သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

SEA Games ၿပိဳင္ပြဲဝင္ ျမန္မာအားကစားအဖြဲ႔ ဆုတံဆိပ္ရရွိမႈ အေျခအေန အလားအလာ


SEA Games ဆုတံဆိပ္ရရွိမႈ ဇယ်ား

(Zawgyi/Unicode)

ဖိလစ္ပိုင္ႏုိင္ငံမွာက်င္းပေနတဲ့ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပဲြမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ျမန္မာအားကစားအဖဲြ႔ဟာ ဇြန္လ ၆ ရက္ ဒီကေန႔မွာ ျမန္မာက ဂ်ဴဒို နဲ႔ ကႏူးေလွေလွာ္ၿပိဳင္ပဲြေတြမွာ ေငြတံဆိပ္ ၂ ခု ထပ္ရၿပီး အဆင့္ ၇ မွာ ရပ္တည္ေနပါတယ္။ ၿပီးခဲ့တဲ့ မေလးရွားဆီးဂိမ္းမွာတုန္းက ျမန္မာက ေရႊ ၇ ခုရခဲ့ေပမယ့္ အခုႏွစ္မွာ ၿပိဳင္ပဲြၿပီးဆုံးဖို႔ ၅ ရက္ေလာက္သာလုိေတာ့တဲ့အတြက္ ျမန္မာႏုိင္ငံအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က ဆုတံဆိပ္အေရအတြက္ကို မီနုိင္ပါ့မလားဆုိတာလည္း စိုးရိမ္မႈေတြရွိေနပါတယ္။ ဆီးဂိမ္းၿပိဳင္ပဲြမွာ ျမန္မာအားကစားအဖဲြ႔ရဲ႕ ဆုရရွိမႈ အေျခအေနအေပၚ သံုးသပ္ခ်က္ေတြကို ကိုရန္နုိင္က စုစည္းတင္ျပထားပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံမွာက်င္းပေနတဲ့ အႀကိမ္ ၃၀ ေျမာက္ ဆီးဂိမ္း အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပဲြမွာေတာ့ ျမန္မာႏုိင္ငံက ဒီကေန႔မွာ ေငြတံဆိပ္ ၂ ခု နဲ႔ ေၾကးတံဆိပ္ ၁ ရခဲ့ပါတယ္။ ဂ်ဴဒိုၿပိဳင္ပဲြ အမ်ိဳးသမီး ၇၈ ကီလိုတန္းမွာ ျမန္မာက ေအးေအးေအာင္က ထုိင္းက Oeda Ikumi ကို ရႈံးၿပီး ဒုတိယ ေငြတံဆိပ္တခုရခဲ့ၿပီး၊ ကနူးေလွေလွာ္ၿပိဳင္ပဲြ အမ်ိဳးသား ၂ ေယာက္တဲြ မီတာ ၁၀၀၀ မွာ စိုင္းမင္းေ၀ နဲ႔ ေအာင္ၿဖိဳးဟိန္း တုိ႔အတဲြက ဒုတိယေငြတံဆိပ္ တခု ရခဲ့ပါတယ္။ အမ်ိဳးသား ၂ ေယာက္တဲဲြ စႏူကာၿပိဳင္ပဲြမွာေတာ့ ကိုထက္ နဲ႔ သက္မင္းလင္း တုိ႔က တတိယေၾကးတံဆိပ္တခု ရပါတယ္။

မေန႔ ဒီဇင္ဘာ ၅ ရက္ေန႔ကေတာ့ ျမန္မာက ေအာင္မိုးသူ နဲ႔ ျမင့္ေက်ာ္ဖုန္းတုိ႔က ဘိလိယက္ 9 Balls ၂ ေယာက္တြဲၿပိဳင္ပဲြမွာ ေရႊတံဆိပ္ ရခဲ့တာေၾကာင့္ ျမန္မာႏုိင္ငံအတြက္ ဒုတိယေျမာက္ ေရႊတံဆိပ္ကို ရယူႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီဇင္ဘာ ၆ ရက္ေန႔ ညေနပိုင္းအထိေတာ့ ျမန္မာႏုိင္ငံက ေရႊ ၂ ခု ၊ ေငြ ၁၀ ခု ၊ ေၾကး ၂၃ ခု နဲ႔ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ဆီးဂိမ္းမွာတုန္းက ျမန္မာ ေရႊ ၇ ခု ၊ ေငြ ၁၀ ခု ေၾကး ၂၀ ခု ရၿပီးေတာ့ အဆင့္ ၇ ခ်ိတ္ခဲ့ပါတယ္။ ဒါေပမဲ့ အခုႏွစ္ ၿပိဳင္ပဲြၿပီးဆုံးဖို႔ ၅ ရက္သာလိုေတာ့တာေၾကာင့္ ျမန္မာနုိင္ငံအေနနဲ႔ မေလးရွားႏုိ္င္ငံမွာ ၂၀၁၇ ခုႏွစ္က က်င္းပခဲ့တဲ့ ၂၉ ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပဲြမွာ ရတုန္းက ဆုတံဆိပ္အေရအတြက္ကို မီွႏုိင္မလားဆုိတာကလည္း ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးအားကစားကေလာင္ရွင္ ကိုေဇာ္မ်ိဳးသန္႔ကေတာ့

