Zawgyi/Unicode
အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲတွေကို ဇွန်လ ၁၇ ရက်နေ့မှာ ပြန်စမယ်လို့ ပရီမီယာလိဂ်က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီကို ဇွန်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့မှာ ပြန်စတင်မှာဖြစ်ပါတယ်။
Carabao ဖလားဖိုင်နယ်ကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ အက်စတွန်ဗီလာနဲ့ ရှက်ဖီးလ်ယူနိုက်တက်၊ မန်ချက်စတာစီးတီး နဲ့ အာဆင်နယ်တို့ရဲ့ ပွဲတွေနဲ့ အရင်ဆုံး စတင်မှာ ဖြစ်ပါတယ်။
အဲဒီနောက်၁၉ ရက်နေ့မှာ ပွဲစဉ်အပြည့်ကစားမှာဖြစ်ပြီး၊ ပွဲအားလုံးကို ပရိသတ်မပါဘဲ ကစားသွားမှာဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ် ၉၂ ပွဲစလုံးကို ရုပ်သံကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ ပရီမီယာလိဂ်က ပြောပါတယ်။
[Unicode]
Your browser doesn’t support HTML5
အင်္ဂလန် ပရီမီယာလိဂ်ဘောလုံးပွဲတွေ ဇွန် ၁၇ ပြန်စမည်