ဒုသမ္မတ Mike Pence အာရှခရီးစတင်

ဒုသမ္မတ Mike Pence

အမေရိကန်ဒု-သမ္မတ Mike Pence ဟာ အာရှအရှေ့မြောက်ခရီးစဉ်ကို အခုသီတင်းပတ်မှာ စတင်မှာဖြစ်ပြီး၊ ဒီခရီးစဉ်အတွင်းမှာ သူဟာ အိုလံပစ်ပြိုင်ပွဲ ကနေ နိုင်ငံတကာကို ထိုးဖောက်လာတဲ့ မြောက်ကိုရီးယားရဲ့ သံတမန်ရေးထိုးစစ်ကို တန်ပြန်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒုသမ္မတဟာ ဒီနှစ်အတွင်း နိုင်ငံပေါင်း ဆယ်နိုင်ငံလောက်ကို သွားရောက်ဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က သူတို့လုပ်နေတာတွေကို ဖုံးကွယ်ဖို့အတွက် အိုလံပစ်ပွဲကို အသုံးချပြီး နိုင်ငံတကာကို ဝါဒဖြန့်ဖို့ လုပ်နေတာတွေကို အမေရိကန်ပြည်ထောင်စုက မလိုလားဘူးလို့ အမေရိကန်ဒု-သမ္မတ Mike Pence တနင်္လာနေ့ မထွက်ခွါခင်မှာပဲ အိမ်ဖြူတော် အကြီးတန်း တာဝန်ရှိသူ တဦးကပြောပါတယ်။

ဒု-သမ္မတ Pence ဟာ ဒီသီတင်းပတ်ထဲမှာပဲ တောင်ကိုရီးယားနဲ့ ဂျပန်ကို သွားရောက်မှာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာ အမေရိကန် နိုင်ငံ Alasaka ပြည်နယ်က လေတပ်အခြေစိုက်စခန်းမှာရှိတဲ့ ပဲ့ထိန်းဒုံးကာကွယ်ရေးစနစ်ကို လေ့လာကြည့်ရှုမှာ ဖြစ်ပြီး အဲဒီကနေမှ ဂျပန်နိုင်ငံကို ဆက်လက် သွားရောက်မှာဖြစ်ပါတယ်။ ဂျပန်မှာ ဝန်ကြီးချုပ် Shinzo Abe နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံမှာဖြစ်ပြီး၊ ဂျပန်ဝန်ကြီးချုပ်က သူ့ကို ညစာနဲ့ တည်ခင်း ဧည့်ခံမှာဖြစ်ပါတယ်။

အဲဒီနောက်မှာ သူဟာ တောင်ကိုရီးယားနိုင်ငံကို ကြာသပတေးနေ့မှာသွားရောက်ပြီး တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အမေရိကန်သမ္မတ Donald Trump ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေကို တယ်လီဖုန်းနဲ့ စကားပြောခဲ့ပြီး၊ အဲဒီမှာ မြောက်ကိုရီးယားကိစ္စကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ဒုသမ္မတ Mike Pence အာရှခရီးစတင်