မလေးရှားကမ်းလွန်မှာ ရိုဟင်ဂျာ ၂၄ ဦး ပျောက်ဆုံးနေ

မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့လှေတစီး။ (ဧပြီ ၃၊ ၂၀၁၈)

(Zawgyi / Unicode)

ထိုင်းနိုင်ငံနဲ့နီးတဲ့ မလေးရှား အပန်းဖြေကျွန်းတခုမှာ ရိုဟင်ဂျာ ၂၄ ယောက် ရေနစ်မယ့်အရေး စိုးရိမ်ရကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

အပန်းဖြေကျွန်း Langkaw ကို ရေကူးပြီးသွားမယ့် အကြံနဲ့ လှေပေါ်ကနေ ခုန်ချပြီးနောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှား အာဏာပိုင်တို့ တနင်္ဂနွေနေ့မှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေပါတယ်။

SEE ALSO: ရိုဟင်ဂျာတွေ လူကုန်ကူးတဲ့ဂိုဏ်း မလေးရှားမှာ ရုံးတင်စစ်ဆေး

စနေနေ့နှောင်းပိုင်းမှာ ကမ်းခြေကို ဦးတည် ရေကူးသွားကြသူ ၂၅ ယောက်ထဲမှာ အသက် ၂၇ နှစ်အရွယ် Nor Hossain ဆိုသူတဦးပဲ ကမ်းခြေ ရောက်လာခဲ့တယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ သူ ကမ်းခြေရောက်လာချိန်မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးခဲ့တယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။

မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေ အများစု လာရောက်ဖို့ ကြိုးပမ်းရာနိုင်ငံ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမယ်လို့ မြန်မာဘက်က ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

Your browser doesn’t support HTML5

မလေးရှားကမ်းလွန်မှာ ရိုဟင်ဂျာ ၂၄ ဦး ပျောက်ဆုံးနေ

------------------------------

(Unicode)




SEE ALSO: ရိုဟင်ဂျာဒုက္ခသည်တွေ လုံးဝလက်ခံတော့မှာမဟုတ် (မလေးရှားဝန်ကြီးချုပ်)


