ရုရှားကာကွယ်ရေးဝန်ကြီး Andrei Belousov ဟာ တနင်္လာနေ့က တရားဝင်ခရီးစဥ်အဖြစ် တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ရောက်သွားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဟာ သူ့ကိုကြိုဆိုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့သလို တိန်အန်မင်ရင်ပြင်မှာရှိတဲ့ ပြည်သူ့သူရဲကောင်းဗိမာန်မှာလည်း လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။
ရုရှား-တရုတ်ဆက်ဆံရေးကို သူက ချီးကျူးခဲ့ပြီး သဘောတူညီချက်အားလုံးကို အကောင်အထည် ဖော်ဖို့ ရုရှားက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အလေးအနက် ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသဆိုင်ရာတည်ငြိမ်အောင် ထိန်းသိမ်းရင်း ကာကွယ်ရေးစွမ်းဆောင်ရည်တိုးမြှင့်ရာမှာ ရုရှား-တရုတ် စစ်ရေးပူးပေါင်းဆောင်ရွက်ရေးဟာ အရေးပါတဲ့အကြောင်းအချက်တခုဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး Andrei Belousov က ပြောပါတယ်။
စစ်ရေး ပူးပေါင်းမှုမြှင့်တင်ရေးဟာ နှစ်နိုင်ငံလုံးရဲ့ ဘုံတူညီတဲ့ ဆန္ဒဖြစ်တယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးကလည်း ဆိုပါတယ်။ မြေပြင်၊ ရေပြင်နဲ့ဝေဟင်မှာ နှစ်နိုင်ငံတပ်တွေက ပုံမှန် စစ်ရေး တိုက်ခိုက်ရေး ပူးတွဲလေ့ကျင့်ကြကြောင်း၊ အမြင့်မားဆုံး၊ နားလည်ရအခက်ဆုံးလေ့ကျင့်ရေးနဲ့ ထိုးစစ် အလုပ်တွေကို အောင်မြင်စွာလေ့ကျင့်ခဲ့ကြကြောင်း၊ တရုတ်ရဲဘော်တွေနဲ့ ရင်းရင်းနှီးနှီး ရလဒ်ရအောင် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
Server error
Oops, as you can see, this is not what we wanted to show you! This URL has been sent to our support web team to the can look into it immediately. Our apologies.
Please use Search above to see if you can find it elsewhere