နေတိုးမဟာမိတ်အဖွဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မည်
{{Zawgyi/Unicode}}
မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO ရဲ့ အချိန်အတော်ကြာကတည်းက စီစဉ်ထားတဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို ရှေ့သီတင်းပတ်မှာ စတင်မယ့်အကြောင်း အတွင်းရေးမှူးချုပ် Jens Stoltenberg ကပြောပါတယ်။
"လုံခြုံဘေးကင်းပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ရေးအတွက် နှစ်စဉ် ကျင်းပနေကျ စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။" လို့ NATO အဖွဲ့ အကြီးအကဲက ကာကွယ်ရေးဝန်ကြီး ဆွေးနွေးပွဲမတိုင်ခင် အင်္ဂါနေ့က သတင်းထောက်တွေကို ပြောလိုက်တာပါ။
ရုရှားပိုင်နက်ကို ကာကွယ်ဖို့ နည်းလမ်းပေါင်းစုံ သုံးမယ့်အကြောင်း ပြောဆိုထားတာဟာ အပြောသက်သက် မဟုတ်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောဆိုထားတာကြောင့် ယူကရိန်းအရေး တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ နျူကလီးယား စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို NATO အဖွဲ့ အကြီးအကဲက ကြေညာခဲ့တာပါ။
NATO အတွင်းရေးမှူးချုပ်ကတော့ နျူကလီးယား စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ ယူကရိန်းကို ရုရှားမကျူးကျော်ခင်ကတည်းက စီစဉ်ထားတာဖြစ်ကြောင်း ပြောပါတယ်။ အချိန်အတော်ကြာ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ယူကရိန်းစစ်ကြောင့် ဖျက်လိုက်မယ်ဆိုရင် မှားယွင်းတဲ့ သတင်းစကားပါးရာ ရောက်နိုင်ကြောင်းလည်း ပြောခဲ့တာပါ။
Steadfast Noon လို့ အမည်ပေးထားတဲ့ နှစ်စဉ်စစ်ရေးလေ့ကျင်မှုဟာ သီတင်းတပတ်လောက်ကြာလေ့ရှိပြီး၊ နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ တိုက်လေယာဉ်တွေ ပါဝင်မှာဖြစ်ပေမဲ့ ဗုံးအစစ်တွေနဲ့ လေ့ကျင့်မှာတော့ မဟုတ်ပါဘူး။ လေ့ကျင့်မှုမှာ သမားရိုးကျ တိုက်လေယာဉ်တွေ၊ ထောက်လှမ်းရေးနဲ့ ဆီဖြည့်လေယာဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
...................................................
{{Zawgyi/Unicode}}