[Zawgyi/Unicode]
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ နောက်ထပ် ၁၁ ယောက် ဒီနေ့ညပိုင်းစစ်ဆေးတွေ့ရှိတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၄၇၄ ယောက် ရှိသွားပါပြီ။
အတည်ပြုလူနာသစ်တွေထဲမှာ တခြားအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိသလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိသူ ခြောက် ယောက်ပါပြီး အဲဒီထဲက တယောက်ဟာ ရန်ကုန်တိုင်းကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ စစ်တွေမြို့ကို ခရီးသွားခဲ့တာကြောင့် အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရသူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်တဲ့ အတည်ပြုလူနာသစ်တွေထဲမှာ ရခိုင်ပြည်နယ်ထဲကအပြင် မွန်ပြည်နယ် ပေါင်မြို့က အမျိုးသားတယောက်လည်း ပါပါတယ်။ သူကတော့ စင်္ကာပူနိုင်ငံက ပြန်လာသူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက လူနာသစ်တွေကတော့ ပြည်ပခရီးသွားရာဇဝင် မရှိပေမဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူ တချို့ ပါပါတယ်။
SEE ALSO: ပြည်နယ်နဲ့တိုင်းတချို့မှာ ကိုဗစ်ထိန်းချုပ်မှု အရှိန်မြှင့်ဒီနေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေကိုတော့ ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ်ဓာတ်ခွဲနမူနာ ၄၆၅ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၉၁ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၉၀ ခု၊ မော်လမြိုင်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၁၇၆ ခုနဲ့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၄၆ ခု၊ စုစုပေါင်း ၁,၀၆၈ ခုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၃ ရက် နေ့လယ် ၁၂ နာရီကနေ ဒီနေ့သြဂုတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီအထိ စောင့်ကြည့်လူနာသစ် ၃၁ ယောက် ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ COVID-19 ရောဂါပိုးကင်းစင်သွားသူ ၃၄၁ ယောက်နဲ့ သေဆုံးသူ ၆ ယောက်ရှိပါတယ်။
[Unicode Version]
SEE ALSO: မြန်မာအလုပ်သမား ၁၇၀ ကျော် မလေးရှားကနေ အရေးပေါ်လေယာဉ်နဲ့ ပြန်ရောက်ဒီနေ့အတှကျ COVID-19 ရောဂါ ဓာတျခှဲစဈဆေးမှုတှကေိုတော့ ရနျကုနျမွို့ အမြိုးသားကနြျးမာရေးဓာတျခှဲဌာနမှာ ပထမအသုတျဓာတျခှဲနမူနာ ၄၆၅ ခု၊ ဆေးသုတသေနဦးစီးဌာနမှာ ဓာတျခှဲနမူနာ ၂၉၁ ခု၊ မန်တလေးမွို့ ပွညျသူ့ကနြျးမာရေးဓာတျခှဲဌာနမှာ ဓာတျခှဲနမူနာ ၉၀ ခု၊ မောျလမွိုငျမွို့ ပွညျသူ့ကနြျးမာရေးဓာတျခှဲဌာနမှာ ဓာတျခှဲနမူနာ ၁၇၆ ခုနဲ့ စဈတှမွေို့ ပွညျသူ့ဆေးရုံကွီးမှာ ဓာတျခှဲနမူနာ ၄၆ ခု၊ စုစုပေါငျး ၁,၀၆၈ ခုကို စဈဆေးခဲ့တာဖွဈပါတယျ။