“မႏွစ္က ဆုစံခ်ိန္ကို မီဖို႔ကေတာ့ ေတာ္ေတာ္ေလး ျဖစ္ႏုိုင္ေျခနည္းသြားၿပီလို႔ ေျပာရမွာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ က ေရႊက ပိုက္ေက်ာ္ျခင္းက ေလးခုရတယ္၊ ဝူ႐ႈးက ႏွစ္ခုရတယ္၊ ေသနတ္ပစ္က ၁ ခုရတယ္၊ စုစုေပါင္း အားကစားနည္း သံုးခုက ေရႊ ခုနစ္ခု ရခဲ့တာေပါ့။ ဒီႏွစ္မွာ ပိုက္ေက်ာ္ျခင္းကလည္း ရဖို႔က ေတာ္ေတာ္ အလားအလာနည္းသြားၿပီ။ ဝူ႐ႈးကေတာ့ ၿပိဳင္ပြဲေတြက ၿပီး သေလာက္ရွိသြားတဲ့အခ်ိန္မွာ ေၾကးတံဆိပ္၊ ေငြတံဆိပ္ေတြနဲ႔ပဲ ေျဖသိမ့္လိုက္ရတယ္။ ဆိုေတာ့ လက္ရွိအေနအထားအရရယ္၊ လက္က်န္ၿပိဳင္ပြဲေတြမွာလည္း ျမန္မာ ေရႊရဖို႔ဆိုတာက ျဖစ္ႏုိင္ေျခ ေတာ္ေတာ့္ကို နည္းတဲ့ၿပိဳင္ပြဲေတြေလ … ဆိုေတာ့ ဒီ SEA Games ၿပိဳင္ပြဲမွာ ျမန္မာအားကစားအဖြဲ႔က ၿပီးခဲ့တဲ့ႏွစ္ကစံခ်ိန္ကို ျပန္မီဖို႔ဆိုတာေတာ့ ျဖစ္ႏုိင္ေျခ ေတာ္ေတာ္ေလး နည္းသြားၿပီလို႔ က်ေနာ္ေတာ့ အဲဒီလိုပဲ သံုးသပ္ခ်င္ပါတယ္။”

ဒါ့အျပင္ ဒီႏွစ္မွာ အခုေလာေလာဆယ္ ျမန္မာအသင္းရထားတဲ့ ဆုတံဆိပ္အမ်ားစုဟာ Arnish ၿပိဳင္ပဲြကျဖစ္ၿပီး၊ ေရႊတံဆိပ္ ၂ ခုကိုေတာ့ Arnish နဲ႔ ဘိလိယက္ၿပိဳင္ပဲြေတြက ရထားတာျဖစ္ပါတယ္။ အိုလံပစ္အားကစားနည္းေတြထဲကေတာ့ ဂ်ဴဒိုနဲ႔ အေလးမတုိ႔ကေန ေငြတံဆိပ္ ၁ ခု စီပဲ ရထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံဟာ အိုလံပစ္အားကစားနည္းေတြမွာ ဆုရရွိမႈနည္းလာၿပီး ေအာင္ျမင္မႈေတြ က်ဆင္းလာေန တယ္လို႔ ကုိေဇာ္မ်ိဳးသန္႔ကဆုိပါတယ္။

“အိုလံပစ္အားကစားနည္းေတြမွာ ေအာင္ျမင္မႈ က်ဆင္းလာတာ ဘယ္လုိေနမလဲဆိုေတာ့ မ်ဳိးဆက္သစ္ အားကစားသမား လံုးဝ မရွိသေလာက္ ျဖစ္သြားတာရယ္၊ ေနာက္ၿပီးေတာ့ ေရႊတံဆိပ္ရဖို႔အတြက္ကိုပဲ အေလးထားၿပီး ၿပိဳင္ေနတာေတြရယ္ေၾကာင့္လို႔ က်ေနာ္ေတာ့ အဲဒီလိုပဲျမင္ပါတယ္။

