ဒုသမ္မတ Mike Pence ဒီမိုကရက်သမ္မတလောင်း Joe Biden အပေါ် ဝေဖန်ထိုးနှက်

အမေရိကန်ဒုသမ္မတ Mike Pence။ (သြဂုတ် ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း Joe Biden

အမေရိကန်နိုင်ငံတဝန်းမှာ လူမျိုးရေး မငြိမ်သက်မှုတွေ ဖြစ်နေချိန်မှာပဲ လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က ဂျိုးဘိုင်ဒန်သာ အနိုင်ရပြီး သမ္မတဖြစ်လာခဲ့ရင်၊ သူ့လက်ထက်မှာ အမေရိကန်ပြည်ထောင်စုဟာ ဘေးကင်းလုံခြုံမှုရှိမှာ မဟုတ်ဘူးလို့ အမေရိကန်ဒုသမ္မတ Mike Pence က မနေ့ ဗုဒ္ဓဟူးနေ့ည ရီပတ်ဘလီကန်ပါတီညီလာခံမှာ မဲဆန္ဒရှင်တွေကို ပြောလိုက်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ရဲတပ်ဖွဲ့ရဲ့ ရန်ပုံငွေကို လျှော့ချဖို့အတွက် လုပ်ချင်သူတွေနဲ့ တသဘောတည်း ရှိတဲ့သူဖြစ်တယ်ဆိုပြီး ဒုသမ္မတ Pence က အဲဒီလို ထိုးနှက်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

"ဂျိုးဘိုင်ဒန်က အမေရိကန်မှာ အခုချိန်ဟာ အမှောင်ကာလတခုမှာ နေထိုင်နေရတယ်လို့ ပြောပါတယ်။ သူ့က အဲဒီလိုမြင်နေတဲ့အချိန်မှာ ကျနော်တို့ကတော့ အမေရိကန်ရဲ့ ကြီးမြတ်မှုတွေကို မြင်နေရတယ်လို့ သမ္မတထရမ့်က ပြောပါတယ်။"ဆိုပြီး ဒု-သမ္မတ Mike Pence က ပြောပါတယ်။

SEE ALSO: COVID-19 ရောဂါ ကိုင်တွယ်ဖြေရှင်းမှု သမ္မတထရမ့်ပ် ကာကွယ်ပြောဆို

ရီပတ်ဘလီကန်ပါတီညီလာခံ သုံးရက်မြောက်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ လက်ရှိ ဒုသမ္မတ Mike Pence က Baltimore မြို့၊ McHenry ခံတပ်ဟောင်းရှိရာ အရပ်ကနေ ပါတီကိုယ်စားပြု ဒုသမ္မတလောင်းအဖြစ် တရားဝင်လက်ခံတဲ့ မိန့်ခွန်းပြောခဲ့တာပါ။

သမ္မတထရမ့်ပ်၊ ဒုသမ္မတ Mike Pence နဲ့ သူ့ကိုထောက်ခံသူတွေကတော့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း Joe Biden ဟာ ရဲတပ်ဖွဲ့ရဲ့ ရန်ပုံငွေကို ဖြတ်တောက်ချင်တဲ့သူဖြစ်တယ်လို့ ပုံဖော်ထိုးနှက်တိုက်ခိုက်ခဲ့ကြပြီး သူတို့ကတော့ ရဲတပ်ဖွဲ့အပါအဝင် တရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေကို အခိုင်အမာထောက်ခံပြီး အကြမ်းဖက်ဆန္ဒပြပွဲတွေကို ဆန့်ကျင်တဲ့သူတွေဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

Your browser doesn’t support HTML5

ဒုသမ္မတ Mike Pence ဒီမိုကရက်သမ္မတလောင်း Joe Biden အပေါ် ဝေဖန်ထိုးနှက်

[Unicode Version]

ဒုသမ္မတ Mike Pence ဒီမိုကရက်သမ္မတလောင်း Joe Biden အပေါ် ဝေဖန်ထိုးနှက်

အမေရိကန်ဒုသမ္မတ Mike Pence နဲ့ ဇနီး Karen Pence



SEE ALSO: Kamala Harris ကန်ဒီမိုကရက် ဒုသမ္မတလောင်းအဖြစ် တရားဝင်လက်ခံ

