၉/၁၁ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား အွန်လိုင်းက လုပ်မယ်

World Trade စင်တာမှာ ချိတ်ဆွဲထားတဲ့ အမေရိကန်အလံ။ (စက်တင်ဘာ ၁၁၊ ၂၀၁၉)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ 9/11 အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ဝါရှင်တန် ဒီစီမြို့တော်အနီးက ဗာဂျီးနီးယားပြည်နယ်၊ Arlington မှာ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို အွန်လိုင်းကနေပဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ်က ပြန်ပေးဆွဲခံခဲ့ရတဲ့ အမေရိကန်လေကြောင်းလိုင်းအမှတ် ၇၇ လေယာဉ်ဟာ ပန်တဂွန်စစ်ဌာနချုပ် အဆောက်အဦး အနောက်ဘက်ခြမ်းမှာ ပျက်ကျခဲ့တာကြောင့် လူပေါင်း ၁၈၄ ဦးသေဆုံးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အွန်လိုင်းကနေ ဒီကနေ့ကျင်းပမယ့် အောက်မေ့ဖွယ်အခမ်းအနားကို ခရိုင်အစိုးရ အင်တာနက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

မနက် ၉ နာရီခွဲမှာ စတင်မယ့် အခမ်းအနားကို ခရိုင်ဂုဏ်ပြုတပ်ဖွဲ့က အလံကိုင်ချီတက်သရုပ်ပြပြီး ပန်းခွေချတာ၊ လေယာဉ် ဝင်တိုက်ခဲ့တဲ့ မနက် ၉ နာရီ ၃၇ မိနစ်မှာ ခဏတာ ငြိမ်သက်တာမျိုးတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

SEE ALSO: 9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၉ နှစ် ပြည့်ပြီ

နယူးယောက်မြို့က မိုးမေ ျှာ်ညီနောင် တိုက်ခိုက်ခံရတဲ့နေရာမှာလည်း အောက်မေ့ဖွယ်အခမ်းအနားကို ကြိုတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကို 9/11 ပြတိုက် အင်တာနက်စာမျက်နှာမှာ ဒီကနေ့မနက်ထုတ်လွှင့်ပြသရင်း ကျင်းပမှာဖြစ်ပါတယ်။ 9/11 မှာသေဆုံးခဲ့တဲ့သူတွေရဲ့မိသားစုဝင်တွေကိုတော့ အထိမ်းအမှတ်နေရာမှာ မနက်ပိုင်းမှာ လာရောက်ခွင့်ပြုထားပြီး နေ့လည်ပိုင်းကျရင်တော့ အများပြည်သူတွေအတွက် ဖွင့်ပေးမှာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ နယူးယောက်၊ ဗာဂျီးနီးယားနဲ့ Pennsylvani ပြည်နယ်တွေမှ Al-Qaida အဖွဲ့ဝင် ၁၉ ဦးက လေယာဉ်တွေ ပြန်ပေးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

[Unicode Version]





SEE ALSO: အမေရိကန် ဆန္ဒပြ အကြမ်းဖက်မှုတွေ အပေါ် သမ္မတနဲ့ ဒီမိုကရက် ပြိုင်ဘက်ကြား အခြေအတင်

