G7 ထိပ်သီး ဒုတိယနေ့ဆွေးနွေး

အီတလီနိုင်ငံ Borgo Egnazia မှာကျင်းပတဲ့ G7 ထိပ်သီးတွေ့ဆုံမှုအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဦးဆောင်ဆွေးနွေးနေတဲ့ AI ဉာဏ်ရည်တု နည်းပညာဆိုင်ရာဆွေးနွေးပွဲ (ဇွန် ၁၄၊ ၂၀၂၄)

ကမ္ဘာ့အချမ်းသာဆုံး ၇ နိုင်ငံရဲ့ G7 ထိပ်သီးစည်းဝေးပွဲ ဒုတိယနေ့မှာ အာရှ−ပစိဖိတ်ဒေသ လုံခြုံရေး၊ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်အောင် ရှောင်ရှားတဲ့ တချိန်တည်းမှာ ဥရောပစီးပွားရေးလုပ်ငန်းတွေကို ဘယ်လို အကောင်းဆုံးကာကွယ်နိုင်မလဲဆိုတာနဲ့ ဥရောပနိုင်ငံတွေ အဓိက ကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းဝင်ရောက်မှု ပြဿနာတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
လျှပ်စစ်ကားတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် နည်းပညာနဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကုန်သွယ်ရာမှာ မျှတတဲ့ ကုန်သွယ်မှုဖြစ်ဖို့၊ အထူးသဖြင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နဲ့ ကုန်သွယ်ရေး ပြဿနာတွေကို ကိုင်တွယ်ဖို့ အဓိက ဆွေးနွေးကြပါတယ်။
အာရှပစိဖိတ်ဒေသ လုံခြုံရေးဆွေးနွေးပွဲကိုတော့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ဦးဆောင်ပြီး တရုတ်နဲ့ အိမ်နီချင်းနိုင်ငံတွေကြား နယ်မြေ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေနဲ့ မြောက်ကိုရီးယား နျူကလီးယား ပြဿနာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အခြားဖတ်ရှုစရာ

မြန်မာနဲ့ နိုင်ငံတကာမှာ ငတ်မွတ်ခေါင်းပါးမှုဟန့်တားနိုင်ရေး G-7 နိုင်ငံတွေကာကွယ်ပေးဖို့ ကုလ တောင်းဆိုယူကရိန်းကို ဒေါ်လာ ဘီလီယံ ၅၀ ချေးဖို့ G7 ဆုံးဖြတ် G-7 ထိပ်သီးအစည်းအဝေး အီတလီမှာ စတင်

AI ဉာဏ်ရည်တု နည်းပညာဆိုင်ရာဆွေးနွေးပွဲကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ AI နည်းပညာသုံး အလိုအလျောက် လူသတ်လက်နက်တွေကို တားမြစ်ဖို့ ပုပ်ရဟန်းမင်းကြီးက G7 ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒီလက်နက်တွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေမှာ ဝမ်းနည်းစရာအဖြစ်တွေကြုံနေရတာကြောင့် ဒီလိုလက်နက်မျိုးတွေ ထုတ်လုပ် အသုံးပြုမှု တားမြစ်‌ရေး အမြန်ဆုံး စဉ်းစားပါပေးဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့လည်း ဒီကနေ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။ G7 နိုင်ငံတွေက ဘဏ္ဍာငွေကြေးလုပ်ငန်းတွေမှာ ရုရှားအပ်နှံထားတဲ့ ပိုင်ဆိုင်မှုတွေကရလာမယ့် အမြတ်တွေကို အာမခံသဘောထားပြီး ယူကရိန်းကို ဒေါ်လာဘီလျံ ၅၀ ငွေချေးဖို့ G7 ခေါင်းဆောင်တွေ အတည်ပြုခဲ့ပါတယ်။

Your browser doesn’t support HTML5

G7 ထိပ်သီး ဒုတိယနေ့ဆွေးနွေး