[Zawgyi/Unicode]
မြန်မာလူထုနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အမေရိကန်ပြည်ထောင်စုက ထောက်ခံတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အင်္ဂါနေ့က ပြောခဲ့ပါတယ်။
သံအမတ်ကြီး Thmoas-Greenfiled က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဗွီဒီယိုဆက်သွယ်ရေးကနေတဆင့် အဲဒီလိုပြောခဲ့တာပါ။
SEE ALSO: စစ်အာဏာသိမ်းမှု နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ အနေအထားကုလသမဂ္ဂ အထွေထွေညီလာခံမှာ လုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော အစည်းအဝေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတ္တိရှိရှိ၊ ငဲ့ညှာမှုအပြည့်နဲ့ ပြောဆိုခဲ့တာကိုလည်း သံအမတ်ကြီး Thomas-Greenfield က ချီးကျူးပြောဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သောကြာနေ့ကျရင်မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကျင်းပဖို့ ဗြိတိန်နိုင်ငံက ပန်ကြားထားတဲ့အကြောင်း သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့မှာ စတင် တာဝန်ယူမှာဖြစ်ပြီး နောက်တနေ့မှာ မြန်မာ့အရေးဆွေးနွေးဖို့ ဗြိတိန်က တင်ထားတာပါ။
ကုလသမဂ္ဂရဲ့ ဒီကနေ့လုပ်မယ့် နေ့စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် Christine Scharner Burgener က ပါဝင်ပြောဆိုဖို့ရှိပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
SEE ALSO: မြန်မာကိစ္စ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးဖို့ ဗြိတိန် ပန်ကြားကုလသမဂ်ဂ အထှထှေညေီလာခံမှာ လုပျခဲ့တဲ့ မွနျမာ့အရေး အလှတျသဘော အစညျးအဝေးပှဲအတှငျး သံအမတျကွီး ဦးကြောျမိုးထှနျးက သတ်တိရှိရှိ၊ ငဲ့ညှာမှုအပွည့ျနဲ့ ပွောဆိုခဲ့တာကိုလညျး သံအမတျကွီး Thomas-Greenfield က ခြီးကြူးပွောဆိုပါတယျ။