လကမ္ဘာပေါ်ဆင်းသက်မယ့်အာကာသယာဉ် အိန္ဒိယလွှတ်တင်

လကမ္ဘာပေါ်ဆင်းသက်မယ့် အိန္ဒိယအာကာသယာဉ်လွှတ်တင် (ဇူလိုင် ၁၄၊ ၂၀၂၃)

လကမ္ဘာပေါ်ဆင်းသက်မယ့် အာကာသယာဉ်ငယ်ကို တင်ဆောင်သွားတဲ့ ဂြိုလ်တုတစင်းကို အိန္ဒိယနိုင်ငံအာကာသအေဂျင်စီက ဒီနေ့လွှတ်တင်လိုက်ပါတယ်။ လကမ္ဘာပေါ်ဆင်းသက်မယ့် Chandrayaan-3 မစ်ရှင်နဲ့ နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်အာကာသစခန်းကနေလွှတ်တင်လိုက်တဲ့ အာကာသယာဉ်ငယ်ဟာ လကမ္ဘာရဲ့တောင်ဘက်စွန်းပေါ်ကို ဩဂုတ်လ ၂၃ ရက်မှာ ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယအာကာသ အေဂျင်စီက ၂၀၁၉ ခုနှစ်ကလည်း လကမ္ဘာပေါ်အာကာသယာဉ်ငယ် ဆင်းသက်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့တာကြောင့် အခုဒုတိယအကြိမ် ကြိုးစားတာဖြစ်ပါတယ်။ သင်္သကရိုက်ဘာသာနဲ့ လေယာဉ်လို့ အဓိပ္ပါယ်ရတဲ့ Chandrayaan အမှတ် ၃ အာကာသယာဉ်ငယ်ဟာ ၂ မီတာအမြင့်ရှိပါတယ်၊ ဒီယာဉ်ငယ်ဟာ လကမ္ဘာပေါ်မှာ သီတင်း ၂ ပတ်ကြာ စူးစမ်းမှုတွေ လုပ်ဖို့ စီစဉ်ထားပါတယ်၊ ၂၀၁၉ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Chandrayaan အမှတ် ၂ အာကာသယာဉ်တုန်းက လပါတ်လမ်းကြောင်းထဲအောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပေမဲ့ အာကာသယာဉ်ငယ် လကမ္ဘာပေါ် ဆင်းသက်ချိန်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

လကမ္ဘာပေါ်ဆင်းသက်မယ့်အာကာသယာဉ် အိန္ဒိယလွှတ်တင်