[Zawgyi/Unicode]
လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က မြန်မာစစ်ဘက်ကို တောင်းဆိုလိုက်ပါတယ်။
နိုင်ငံ ရှေ့ဆက်သွားနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပါလို့ စင်္ကာပူဝန်ကြီးချုပ်က တောင်းဆိုသလို ဒဏ်ခတ်အရေးယူတာတွေဟာ စစ်ဘက်ထက် လူထုကို ထိခိုက်မယ်လို့လည်း ဆိုပါတယ်။
SEE ALSO: ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦး CRPH ခန့်အပ်စစ်ဘက်နည်းလမ်းဟာ ဘယ်ကိုမှရောက်မှာ မဟုတ်ဘူးဆိုတာကို မြန်မာစစ်ဘက်အနေနဲ့ အတိတ်ကနေ သင်ခန်းစာယူပြီး ရွေးကောက်ခံ အရပ်သားအစိုးရနဲ့ သဘောတူညီချက်တခုရယူရေး လုပ်ဆောင်တာကသာ တိုင်းပြည်အတွက် အကျိုးဖြစ်စေလိမ့်မယ်လို့ BBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း စင်္ကာပူဝန်ကြီးချုပ်က Lee Hsien Loong က ပြောသွားပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) မှာ အစည်းအဝေးလုပ်နေချိန်မှာပဲ စင်္ကာပူဝန်ကြီးချုပ်ရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။
[Unicode Version]