သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

SEA Games မွာ U-22 အသင္း ဗိုလ္လုပြဲတက္ႏုိင္မလား


U-22 (ဓါတ္ပံု - Myanmar Football Federation)

(Zawgyi/Unicode)

အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ (SEA Games) U-22 ေဘာလံုးၿပိဳင္ပြဲဝင္ ျမန္မာအသင္းဟာ ဒီဇင္ဘာလ ၇ ရက္၊ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ေန႔လည္ ၂ နာရီမွာ ဆီမီးဖိုင္နယ္လ္ပြဲအျဖစ္ အင္ဒိုနီးရွားအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရပါမယ္။ ဒီပြဲမွာ ျမန္မာအသင္းရဲ႕ အလားအလာ ဘယ္လိုရွိလာႏုုိင္ပါသလဲ … အားကစားကေလာင္ရွင္ေတြရဲ႕ သံုးသပ္ခ်က္ေတြကို ကိုရန္ႏိုင္က စုစည္း တင္ျပထားပါတယ္။

ျမန္မာအသင္းဟာ အုပ္စု A မွာ အိမ္ရွင္ဖိလစ္ပိုင္၊ ကေမာၻဒီးယား၊ တီေမာလက္စေတတုိ႔ကိုႏုိင္ၿပီး မေလးရွားကိုသေရနဲ႔ အုပ္စု ဗုိလ္နဲ႔ အႀကိဳဗုိလ္လုပဲြ တက္ခဲ့တာပါ။ ဆုိေတာ့ အင္ဒိုနီးရွားနဲ႔ ကစားမယ့္ပဲြအေပၚမွာ အားကစားကေလာင္ရွင္ေတြက ဘယ္လိုခန္႔မွန္းပါသလဲ။ အားကစားကေလာင္ရွင္ ဦးျမတ္သက္ကေတာ့ ျမန္မာအသင္းအေနနဲ႔

“ဒီကေန႔ ကန္မယ့္ ကေလးေတြကို သေဘာက်တယ္။ နည္းျပလည္း သေဘာက်ပါတယ္။ ဟိုေန႔က ကေမာၻဒီးယားကို ကန္သြားတဲ့ ေျခေတြ ေတာ္ေတ္ာေကာင္းတယ္ လံုး၀ ေဘာလံုးအေပးမခံဘူး။ ကေမာၻဒီးယား ေျခေထာက္ထဲေရာက္တာနဲ႔ ျဖတ္တယ္။ ေရွ႕တန္းက လူေတြ တကိုယ္ေကာင္းမဆန္ဖို႔ေတာ့လိုတယ္ က်ေနာ္တို႔တို႔ ခံစစ္နဲ႔ ဂိုးသမားမကၽြံ ဖို႔ပဲ။ အင္ဒိုနီးရွားကေတာ့ ဟိုဘက္ ဒီဘက္ ၅၀-၅၀ ပဲ ၿပီးေတာ့ ဗုိလ္လုပဲြ တက္သြားမယ္။ က်ေနာ္တို႔က ျမန္မာဘက္ကေတာ့ ေမွ်ာ္လင့္ထားပါတယ္ တက္ႏိုင္မယ္လို႔ ထင္တယ္။”

ဒါ့အျပင္ ကိုေဇာ္မ်ိဳးသန္႔ကေတာ့ အင္ဒိုနီးရွားနဲ႔ပဲြအေပၚ အခုလိုသုံးသပ္ပါတယ္။

“အင္ဒိုနီးရွားက ထိုင္းကိုႏိုင္ၿပီးေတာ့ အႀကိဳဗုိလ္လုပြဲ တက္လာတယ္ဆိုေပမယ့္ သိပ္ေတာ့ ကိုယ့္ဘက္က ေၾကာက္ေနစရာမရွိဘူးလို႔ က်ေနာ္ကေတာ့ အဲလိုသံုးသပ္ခ်င္တယ္။ အဓိကေတာ့ ကစားသမားေတြ ဖိဖိစီးစီး ညီညီညႊတ္ညြတ္နဲ႔ ရတဲ့အခ်ိန္ေလးေတြ တည္တည္ၿငိမ္ၿငိမ္ တန္ဖိုးရွိရွိ အသံုးခ်ႏိုင္ဖို႔အေရးႀကီးတယ္ က်ေနာ္တို႔နဲ႔ သူတို႔နဲ႔ ၅၀ ရာခိုင္ႏႈန္းစီပဲ ရွိတယ္လို႔ က်ေန္ာအဲလို သံုးသပ္ခ်င္တယ္။ က်ေန္ာတို႔က ေအာက္အသင္းေပ့ါဗ်ာ သို႔ေသာ္လည္း ေအာက္အသင္းဆိုေပမယ္ အုပ္စု ပထမအေနနဲ႔ တက္လာတာေလ၊ သူတို႔က အုပ္စု ဒုတိယဆိုေတာ့ အုပ္စု ပထမအသင္းကေတာ့ ပိုၿပီးေတာ့ ႏိုင္ေျခမ်ားတယ္လို႔ က်ေနာ္အဲလိုပဲ သံုးသပ္ခ်င္ပါတယ္။ ႏိုင္မယ္ေပါ့ဗ်ာ အင္ဒိုနီးရွားကို ႏိုင္ၿပီး ဗိုလ္လုပြဲ တက္မယ္ေပါ့ဗ်ာ။”

ျမန္မာႏုိင္ငံအေနနဲ႔ အခုႏွစ္ ဆီးဂိမ္းမွာ ေနာက္ထပ္ ဆုတံဆိပ္ေတြ ဘယ္ေလာက္ထပ္ရၿပီး၊ ျမန္မာေဘာလုံးအသင္းအေနနဲ႔လည္း အင္ဒိုနီးရွားကို အႏုိင္ရၿပီး ေနာက္ဆုံးဗုိလ္လုပဲြကို တက္လွမ္းႏုိင္မလားဆုိတာကေတာ့ စိတ္၀င္စားစြာနဲ႔ပဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

SEA Games မွာ U-22 အသင္း ဗိုလ္လုပြဲတက္ႏုိင္မလား
please wait

No media source currently available

0:00 0:02:00 0:00
တိုက္႐ိုက္ လင့္ခ္


..................