“ဥပမာဗ်ာ ဒီႏွစ္ရသြားတဲ့ Arnis ဆိုလုိ႔ရွိရင္ SEA Games ၿပိဳင္ပြဲ သမိုင္းတေလွ်ာက္မွာ အခုတႀကိမ္နဲ႔မွ သံုးႀကိမ္ထဲ ထည့္ၿပီး က်င္းပေသးတယ္။ ဖိလစ္ပိုင္က သူတို႔အိမ္ရွင္လုပ္တဲ့အႀကိမ္မွာ ထည့္ၿပီးက်င္းပတဲ့ အားကစားနည္း၊ ဆိုေတာ့ က်ေနာ္တို႔က ဝင္ ၿပိဳင္တယ္၊ ေရႊ ၁ ခုရတယ္။ ႏုိင္ငံအတြက္ ေရႊယူလာတာဆိုေတာ့ ဂုဏ္ယူစရာေတာ့ ေကာင္းတာေပါ့့ဗ်ာ။ သို႔ေသာ္လည္းပဲ ေရႊရဖို႔ အတြက္ အဲဒီအားကစားနည္းေတြေနာက္ကို လိုက္ေနရင္းကေနၿပီးေတာ့ ဒီဘက္က အိုလံပစ္အားကစားနည္းေတြမွာက်ေတာ့ က်ေနာ္တို႔ႏုိင္ငံရဲ႕ ေရႊတံဆိပ္္ရရွိမႈက တႏွစ္ထက္တႏွစ္ ပိုပိုၿပီးေတာ့ က်လာတာကေတာ့ ေတာ္ေတာ္ေလး စဥ္းစားစရာေကာင္းတဲ့ အခ်က္လို႔ပဲျမင္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္


....................

SEA Games ပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ဆုတံဆိပ်ရရှိမှု အခြေအနေ အလားအလာ

(Unicode)

ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲ့ဟာ ဇွန်လ ၆ ရက် ဒီကနေ့မှာ မြန်မာက ဂျူဒို နဲ့ ကနူးလှေလှော်ပြိုင်ပွဲတွေမှာ ငွေတံဆိပ် ၂ ခု ထပ်ရပြီး အဆင့် ၇ မှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ မလေးရှားဆီးဂိမ်းမှာတုန်းက မြန်မာက ရွှေ ၇ ခုရခဲ့ပေမယ့် အခုနှစ်မှာ ပြိုင်ပွဲပြီးဆုံးဖို့ ၅ ရက်လောက်သာလိုတော့တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဆုတံဆိပ်အရေအတွက်ကို မီနိုင်ပါ့မလားဆိုတာလည်း စိုးရိမ်မှုတွေရှိနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ရဲ့ ဆုရရှိမှု အခြေအနေအပေါ် သုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် ဆီးဂိမ်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ဒီကနေ့မှာ ငွေတံဆိပ် ၂ ခု နဲ့ ကြေးတံဆိပ် ၁ ရခဲ့ပါတယ်။ ဂျူဒိုပြိုင်ပွဲ အမျိုးသမီး ၇၈ ကီလိုတန်းမှာ မြန်မာက အေးအေးအောင်က ထိုင်းက Oeda Ikumi ကို ရှုံးပြီး ဒုတိယ ငွေတံဆိပ်တခုရခဲ့ပြီး၊ ကနူးလှေလှော်ပြိုင်ပွဲ အမျိုးသား ၂ ယောက်တွဲ မီတာ ၁၀၀၀ မှာ စိုင်းမင်းေ၀ နဲ့ အောင်ဖြိုးဟိန်း တို့အတွဲက ဒုတိယငွေတံဆိပ် တခု ရခဲ့ပါတယ်။ အမျိုးသား ၂ ယောက်တဲွဲ စနူကာပြိုင်ပွဲမှာတော့ ကိုထက် နဲ့ သက်မင်းလင်း တို့က တတိယကြေးတံဆိပ်တခု ရပါတယ်။

မနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကတော့ မြန်မာက အောင်မိုးသူ နဲ့ မြင့်ကျော်ဖုန်းတို့က ဘိလိယက် 9 Balls ၂ ယောက်တွဲပြိုင်ပွဲမှာ ရွှေတံဆိပ် ရခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းအထိတော့ မြန်မာနိုင်ငံက ရွှေ ၂ ခု ၊ ငွေ ၁၀ ခု ၊ ကြေး ၂၃ ခု နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ဆီးဂိမ်းမှာတုန်းက မြန်မာ ရွှေ ၇ ခု ၊ ငွေ ၁၀ ခု ကြေး ၂၀ ခု ရပြီးတော့ အဆင့် ၇ ချိတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ပြိုင်ပွဲပြီးဆုံးဖို့ ၅ ရက်သာလိုတော့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ မလေးရှားနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ရတုန်းက ဆုတံဆိပ်အရေအတွက်ကို မှီနိုင်မလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးအားကစားကလောင်ရှင် ကိုဇော်မျိုးသန့်ကတော့

