မြင်းခြံ ဓာတ်အားပေးစက်ရုံလုပ်ငန်း ယာယီရပ်ဆိုင်းကြောင်း စင်္ကာပူ Sembcorp ကုမ္ပဏီ ကြေညာ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက စင်္ကာပူကုမ္ပဏီ Sembcorp Industries ပိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံအားတွေ့ရစဉ် (မတ် ၂၀၁၉)

မြန်မာနိုင်ငံ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဓာတ်အားပေးစက်ရုံလုပ်ငန်းကို နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဒီကနေ့ပဲ ယာယီရပ်ဆိုင်းလိုက်ကြောင်း စင်္ကာပူကုမ္ပဏီ Sembcorp Industries က ကြေညာလိုက်ပါတယ်။ လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံလုပ်ငန်းတွေကို နယ်မြေလုံခြုံရေး အခြေအနေအရ ဆိုင်းငံ့လိုက်ပြီး၊ လုံခြုံမှုရှိပြီး သင့်တော်တဲ့အချိန်မှာ ပြန်လည်ပတ်မှာဖြစ်ကြောင်း ကုမ္ပဏီက ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

မြင်းခြံဓာတ်အားပေးစက်ရုံကိုတော့ Sembcorp က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံပြီး ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှာ စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပြီး မကြာသေးခင် လတွေကစ မန္တလေးတိုင်း အပါအဝင် နိုင်ငံအနှံ့ တိုက်ပွဲတွေလည်း ကျယ်ပြန့်လာနေတာပါ။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက စင်္ကာပူကုမ္ပဏီ Sembcorp Industries ပိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံအားတွေ့ရစဉ် (မတ် ၂၀၁၉)

နိုင်ငံရေး အကျပ်အတည်းတွေနဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းတွေမှာ ရိုက်ခတ်မှုတွေလည်း ကြုံနေရပါတယ်။

ဂျပန်နိုင်ငံက Unicharm ကော်ပိုရေးရှင်းလုပ်ငန်းဟာလည်း နိုင်ငံခြားငွေကြေး လွှဲပြောင်းမှုတွေမှာ ကန့်သတ်ချက်တွေနဲ့ တခြား စီးပွားရေးလုပ်ဖို့ ခက်ခဲလာတဲ့ အခြေအနေတွေကို အကြောင်းပြပြီး မြန်မာနိုင်ငံက လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်တာကို ရပ်ဆိုင်းလိုက်ကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။

Your browser doesn’t support HTML5

မြင်းခြံ ဓာတ်အားပေးစက်ရုံလုပ်ငန်း ယာယီရပ်ဆိုင်းကြောင်း စင်္ကာပူ Sembcorp ကုမ္ပဏီ ကြေညာ