အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်

အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း

အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုနဲ့ အမေရိကန်နဲ့ သမိုင်းဝင် နျူကလီယား သဘောတူညီချက် ရေးဆွဲခဲ့သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကြာသပတေးနေ့က ကွယ်လွန်သွားပါပြီ။

သက်ကြီးရောဂါကြောင့် ဆေးကုသမှုခံနေရသူ ဝန်ကြီးချုပ်ဟောင်းဟာ ကြာသပတေးညနေက နေအိမ်မှာ ရုတ်တရက် သတိလစ်သွားခဲ့တာ ကြောင့် နယူးဒေလီက All India ဆေးသိပ္ပံမှာ လက်ခံကုသပေး ခဲ့ရတာ ဖြစ်ကြောင်း ဆေးရုံက ကြေညာချက် ထုတ်ပြန်ပါတယ်။ မန်မိုဟန်ဆင်းဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ် သလို တည်ကြည်ပြီး ဂုဏ်သိက္ခာရှိသူ အဖြစ်ထင်ရှားပါတယ်။

သူဟာ အလုပ်ကြံခံရတဲ့ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ ဇနီး ဆိုနီရာ ဂန္ဒီရဲ့ နေရာမှာ အစားထိုး တာဝန်ယူဖို့ ၂၀၀၄ ခုနှစ်မှာ ရွေးချယ်ခန့်အပ်တာ ခံခဲ့ရတာပါ။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ အထိ ဝန်ကြီးချုပ် ဒုတိယသက်တမ်း အရွေးချယ်ခံခဲ့ရတာ ဖြစ်ပြီး သူ့ဝန်ကြီးတွေရဲ့ လာဒ်စားမှုနဲ့ ငွေကြေး အရှုပ်တော်ပုံတွေကြောင့် ၂၀၁၄ ရွေးကောက်ပွဲမှာ နရိန်ဒရာ မိုဒီ ဦးဆောင်တဲ့ ဟိန္ဒူအစွန်းရောက် ဘဟာရတ်တီယာ ဂျနာတာပါတီ ကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဝန်ကြီးချုပ် ရာထူးကနေ အနားယူခဲ့တဲ့ နောက်ပိုင်း သူဟာ မထင်မရှား နေထိုင်သွားခဲ့သူ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်