မေရီလန်းပြည်နယ် သတင်းစာတိုက် ပစ်ခတ်မှု ၅ ဦးသေ

မေရီလန်းပြည်နယ် သတင်းစာတိုက် ပစ်ခတ်မှု

ကြာသပတေးနေ့က မေရီလန်းပြည်နယ်၊ Annapolis မြို့က သတင်းစာတိုက် ရုံးခန်းေတွမှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူ အနည်းဆုံး ၅ ဦးရှိနေပါတယ်။

ဒဏ်ရာရသူ တချို့ဟာ ဒဏ်ရာသိပ်ပြင်းထန်တယ်လို့ ရဲတွေက ပြောသလို ပစ်ခတ်မှုမှာ သံသယရှိသူကိုတော့ ဖမ်းမိထားပြီလို့ ပြောပါတယ်။

သေနတ်သမားဟာ ဒေသစံတော်ချိန် နေ့လည် ၃ နာရီအချိန် လောက်မှာ Capital Gazette သတင်းစာတိုက်ရဲ့ မှန်တံခါးကို ဖြတ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့သလို သတင်းခန်းမထဲမှာ ရှိနေတဲ့ ဝန်ထမ်းတွေကို ဆက်လက် ပစ်ခတ်ခဲ့တာ တွေ့ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဲဒီအချိန်က သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ သတင်းထောက် တဦးကတော့ သူဟာ သူ့ခုံအောက်ဝင်ပုန်းနေတုန်း တွစ်တာမှာ ရေးခဲ့ပြီး သေနတ်ပစ်ခတ်သံတွေတွေ သေနတ်မောင်းတင်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုမှာ သံသယရှိသူကို ရဲက စစ်ဆေးမေးမြန်နေကြောင်းနဲ့ သူဘာကြောင့် ခုလို လုပ်တယ်ဆိုတာ မသိရသေးကြောင်း ရဲကပြောပါတယ်။

သမ္မတ Trump ကတော့ Wisconsin ကနေ ဝါရှင်တန် အပြန် ဒီပစ်ခတ်မှု သတင်းကို ကြားရတာဖြစ်ပြီး သေဆုံး ဒဏ်ရာရသူတွေရဲ့ မိသားစု အတွက် ဆုတောင်းပေးနေကြောင်း တွစ်တာက ရေးပါတယ်။

မေရီလန်း အုပ်ချုပ်ရေးမှုး Larry Hogan ကလည်း မေရီလန်းမြို့တော်မှာ ဖြစ်ပွါးတဲ့ ကြေကွဲပွဲဖြစ်ရပ်အတွက် သူအထူး အံ့သြ တုန်လှုပ် ရကြောင်း တွစ်တာမှာ ရေးပါတယ်။

Your browser doesn’t support HTML5

မေရီလန်းပြည်နယ် သတင်းစာတိုက် ပစ်ခတ်မှု ၅ ဦးသေ