခဲ့တာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။
အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြသူတွေကို ထောင်ဝန်ထမ်းတွေက ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့ပြီးတဲ့နောက် ကာယကံရှင်တွေရဲ့ သဘောတူညီချက်နဲ့ ရှေ့နေတွေက တရားရုံးတွေမှာ တင်ပြခဲ့ကြ တာပါ။ အကျိုးဆောင်ရှေ့နေတဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
...........................
(Unicode)