SEA Games မှာ U-22 အသင်း ဗိုလ်လုပွဲတက်နိုင်မလား

(Unicode)

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) U-22 ဘောလုံးပြိုင်ပွဲဝင် မြန်မာအသင်းဟာ ဒီဇင်ဘာလ ၇ ရက်၊ စနေနေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီမှာ ဆီမီးဖိုင်နယ်လ်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ ဒီပွဲမှာ မြန်မာအသင်းရဲ့ အလားအလာ ဘယ်လိုရှိလာနိုင်ပါသလဲ … အားကစားကလောင်ရှင်တွေရဲ့ သုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်း တင်ပြထားပါတယ်။

မြန်မာအသင်းဟာ အုပ်စု A မှာ အိမ်ရှင်ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ တီမောလက်စတေတို့ကိုနိုင်ပြီး မလေးရှားကိုသရေနဲ့ အုပ်စု ဗိုလ်နဲ့ အကြိုဗိုလ်လုပွဲ တက်ခဲ့တာပါ။ ဆိုတော့ အင်ဒိုနီးရှားနဲ့ ကစားမယ့်ပွဲအပေါ်မှာ အားကစားကလောင်ရှင်တွေက ဘယ်လိုခန့်မှန်းပါသလဲ။ အားကစားကလောင်ရှင် ဦးမြတ်သက်ကတော့ မြန်မာအသင်းအနေနဲ့

“ဒီကနေ့ ကန်မယ့် ကလေးတွေကို သဘောကျတယ်။ နည်းပြလည်း သဘောကျပါတယ်။ ဟိုနေ့က ကမ္ဘောဒီးယားကို ကန်သွားတဲ့ ခြေတွေ တော်တေ်ာကောင်းတယ် လုံး၀ ဘောလုံးအပေးမခံဘူး။ ကမ္ဘောဒီးယား ခြေထောက်ထဲရောက်တာနဲ့ ဖြတ်တယ်။ ရှေ့တန်းက လူတွေ တကိုယ်ကောင်းမဆန်ဖို့တော့လိုတယ် ကျနော်တို့တို့ ခံစစ်နဲ့ ဂိုးသမားမကျွံ ဖို့ပဲ။ အင်ဒိုနီးရှားကတော့ ဟိုဘက် ဒီဘက် ၅၀-၅၀ ပဲ ပြီးတော့ ဗိုလ်လုပွဲ တက်သွားမယ်။ ကျနော်တို့က မြန်မာဘက်ကတော့ မျှော်လင့်ထားပါတယ် တက်နိုင်မယ်လို့ ထင်တယ်။”

ဒါ့အပြင် ကိုဇော်မျိုးသန့်ကတော့ အင်ဒိုနီးရှားနဲ့ပွဲအပေါ် အခုလိုသုံးသပ်ပါတယ်။

“အင်ဒိုနီးရှားက ထိုင်းကိုနိုင်ပြီးတော့ အကြိုဗိုလ်လုပွဲ တက်လာတယ်ဆိုပေမယ့် သိပ်တော့ ကိုယ့်ဘက်က ကြောက်နေစရာမရှိဘူးလို့ ကျနော်ကတော့ အဲလိုသုံးသပ်ချင်တယ်။ အဓိကတော့ ကစားသမားတွေ ဖိဖိစီးစီး ညီညီညွှတ်ညွတ်နဲ့ ရတဲ့အချိန်လေးတွေ တည်တည်ငြိမ်ငြိမ် တန်ဖိုးရှိရှိ အသုံးချနိုင်ဖို့အရေးကြီးတယ် ကျနော်တို့နဲ့ သူတို့နဲ့ ၅၀ ရာခိုင်နှုန်းစီပဲ ရှိတယ်လို့ ကျနေ်ာအဲလို သုံးသပ်ချင်တယ်။ ကျနေ်ာတို့က အောက်အသင်းပေ့ါဗျာ သို့သော်လည်း အောက်အသင်းဆိုပေမယ် အုပ်စု ပထမအနေနဲ့ တက်လာတာလေ၊ သူတို့က အုပ်စု ဒုတိယဆိုတော့ အုပ်စု ပထမအသင်းကတော့ ပိုပြီးတော့ နိုင်ခြေများတယ်လို့ ကျနော်အဲလိုပဲ သုံးသပ်ချင်ပါတယ်။ နိုင်မယ်ပေါ့ဗျာ အင်ဒိုနီးရှားကို နိုင်ပြီး ဗိုလ်လုပွဲ တက်မယ်ပေါ့ဗျာ။”

မြန်မာနိုင်ငံအနေနဲ့ အခုနှစ် ဆီးဂိမ်းမှာ နောက်ထပ် ဆုတံဆိပ်တွေ ဘယ်လောက်ထပ်ရပြီး၊ မြန်မာဘောလုံးအသင်းအနေနဲ့လည်း အင်ဒိုနီးရှားကို အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစွာနဲ့ပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG