ဆီးရီးယား Ghouta အပစ်ရပ်ရေး လုံခြုံရေးကောင်စီ မဲမခွဲနိုင်သေး

ဆီးရီးယားနိုင်ငံမှာ ရက် (၃၀) ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ မြို.တွေကို ဝိုင်းထားတာ ရုပ်သိမ်းပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းအပေါ် အားလုံးသဘောတူချက် သောကြာနေ့ မရခဲ့ပဲ၊ စနေနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ ရွှေ.ဆိုင်းလိုက်ပါတယ်။

သောကြာနေ့မှာ ဒီမူကြမ်းကို မဲခွဲဖို့ အရင်စီစဉ်ခဲ့ပေမဲ့ ရုရှားဖက်က ဗီတိုအာဏာသုံးမှာကို ရှောင်ရှားနိုင်ရေးအတွက် ဆက်ညှိုနှိုင်းနိုင်ဖို့ သောကြာနေ့ နေ့လည်ဖက်ကို ရွေ.ခဲ့ပြီး၊ အခုနောက်ဆုံး စနေနေ့အထိ ထပ်ရွှေ့လိုက်ရတာပါ။

ဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာ ရုရှားရဲ့သဘောထားထည့်သွင်းနိုင်ဖို့နဲ့ စာသားတချို.ပြင်ဖို့ ကြိုးပမ်းညှိနှိုင်းခဲ့ရာမှာ အသေးစိတ် သဘောတူညီချက် မရခဲ့ပဲ ခုလို ထပ်ရွေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

ဆွီဒင် သံအမတ်ကြီး Olf Skoong က သဘောတူညီမှုရဖို့ နီးစပ်လာခဲ့ပေမဲ့ ကွာခြားချက်တွေကို အပြည့်အဝ သဘောတူတဲ့ အဆင့်မရောက်ခဲ့ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ တကယ်တော့ ဒီလုံခြုံရေးကောင်စီမူကြမ်းအပေါ် ကြာသပတေးနေ့တုန်းက ရုရှားက ကန့်ကွက်ကြောင်း ထုတ်ပြောခဲ့အပြီးမှာ ဒီ ကုလသမဂ္ဂ သံတမန်တွေအနေနဲ့ အားလုံးသဘောတူညီမှုရနိုင်ဖို့ အခုလို ခက်ခက်ခဲခဲ ဆက်ညှိနေကြတာပါ။

Your browser doesn’t support HTML5

ဆီးရီးယား Ghouta အပစ်ရပ်ရေး လုံခြုံရေးကောင်စီ မဲမခွဲနိုင်သေး