ကမ္ဘောဒီးယားမှာ ပထမဆုံးအကြိမ် SEA Games အားကစားပွဲတွေ ကျင်းပမည်

Vietnam SEA Games လာရောက်အားပေးကြတဲ့ပရိသတ်တွေ

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ ကမ္ဘောဒီးယားနိုင်ငံက အားကစားကွင်းတွေမှာ စတင်ပြင်ဆင်နေပါတယ်။ မေလ ၅ ရက်နေ ၁၇ ရက်အထိ ကျင်းပမယ့် အားကစားပေါင်းစုံ ပြိုင်ပွဲတွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် SEA Game ကျင်းပမှာပါ။

အနှစ် ၃၀ လောက်ကြာခဲ့တဲ့ ပြည်တွင်းစစ်နဲ့ စစ်အပြီး အနှစ် ၂၀ လောက် ပြန်လည်တည်ဆောက်ရေးတွေ လုပ်ခဲ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အရင်က SEA Game ပြိုင်ပွဲတွေ ကျင်းပခွင့် မရခဲ့ပါဘူး။ အားကစားအမျိုးအစား ၃၇ မျိုး ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားပြီး ကမ္ဘောဒီးယား စစ်တုရင်ကစားနည်းပြိုင်ပွဲနဲ့ ရိုးရာသိုင်းပြိုင်ပွဲ စတဲ့ ရိုးရာ ကစားနည်း သုံးမျိုးကို ထည့်သွင်းထားပါတယ်။

ကမ္ဘောဒီးယား နိုင်ငံသားအားလုံး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေကို အခမဲ့ကြည့်ခွင့်ပေးမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ကြေညာထားပါတယ်။

ဒီနှစ်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက အမျိုးသား၊ အမျိုးသမီး အားကစားသမား ၅၀၁ ဦးနဲ့ အားကစားနည်း ၂၁ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ SEA Game ကို မြန်မာနိုင်ငံမှာ ၁၉၆၁ ခုနှစ်ကတကြိမ် ၁၉၆၉ ခုနှစ်က တကြိမ် ကျင်းပခဲ့ဖူးပြီး နှစ်ပေါင်း ၄၄ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ တတိယအကြိမ် ကျင်းပခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

ကမ္ဘောဒီးယားမှာ ပထမဆုံးအကြိမ် SEA Games အားကစားပွဲတွေ ကျင်းပမည်