[Zawgyi/Unicode]
Pfizer ကုမ္ပဏီက ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် စင်္ကာပူနိုင်ငံကို တနင်္လာနေ့ညက ရောက်ရှိလာပါတယ်။ Belgium နိုင်ငံ Brussels မြို့ကနေ ပို့လိုက်တဲ့ Pfizer ကိုဗစ်ကာကွယ်ဆေးတွေကို အာရှနိုင်ငံတွေထဲ စင်္ကာပူက ပထမဆုံး ရရှိတာလည်း ဖြစ်ပါတယ်။
ဒီသတင်းဟာ Christmas နဲ့ နှစ်သစ်ကူးပွဲတော်ကာလ စင်္ကာပူပြည်သူတွေအတွက်ပျော်ရွှင်စိတ်ချမ်းမြေ့စရာဖြစ်စေမယ်လို့စင်ကာပူဝန်ကြီးချုပ် Lee Hsien သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြပါတယ်။
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Pfizer အသုံးပြုခွင့်ကို ဒီဇင်ဘာ ၁၄ ရက်နေ့က ခွင့်ပြုခဲ့တာပါ။
ကိုဗစ်ကာကွယ်ဆေးအတွက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ နဲ့ ညီမျှတဲ့ စင်ကာပူဒေါ်လာ တစ်ဘီလီယံ ဘဏ္ဍာငွေသုံးဖို့ စင်္ကာပူအစိုးရက သတ်မှတ်ထားပြီး Pfizer နဲ့ BioNTech ကုမ္ပဏီတို့အပြင်၊ တခြားကိုဗစ်ကာကွယ်ဆေးတွေထုတ်နေတဲ့ Moderna ကုမ္ပဏီ၊ တရုတ်က Sinovac (ဆိုင်နိုဗက်) ကုမ္ပဏီတို့နဲ့လည်း ဆေးဝယ်ယူဖို့ ကြိုတင် စာချုပ်တွေ ချုပ်ထားပါတယ်။
SEE ALSO: ရွေးကောက်ခံသမ္မတ ဘိုင်ဒန် ကိုယ်တိုင် COVID 19 ကာကွယ်ဆေးထိုးပြီကိုဗစ်ကာကွယ်ဆေးကို စင်ကာပူနိုင်ငံသားတွေနဲ့ စင်ကာပူမှာ ကာလကြာရှည်နေထိုင်သူတွေကို အခမဲ့ ထိုးပေးမှာဖြစ်ပြီး၊ ဆေးထိုး-မထိုး မိမိသဘောနဲ့ လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်လို့ စင်ကာပူအာဏာပိုင်တွေက ပြောဆိုထားပါတယ်။
ဒီကိုဗစ်ကာကွယ်ဆေး Pfizer ကိုဘေးကင်းကြောင်း သက်သေပြတဲ့အနေနဲ့ စင်ကာပူဝန်ကြီးချုပ်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ထဲက အသက်ကြီးပိုင်းဝန်ကြီးတချို့ လူသိရှင်ကြား ထိုးနှံပြမယ်လို့ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ်ရေးရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ ကျန်းမာရေးလုပ်သားတွေ၊ အသက်ကြီးပိုင်းတွေနဲ့ ရောဂါကူးစက်နိုင်ခြေများသူတွေကို ပထမဦးစားပေး ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးမှ ကျန်တဲ့ ပြည်သူတွေကို ထိုးပေးမှာဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ်ကပြောပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ခံစွမ်းအား မကောင်းသူတွေ၊ အသက် ၁၆ နှစ်အောက်တွေကိုတော့ ဆေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေ နောက်ထပ် မသိရသေးခင် ထိုးပေးမှာ မဟုတ်ဘူးလို့ စင်ကာပူနိုင်ငံရဲ့ ကိုဗစ်၁၉ ကာကွယ်ဆေးဆိုင်ရာ ပညာရှင်ကော်မတီကပြောဆိုထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
Pfizer ကိုဗဈကာကှယျဆေး စငျ်ကာပူကိုရောကျပွီ
SEE ALSO: Moderna နဲ့ Pfizer ကာကွယ်ဆေး ဘယ်လောက် စိတ်ချရသလဲကိုဗဈကာကှယျဆေးအတှကျ အမရေိကနျဒေါျလာ သနျး ၇၅၀ နဲ့ ညီမြှတဲ့ စငျကာပူဒေါျလာ တဈဘီလီယံ ဘဏ်ဍာငှသေုံးဖို့ စငျ်ကာပူအစိုးရက သတျမှတျထားပွီး Pfizer နဲ့ BioNTech ကုမ်ပဏီတို့အပွငျ၊ တခွားကိုဗဈကာကှယျဆေးတှထေုတျနတေဲ့ Moderna ကုမ်ပဏီ၊ တရုတျက Sinovac (ဆိုငျနိုဗကျ) ကုမ်ပဏီတို့နဲ့လညျး ဆေးဝယျယူဖို့ ကွိုတငျ စာခြုပျတှေ ခြုပျထားပါတယျ။