Blinken နဲ့ Lavrov အလွတ်သဘောဆွေးနွေး 

ရုရှားနိုင်ငံခြားရေးဝန်ကြီး (ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေး (ယာ) တို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ G20 နိုင်ငံခြားရေးအစည်းအဝေးအတွင်းတွေ့ရစဉ် (မတ် ၂၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာကျင်းပနေတဲ့ G 20 အစည်းအဝေးတက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။ G-20 ညီလာခံ ဘေးပန်းမှာ ၁၀ မိနစ်လောက် နိုင်ငံခြားရေးဝန်ကြီး ၂ ယောက် တေ့ွဆုံခဲ့ကြတယ်လို့ အမေရိကန်တာဝန်ရှိသူတွေ ပြောပါတယ်။

ယူကရိန်းကို ရုရှားစစ်ဝင်တိုက်တဲ့ကိစ္စကြောင့် ၂ နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ ခုလို အချိန်တိုဆွေးနွေးခဲ့တာဖြစ်သလို ယူကရိန်းစစ်ပွဲ စတင်ချိန်ထဲကဆိုရင် ပထမဆုံးအကြိမ် တေ့ွဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးမသတ်မချင်း အမေရိကန်က ယူကရိန်းကို ထောက်ခံသွားမယ်ဆိုတဲ့အကြောင်း၊ New START နျူးကလီးယားစာချုပ်ကနေနှုတ်ထွက်တဲ့ ရုရှားဆုံးဖြတ်ချက်ကို ပြန်ပြင်သင့်ကြောင်းနဲ့ ရုရှားက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား Paul Whelan ကို ပြန်လွှတ်ပေးသင့်တဲ့အကြောင်းစတဲ့ အချက် ၃ ခုကို ပြောခဲ့တယ်လို့ အမေရိကန်ထိပ်တန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

G-20 နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ယူကရိန်းအရေး ဆွေးနွေးဖို့ရှိ

ယူကရိန်းအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုဟာ ယိမ်းယိုင်သွားလိမ့်မယ်ဆိုတဲ့ အယူအဆအလွဲကိုလည်းလုံးဝ ဖျောက်လိုက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Bliken က ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ကို ပြောခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

Blinken နဲ့ Lavrov အလွတ်သဘောဆွေးနွေး

[Unicode]


