သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေးခြိမ်းခြောက်မှုဟန့်တားဖို့ G7 ထိပ်သီး ကန်တိုက်တွန်းဖွယ်ရှိ


ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၃ G7 ထိပ်သီးအစည်းအဝေး တက်ရောက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (မေ ၂၁၊ ၂၀၂၃)
ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၃ G7 ထိပ်သီးအစည်းအဝေး တက်ရောက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (မေ ၂၁၊ ၂၀၂၃)

ဇွန်လ ၁၃ ကနေ ၁၅ အထိ အီတလီနိုင်ငံမှာကျင်းပမယ့် စက်မှုထိပ်သီး ညီလာခံမှာ တရုတ်ရဲ့ စီးပွါးရေးခြိမ်းခြောက်မှုနဲ့ ရုရှားရဲ့ ယူကရိန်းထိုးစစ် ခြိမ်းခြောက်မှုနှစ်ရပ်ကိုဟန့်တားပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံစိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းဖွယ် ရှိနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်ချက်တွေထဲမှာ အခြေခံ အဆောက်အအုံဆိုင်ရာ ရံပုံငွေနဲ့ AI ခေါ် ဉာဏ်ရည်တုကိစ္စတွေလည်း ပါဝင်ကြပါတယ်။ တရုတ်က ဝယ်လိုအားထက် ပိုထုတ်လုပ်နေတဲ့ကိစ္စ၊ သဘာဝပတ်ဝန်းကျင်မပျက်စီးစေတဲ့ နည်းပညာကိစ္စ၊ ယူကရိန်းက ခုခံစစ်ဆင်နွှဲရာမှာ အနောက်မှာထိန်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို အသုံးချနိုင်မယ့် နည်းနာယန္တရားအပေါ်မှာ သဘောတူညီချက် ရရှိဖို့ သမ္မတဘိုင်ဒန်က ရည်ရွယ်ထားကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်က ဗွီအိုအေကို ပြောပါတယ်။

အနောက်နိုင်ငံတွေမှာ ရုရှားပိုင်ဆိုင်မှု ဘီလီယံ ၂၈၀ လောက် ရှိနေပါတယ်။ အစီအစဥ်အရ ယူကရိန်းက ချေးငွေ ဘီလီယံ ၅၀ အထိရရှိမှာဖြစ်ပြီး ရုရှားပိုင်ဆိုင်မှု ဘီလီယံ ၂၈၀ ကဖြစ်လာတဲ့ ခန့်မှန်းအတိုးငွေ တနှစ်ကို ၃ ဘီလီယံ နဲ့ အဲဒီချေးငွေကို ပြန်ဆပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လကျ်ာနိုင်ငံရေးက ဥရောပမှာ အားကောင်းလာတာမို့ အားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဥရောပ သမဂ္ဂမှာ နိုင်ငံရေး ချိန်ခွင်လျှာက သမ္မတဘိုင်ဒန် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ဖို့ မသေမချာဖြစ်နေနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG