(Zawgyi / Unicode)
အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့က ဆန္ဒပြတဲ့သူတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက လူစုခွဲပြီး ရှင်းလင်းဖယ်ရှားဖို့အတွက် သူအမိန့်ပေးခဲ့တာ မဟုတ်ဘူးလို့ အမေရိကန်ရှေ့နေချုပ် William Barr က ပြောလိုက်ပါတယ်။
အိမ်ဖြူတော်ရှေ့ Lafeyette ရင်ပြင်က ဆန္ဒပြတဲ့သူတွေကို လူစုခွဲဖို့ကိစ္စကို သူ့အနေနဲ့ ထောက်ခံပေမယ့် ဒီအမိန့်ကို သူပေးခဲ့တာမဟုတ်ကြောင်း AP သတင်းဌာနနဲ့ သောကြာနေ့က တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်ရှေ့နေချုပ်က ပြောလိုက်ပါတယ်။
Your browser doesn’t support HTML5
အဲဒီပန်းခြံမှာ လာရောက်ဆန္ဒပြနေတဲ့သူတွေကို လူစုခွဲဖို့အတွက် ရှေ့နေချုပ်က အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ တခြားလူတွေက ထပ်တလဲလဲ ပြောဆိုခဲ့ပြီးတဲ့နောက် အမေရိကန်ရှေ့နေချုပ်က အသေးစိတ် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြတဲ့သူတွေကို လူစုခွဲပြီး သိပ်မကြာခင်မှာပဲ သမ္မတ Donald Trump၊ ရှေ့နေချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အကြံပေးတချို့ဟာ ရင်ပြင်ကို ဖြတ်လျှောက်ပြီး ဆန္ဒပြပွဲတွေအတွင်းမှာ ထိခိုက်သွားတဲ့ အဲဒီနားက ခရစ်ယာန်ဘုရားကျောင်းကို သွားပြီး အဲဒီရှေ့မှာ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
ဒီလုပ်ရပ်အပေါ် သူ့ရဲ့ ရီပတ်ဘလစ်ကန်ပါတီထဲက လူတချို့နဲ့ Trump အစိုးရလက်ထက် ပထမဆုံး ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ Jim Mattis အပါအဝင် အမေရိကန် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းတချို့က အကြီးအကျယ် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5
-----------------------------
(Unicode)
SEE ALSO: အိမ်ဖြူတော်အနီး အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွားအဲဒီပနျးခွံမှာ လာရောကျဆန်ဒပွနတေဲ့သူတှကေို လူစုခှဲဖို့အတှကျ ရှေ့နခြေုပျက အမိန့ျပေးခဲ့တာ ဖွဈတယျလို့ သမ်မတအိမျဖွူတောျနဲ့ တခွားလူတှကေ ထပျတလဲလဲ ပွောဆိုခဲ့ပွီးတဲ့နောကျ အမရေိကနျရှေ့နခြေုပျက အသေးစိတျ ရှငျးပွခဲ့တာ ဖွဈပါတယျ။