အမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေသမျှ နျူကလီးယားလက်နက် အစီအစဉ်နဲ့ပတ်သက် ပြီး ဆွေးနွေးမှာမဟုတ်ဘူးးလို့ မြောက်ကိုရီးယားက သောကြာနေ့မှာပြောလိုက်ပါတယ်။
ဒါဟာ အမေရိကန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ နျူကလီးယားနဲ့ အကာအကွယ်ယူထားတာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနနဲ့ သောကြာနေ့က ဂျီနီဗာမှာလုပ်တဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းအတွင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံ အမတ်ကြီး Han Tae Song ကပြောသွားပါတယ်။
နျူကလီးယားသုံး ပစ္စည်းတွေ၊ လေယာဉ်တင်သင်္ဘောတွေ၊ မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ်တွေသုံးပြီး စစ်ရေးလေ့ကျင့်တာ တွေဆက်ရှိနေပါတယ်၊ အဲဒီလိုစစ်ရေးလေ့ကျင့်မှုမျိုးဟာ ကျနော့်နိုင်ငံကို ရန်လိုတာဖြစ်ပါတယ်လို့ သံအမတ်ကြီး Han က ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ပူးတွဲပြီး လေးရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တောင်ကို ရီးယား အရှေ့ဘက်ကမ်းလွန်ရေပြင်မှာ လုပ်ခဲ့ကြတာပါ။ ဒါဟာ မြောက်ကိုရီးယားကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ဘယ်လိုရန်စမှုမျိုးကိုမဆို အနိုင်ယူဖို့ အားကောင်းတဲ့စိတ်ဓာတ်နဲ့ ခိုင်မာတဲ့စစ်ဘက် အဆင်သင့်ဖြစ်တယ် ဆိုတာကိုပြဖို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို လုပ်တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ဘက်ရဲ့ ပြီးခဲ့တဲ့သီတင်းပတ် ထုတ်ပြန် ချက်တခုမှာပြောထားပါတယ်။
Your browser doesn’t support HTML5