သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကုလဆုံးဖြတ်ချက်ချိုးဖေါက်ပြီး မြန်မာနဲ့ ဆီးရီးယားကိုလက်နက်ရောင်း


မြန်မာစစ်ခေါင်းဆောင်များနဲ့ မြောက်ကိုရီးယားတွေ့ဆုံ (ဇွန် ၂၄၊ ၂၀၀၉)
မြန်မာစစ်ခေါင်းဆောင်များနဲ့ မြောက်ကိုရီးယားတွေ့ဆုံ (ဇွန် ၂၄၊ ၂၀၀၉)

မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂက အရေးယူချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဖောက်ဖျက်ပြီး တားမြစ်ထားတဲ့ ကုန်စည်၊ လက်နက် စတာတွေကို ရောင်းချတာကနေ ၂၀၁၇ ခုနှစ်အတွင်း ဒေါ်လာ သန်း ၂၀၀ လောက် ရရှိခဲ့တယ်လို့ ကုလလက်အောက်ခံ သီးခြား စောင့်ကြည့်လေ့လာတဲ့အဖွဲ့ရဲ့ လျှို့ဝှက် အစီရင်ခံစာတစောင်မှာ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ဆီးရီးယားနဲ့ မြန်မာနိုင်ငံကိုလည်း လက်နက်ရောင်းချတယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။ ကုလလုံခြုံရေးကောင်စီရဲ့ အရေးယူဒဏ်ခတ်မှုဆိုင်ရာ ကော်မတီကို တင်ပြမယ့် အစီရင်ခံစာထဲမှာ ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ မလေးရှား ဗီယက်နမ် နိုင်ငံတွေကိုကျောက်မီးသွေး တင်ပို့ခဲ့ကြောင်းဖေါ်ပြထားတာကို ရိုက်တာသတင်းဌာနက သောကြာနေ့မှာ တွေ့ရှိခဲ့တာပါ။ အဲဒီကျောက်မီးသွေးတွေ တင်ပို့ရာနိုင်ငံတွေဟာ မြောက်ကိုရီးယားမဟုတ်ပဲ ရုရှားနဲ့ တရုတ်ဖြစ်တယ်လို့ ရေးသားထားတဲ့ စာရွက်စာတမ်း အထောက်အထား အတုတွေကို သုံးပြီး အခုလို တင်ပို့နေတာပါ။ ဒါ့အပြင် မြောက်ကိုရီးယားဟာ မြန်မာ၊ ဆီးရီးယားနိုင်ငံတွေနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာကို တွေ့ရတယ်လို့ အဲဒီစောင့်ကြည့်လေ့လာတဲ့ အဖွ့ဲကပြောပါတယ်။

ကုလဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်ကတော့ မြန်မာအစိုးရအနေနဲ့ လက်နက်ကိစ္စအပါအဝင် ဘယ်လိုအကြောင်းအရာမျိုးမှ မြောက်ကိုရီးယားအစိုးရနဲ့ အဆက်အဆံမရှိကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ လိုက်နာကြောင်း ပြောဆိုပါတယ်။

လျှို့ဝှက်အစီရင်ခံစာထဲမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆီးရီးယားရဲ့ ဓါတုလက်နက်စမ်းသပ်ရေးအစီအစဉ်ကို ကြီးကြပ်နေတဲ့ သိပ္ပံနဲ့ သုတေသနစင်တာအတွက် မြောက်ကိုရီးယားဟာ အကြိမ် ၄၀ ကျော် ပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလနဲ့ သြဂုတ်လအတွင်း ရုရှား၊ တရုတ်၊ မလေးရှားနဲ့ ဗီယက်နမ် နိုင်ငံကို မြောက်ကိုရီးယားက ကျောက်မီးသွား ၁၆ ကြိမ် ပို့ခဲ့တယ်လို့ ကုလစောင့်ကြည့်ရေးအဖွဲ့ကပြောဆိုပြီး မလေးရှားကတော့ ကျောက်မီးသွေးတင်ပို့မှုကို ကုလလုံခြုံရေးကောင်စီရဲ့ အရေးယူဒဏ်ခတ်မှုဆိုင်ရာ ကော်မတီကို အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် ပိတ်ဆို့ဒဏ်ခတ်မှုသစ်ကို သြဂုတ် ၅ရက်နေ့မှာ ထပ်မံ ချမှတ်ပြီးနောက် ရုရှား၊ တရုတ်၊ တောင်ကိုရီးယား ဗီယက်နမ်နိုင်ငံတွေကို ကျောက်မီးသွေး ၂၃ ကြိမ် ပို့ဆောင်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က စုံစမ်းသိရှိပြီး တကယ်လို့သာ အဲဒီလိုပို့ဆောင်တာတွေသာ အတည်ဖြစ်ခဲ့တယ်ဆိုရင် ဒါဟာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖေါက်တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG