ကန် ဒီမိုကရက် သမ္မတလောင်း ပဏာမရွေးပွဲ နီဗားဒါးမှာကျင်းပ

ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders. (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီနှစ် နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်း ရွေးချယ်နေတာမှာ Nevada Caucus ကိုတော့ နီဗားဒါးပြည်နယ်က နေရာ ၂၅၀ မှာ ဒီကနေ့ ကျင်းပမှာပါ။

နီဗားဒါးပြည်နယ် လူထုစစ်တမ်းတွေအရ မဲဆန္ဒရှင်တွေ သဘောအကျဆုံးကတော့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ဖြစ်ပြီး အခြားကိုယ်စားလှယ်တွေထက် အသာစီးရနေတာကို တွေ့ရပါတယ်။

ဒီလအစောပိုင်းမှာ ကျင်းပခဲ့တဲ့ Iowa caucuses နဲ့ New Hampshire primary အကြိုရွေးကောက်ပွဲတွေမှာ တာထွက်ကောင်းခဲ့သလိုပဲ ဒီပြည်နယ်မှာလည်း အလားအလာကောင်းအောင် မစ္စတာ Sanders မျှော်မှန်းထားတာပါ။

အိုင်အိုဝါနဲ့ New Hampshire အကြိုရွေးကောက်ပွဲတွေမှာ မစ္စတာ Sanders နဲ့ မဲသိပ်မကွာတဲ့ South Bend မြို့တော်ဝန်ဟောင်း Pete Buttigieg ကလည်း နီဗားဒါးပြည်နယ်မှာ ထောက်ခံမှု အတော်ရနေတာပါ။

လူထုစစ်တမ်းတွေမှာ Pete Buttigieg ထက် မဲအနည်းငယ် ပိုရထားခဲ့တဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren တို့ကလည်း ဒီပွဲမှာ ထောက်ခံမှုရအောင် မျှော်မှန်းနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေမှာတော့ Joe Biden နဲ့ Elizabeth Warren တို့က ထောက်ခံမှုအများဆုံး ရထားကြတာပါ။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ Bernie Sanders ကို ထောက်ခံသူ တိုးလာပြီး ရွေးကောက်ပွဲ ဝင်ပြိုင်လာတဲ့ နယူးယောက်မြို့တော်ဝန်ဟောင်း Michael Bloomberg ကလည်း ဒေါ်လာသန်းချီသုံစွဲပြီး ကြော်ငြာလာတဲ့ အချိန်မှာတော့ Joe Biden နဲ့ Elizabeth Warren တို့ရဲ့ ထောက်ခံမှုတွေ ကျဆင်းလာတာလည်း ဖြစ်ပါတယ်။

-------------------------------

(Unicode)









Your browser doesn’t support HTML5

ကန် ဒီမိုကရက် သမ္မတလောင်း ပဏာမရွေးပွဲ နီဗားဒါးမှာကျင်းပ