တိုင်းရင်းသားဒေသတွေမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ရတဲ့ ထိုင်သပိတ်။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

တိုင်းရင်းသားဒေသတွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ ဆက်လက်ရှိနေပါတယ်။ လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်မတိုးအောင် ဆန္ဒဖော်ခဲ့ရာမှာ တချို့မြို့နယ်တွေမှာ သပိတ်ဖြိုခွင်းခံနေရသလို ထိခိုက်ဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်အားလုံးမှာ သပိတ်မှောက် ဆန္ဒပြမှုတွေ ကျယ်ပြန့်လာနေတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေကနေ အင်အားသုံးနှိမ်နင်းခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်မတိုးအောင် ဆက်လက်ဆန္ဒပြနေဆဲအခြေအနေမှာ ရှိနေတာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း ဒီကနေ့ ရပ်ကွက်အလိုက်ဆန္ဒဖော်ထုတ်ရာမှာလည်း သပိတ်ဖြိုခွင်းခံရပြီး ရာဘာကျည်နဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြလူငယ်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ လွိုင်ကော်သပိတ်ခေါင်းဆောင် တဦးက ပြောပါတယ်။

“သပိတ်ကတော့ ကျမတို့တတွေကတော့ ရပ်ကွက်အလိုက်ပဲ နည်းနည်းလုပ်ခိုင်းထားတယ်။ ရပ်ကွက်အလိုက်ပဲ သူ့ဟာသူထွက်ကြတယ်လေနော်။ ဒါပေမဲ့ တချို့သောရပ်ကွက်ထဲမှာတော့ ဖြိုခွင်းမှုတော့ နည်းနည်းရှိတယ်။ မိုင်းလုံးဘက်မှာ ဖြိုခွင်းခံရတယ်။ ခြစ်ကယ်ဘက်မှာ ဖြိုခွင်းခံရတယ်။ ခြစ်ကယ်ဘက်မှာတော့ လူနှစ်ယောက်တော့ ရာဘာကျည် အချက် ၅ ချက်၊ ၆ ချက်လောက် ထိတာတော့ရှိတယ်။ သပိတ်ဖြိုခွင်းပြီးရင်တော့ လူစုတွေက ပြန်ခွဲတယ်။"

ဆန္ဒဖော်ထုတ်ဖို့ လျာထားတဲ့နေရာဖြစ်တဲ့ ဒေါဥခူမီးပွိုင့်မှာ လုံခြုံရေးတပ်ဖွဲ့က ကြိုတင်ရောက်ရှိပြီး ချထားတဲ့ အတားအဆီးနေရာတွေကို ဖယ်ရှားပစ်ခဲ့တယ်လို့ သူကဆိုပါတယ်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာလည်း ပျောက်ကြားစနစ်နဲ့ ရှောင်တခင်ဆန္ဒပြမှုတွေ ရှိနေသလို ဖမ်းဆီးခံရမှုတွေ ရှိနေဆဲလို့ မြစ်ကြီးနားသပိတ်ခေါင်းဆောင်တဦးက ဆိုပါတယ်။

SEE ALSO: ရန်ကုန်အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ ဖြိုခွဲတာတွေ ဆက်ဖြစ်နေဆဲ

“အခုလက်ရှိတော့ မြစ်ကြီးနားမှာတော့ ပျောက်ကြားစနစ်နဲ့ပဲ သွားနေတဲ့အနေအထား ရှိတယ်။ လူငယ်တွေအုပ်စုလိုက်ပေါ့နော်... အဲဒီလိုရပ်ကွက်တွေမှာ ပျောက်ကြားစနစ်နဲ့ ဆန္ဒပြနေတာတော့ရှိတာပေါ့နော်။ ညပိုင်းဆိုလည်း ညပိုင်းထွက်တာ ရှိတယ်။ ညကဆိုလို့ရှိရင်လည်း ပျောက်ကြားစနစ်နဲ့ ထွက်တဲ့အခါမှာ ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးတွေရဲ့ တိုင်ကြားချက်အရပေါ့။ လူငယ်တွေ အဖမ်းခံရတာတွေ ရှိကြတာပေါ့နော်။ ဒီ ရမ်ဘူဘက်မှာ နှစ်ယောက်တော့ အဖမ်းခံရတယ်လို့ လူငယ်တွေက ပြောပြပါတယ်။ ရမ်ဘူရပ်ကွက်ပေါ့။

