တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားရေပြင်မှာ ဖိလစ်ပိုင် စွမ်းအင်ရှာဖို့ဆုံးဖြတ်

ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီး Alfonso Cusi

[Zawgyi/Unicode]

တောင်တရုတ်ပင်လယ်တွင်း ရေနံနဲ့ ဓာတ်ငွေ့ရှာဖွေ တူးဖော်ရေးလုပ်ငန်းတွေ ၆ နှစ်ကြာ ယာယီတားမြစ်ထားတဲ့ အမိန့်ကို ဖိလစ်ပိုင်အစိုးရက ရုပ်သိမ်းလိုက်တာဟာ ကိုယ့်တနိုင်ငံရဲ့သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်စွမ်းအင်ဝန်ကြီးက သောကြာနေ့မှာပြောပါတယ်။

တောင်တရုတ်ပင်လယ်တွင်း စွမ်းအင်ရှာဖွေရေးလုပ်ငန်းတွေကို ဖိလစ်ပိုင်နိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ မေ ျှာ်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Zhap Lijan က ပြောထားချိန်မှာပဲ ဖိလစ်ပိုင်အစိုးရရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

SEE ALSO: ကန်-တရုတ် ဆက်ဆံရေးတင်းမာနေချိန် အာရှမှာ အမေရိကန်ရှိဖို့လို (ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး)

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်မှာ စွမ်းအင်ရှာဖွေရေး ပူးတွဲလုပ်ဆောင်နိုင်ခြေဆိုင်ရာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို အခုဆုံးဖြတ်ချက်က ထိခိုက်စေမှာမဟုတ်ဘူးလို့ စွမ်းအင်ဝန်ကြီး Alfonso Cusi ကသတင်းထောက်တွေကိုေ ပြာပါတယ်။

တရုတ်နဲ့ ရေပြင်ပိုင်နက်အငြင်းပွားမှုတွေကြောင့် စွမ်းအင်ရှာဖွေရေးလုပ်ငန်းတွေရပ်ထားဖို့ ၂၀၁၄ ခုနှစ်မှာချမှတ်ခဲ့တဲ့ အမိန့်ကို သမ္မတ ရိုဒရီကို ဒူတာတေးက ရုပ်သိမ်းလိုက်တဲ့အတွက် စွမ်းအင်ရှာဖွေရေးလုပ်ငန်းတွေ ပြန်စဖို့နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းစာချုပ်တွေ ထုတ်ပေးနိုင်ဖို့ လမ်းပွင့်သွားစေပါတယ်။ စွမ်းအင်ရင်းမြစ်တွေ ပေါကြွယ်လှတဲ့ တောင်တရုတ်ပင်လယ်ရေပြင်နယ်နိမိတ်ကို သူပိုင်အဖြစ် တရုတ်ရဲ့တင်ပြချက်ကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ခုံသမာဓိအဖွဲ့က ၂၀၁၆ ခုနှစ်မှာ ပယ်ချခဲ့တဲ့အပေါ် သမ္မတ ဒူတာတေးက ပြီးခဲ့တဲ့လမှာ အပြင်းထန်ဆုံး ကာကွယ်ပြောဆိုပြီးတဲ့နောက် ရေနံရှာဖွေရေး ယာယီတားမြစ်မိန့်ကို ခုလို ရပ်နားလိုက်တာလည်းဖြစ်ပါတယ်။

Your browser doesn’t support HTML5

တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားရေပြင်မှာ ဖိလစ်ပိုင် စွမ်းအင်ရှာဖို့ဆုံးဖြတ်

[Unicode Version]




SEE ALSO: တရုတ်နဲ့ အဓိပ္ပာယ်ရှိသော ဆွေးနွေးမှု ထိုင်ဝမ်လိုလား

