အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မြန်မာတက်ရောက်မည်မဟုတ်

asean flags (asean.org)


[[Zawgyi/Unicode]]

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင် ငံခြားရေးဝန်ကြီးအစည်အးဝေးကို မြန်မာနိုင်ငံအနေနဲ့ တက်ရောက်ဖို့မရှိဘူးလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အာဆီယံအဖွဲ့အတွင်း နိုင်ငံရေးအရ တန်းတူရည်တူရှိရေးမူနဲ့ ထုံးတမ်းစဉ်လာကို သွေဖည်တဲ့အတွက် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မှာမဟုတ်သလို နိုင်ငံရေးအရကိုယ်စားပြုမှုမဟုတ်သူကိုလည်း စေလွှတ်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တာပါ။ အဆင့်မြင့် အာဆီယံဆွေးနွေးပွဲတွေမှာ မြန်မာကိုယ်စားပြုတက်ရောက်မှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်ကတည်း အာဆီယံအတွင်း အငြင်းပွားမှုရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက စစ်တပ်ကအာဏာသိမ်းမှုကို နိုင်ငံတကာနည်းတူ အာဆီယံအသင်းကလည်း ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး နိုင်ငံရေးညှိုနှိုင်းဆွေးနွေးဖို့ဆိုတဲ့ မြန်မာ့အရေး အာဆီယံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်တွေကို မြန်မာဘက်က မလိုက်နာလို့ ဆိုပြီး အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ နိုင်ငံရေးအရကိုယ်စားပြုမှုမဟုတ်သူကိုပဲ ဖိတ်ကြားဖို့ အာဆီယံက ပြီးခဲ့တဲ့နှစ်ကတည်းက ဆုံးဖြတ်ခဲ့ပါတယ်။

အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူခဲ့တဲ့နောက် ဒီသဘောထားကို ပြောင်းလဲဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အာဆီယံနိုင်ငံတွေအတွင်း အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့က ပြီးခဲ့တဲ့နှစ်ဆုံးဖြတ်ချက်အတိုင်းပဲ အာဆီယံဘုံသဘောတူညီချက်ကို မြန်မာက မလိုက်လျောသရွေ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဖို့ ဖိအားပေးပြောဆိုခဲ့ကြပါတယ်။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် အမေရိကန် တရုတ် စတဲ့ နိုင်ငံကြီးတွေကပါ သဘောတူလက်ခံထားကြပါတယ်။

#MyanmarASEAN #ASEAN5PC #VOABurmese #အာဆီယံဘုံသဘောတူညီချက် #အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး #စစ်ကောင်စီ #ဗွီအိုအေ
============

[[Unicode]]






============