“မနှစ်က ဆုစံချိန်ကို မီဖို့ကတော့ တော်တော်လေး ဖြစ်နိုင်ခြေနည်းသွားပြီလို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ် က ရွှေက ပိုက်ကျော်ခြင်းက လေးခုရတယ်၊ ဝူရှုးက နှစ်ခုရတယ်၊ သေနတ်ပစ်က ၁ ခုရတယ်၊ စုစုပေါင်း အားကစားနည်း သုံးခုက ရွှေ ခုနစ်ခု ရခဲ့တာပေါ့။ ဒီနှစ်မှာ ပိုက်ကျော်ခြင်းကလည်း ရဖို့က တော်တော် အလားအလာနည်းသွားပြီ။ ဝူရှုးကတော့ ပြိုင်ပွဲတွေက ပြီး သလောက်ရှိသွားတဲ့အချိန်မှာ ကြေးတံဆိပ်၊ ငွေတံဆိပ်တွေနဲ့ပဲ ဖြေသိမ့်လိုက်ရတယ်။ ဆိုတော့ လက်ရှိအနေအထားအရရယ်၊ လက်ကျန်ပြိုင်ပွဲတွေမှာလည်း မြန်မာ ရွှေရဖို့ဆိုတာက ဖြစ်နိုင်ခြေ တော်တော့်ကို နည်းတဲ့ပြိုင်ပွဲတွေလေ … ဆိုတော့ ဒီ SEA Games ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ပြီးခဲ့တဲ့နှစ်ကစံချိန်ကို ပြန်မီဖို့ဆိုတာတော့ ဖြစ်နိုင်ခြေ တော်တော်လေး နည်းသွားပြီလို့ ကျနော်တော့ အဲဒီလိုပဲ သုံးသပ်ချင်ပါတယ်။”

ဒါ့အပြင် ဒီနှစ်မှာ အခုလောလောဆယ် မြန်မာအသင်းရထားတဲ့ ဆုတံဆိပ်အများစုဟာ Arnish ပြိုင်ပွဲကဖြစ်ပြီး၊ ရွှေတံဆိပ် ၂ ခုကိုတော့ Arnish နဲ့ ဘိလိယက်ပြိုင်ပွဲတွေက ရထားတာဖြစ်ပါတယ်။ အိုလံပစ်အားကစားနည်းတွေထဲကတော့ ဂျူဒိုနဲ့ အလေးမတို့ကနေ ငွေတံဆိပ် ၁ ခု စီပဲ ရထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အိုလံပစ်အားကစားနည်းတွေမှာ ဆုရရှိမှုနည်းလာပြီး အောင်မြင်မှုတွေ ကျဆင်းလာနေ တယ်လို့ ကိုဇော်မျိုးသန့်ကဆိုပါတယ်။

“အိုလံပစ်အားကစားနည်းတွေမှာ အောင်မြင်မှု ကျဆင်းလာတာ ဘယ်လိုနေမလဲဆိုတော့ မျိုးဆက်သစ် အားကစားသမား လုံးဝ မရှိသလောက် ဖြစ်သွားတာရယ်၊ နောက်ပြီးတော့ ရွှေတံဆိပ်ရဖို့အတွက်ကိုပဲ အလေးထားပြီး ပြိုင်နေတာတွေရယ်ကြောင့်လို့ ကျနော်တော့ အဲဒီလိုပဲမြင်ပါတယ်။

“ဥပမာဗျာ ဒီနှစ်ရသွားတဲ့ Arnis ဆိုလို့ရှိရင် SEA Games ပြိုင်ပွဲ သမိုင်းတလျှောက်မှာ အခုတကြိမ်နဲ့မှ သုံးကြိမ်ထဲ ထည့်ပြီး ကျင်းပသေးတယ်။ ဖိလစ်ပိုင်က သူတို့အိမ်ရှင်လုပ်တဲ့အကြိမ်မှာ ထည့်ပြီးကျင်းပတဲ့ အားကစားနည်း၊ ဆိုတော့ ကျနော်တို့က ဝင် ပြိုင်တယ်၊ ရွှေ ၁ ခုရတယ်။ နိုင်ငံအတွက် ရွှေယူလာတာဆိုတော့ ဂုဏ်ယူစရာတော့ ကောင်းတာပေါ့ဗျာ။ သို့သော်လည်းပဲ ရွှေရဖို့ အတွက် အဲဒီအားကစားနည်းတွေနောက်ကို လိုက်နေရင်းကနေပြီးတော့ ဒီဘက်က အိုလံပစ်အားကစားနည်းတွေမှာကျတော့ ကျနော်တို့နိုင်ငံရဲ့ ရွှေတံဆိပ်ရရှိမှုက တနှစ်ထက်တနှစ် ပိုပိုပြီးတော့ ကျလာတာကတော့ တော်တော်လေး စဉ်းစားစရာကောင်းတဲ့ အချက်လို့ပဲမြင်ပါတယ်။”

XS
SM
MD
LG