ချင်းပြည်နယ်မြို့နယ်တချို့မှာလည်း စီတန်းလှည့်လည်တာ ထိုင်သပိတ်ပြုလုပ်နေတာ ရှိတယ်လို့ ခိုနှုမ်းသုန်ချင်းသတင်းဌာန အယ်ဒီတာ ကိုရောဘတ်ကဆိုပါတယ်။

“ချင်းပြည်နယ်ဘက်မှာတော့ မင်းတပ်မှာတော့ ဒီနေ့ မြို့မဈေးရှေ့မှာတော့ သူတို့ထိုင်ပြီးတော့ သပိတ်လုပ်ကြတယ်။ ဟားခါးမှာတော့ သူတို့ လမ်းလျှောက်ပြီးတော့ သူတို့ဆန္ဒထုတ်ပြတယ်လို့ ပြောတယ်။ လုံခြုံရေးတပ်ဖွဲ့တွေတော့ သူတို့ကိုတော့ အရေးယူမှုတွေ မရှိဘူး။”

ရှမ်းပြည်နယ်၊ မူဆယ်မြို့ဘက်မှာလည်း လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်မတိုးအောင် ဆက်လက်ဆန္ဒပြနေတယ်လို့ သပိတ်ခေါင်းဆောင်တဦးကဆိုပါတယ်။

SEE ALSO: ရပ်ကွက်လိုက် အတားအဆီးတွေ ဖယ်ရှားပေးဖို့ စစ်တပ်က သတိပေးပြောကြား

“ဒီနေ့မူဆယ်ဘက် ကျနော်တို့ ရပ်ကွက်တွေထဲမှာ လုပ်ပြီးတော့ ပုံမှန်ပျောက်ကြားနဲပဲ ကျနော်တို့ လှုပ်ရှားနေတယ်ဗျ။ သူတို့နဲ့ တိုက်ရိုက် ထိပ်တိုက်မတွေ့ဘဲနဲ့ ပျောက်ကြားသပိတ်ပဲ လုပ်တယ်။”

မွန်ပြည်နယ်ဘက်မှာတော့ ဆန္ဒပြမှု ကြိုကြားရှိနေပြီး လုံခြုံရေးတပ်ဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးလာခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို မကျေနပ်လို့ နိုင်ငံတဝှမ်း သပိတ်မှောက်ဆန္ဒပြလာခဲ့သလို လုံခြုံရေးတပ်ဖွဲ့တွေကနေ သပိတ်ဖြိုခွင်းမှုကြောင့် သေကြေထိခိုက်ဒဏ်ရာရသူတွေနဲ့ အဖမ်းဆီးခံရသူတွေ များပြားလာနေပါတယ်။

Your browser doesn’t support HTML5

တိုင်းရင်းသားဒေသတွေမှာ ဆန္ဒပြပွဲတွေဆက်ဖြစ်

[Unicode Version]






SEE ALSO: ကလေးမြို့ ဗုဒ္ဓဟူးနေ့ဖြိုခွဲမှုကနေ သေဆုံးသူ ၇ ဦးရှိပြီ

ဆန်ဒဖောျထုတျဖို့ လြာထားတဲ့နရောဖွဈတဲ့ ဒေါဥခူမီးပှိုင့ျမှာ လုံခွုံရေးတပျဖှဲ့က ကွိုတငျရောကျရှိပွီး ခထြားတဲ့ အတားအဆီးနရောတှကေို ဖယျရှားပဈခဲ့တယျလို့ သူကဆိုပါတယျ။








