ထိုင်ဝမ်အခြေစိုက် Foxconn နည်းပညာကုမ္ပဏီ အိန္ဒိယမှာပြောင်းရွေ့ ရင်းနှီးမြှုပ်နှံမည်

Foxconn စက်ရုံရှိ အလုပ်သမားများ

(Zawgyi/Unicode)

Apple ကုမ္ပဏီရဲ့ iPhones လက်ကိုင်ဖုန်းတွေကို တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ် ကုမ္ပဏီ Foxconn က အိန္ဒိယနိုင်ငံ တောင်ပိုင်း က စက်ရုံကို တိုးချဲ့ဖို့ အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုဟာ Apple ကုမ္ပဏီရဲ့ ထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံထဲကနေ တစ်ဖြည်းဖြည်း ရွှေ့ပြောင်းနေတဲ့အထဲက လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြားက ကုန်သွယ်ရေး စစ်ပွဲကြောင့် ထိခိုက်မှုတွေကို ရှောင်ရှားတဲ့ အနေနဲ့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

Foxconn ကုမ္ပဏီပိုင် စက်ရုံတချို့ကို တရုတ်နိုင်ငံ ပြင်ပကို ရွှေ့ပြောင်းဖို့ Apple ဘက်က ခိုင်ခိုင်မာမာ တောင်းဆိုနေတာ ရှိတယ်လို့ လည်း သတင်းရင်းမြစ်တခုက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အခု သတင်းနဲ့ ပတ်သက်လို့ Apple ရော၊ Foxconn ကုမ္ပဏီပါ ဝေဖန်ချက် မပေးပါဘူး။

Channaiမြို့နဲ့ မိုင် ၅၀ အကွာမှာ ရှိတဲ့ SRIPERUMBUR စက်ရုံကို တိုးချဲ့မယ့် အစီအစဉ်က သုံးနှစ် ကြာမယ် လို့လည်း ပြောပါတယ်။ အဲဒီ စက်ရုံမှာ APPLE ရဲ့ Iphone XR အမျိုးအစား လက်ကိုင်ဖုန်းတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လောလောဆယ် FOXCONN က တရုတ်နိုင်ငံထဲမှာ ထုတ်လုပ်နေတဲ့ IPhone အမျိုးအစားတစ်ချို့ကို အိန္ဒိယ တောင်ပိုင်းက အဲဒီ စက်ရုံမှာ ပြောင်းလဲ ထုတ်လုပ်မှာ ဖြစ်ပြီး အလုပ်သမား ၆ ထောင်လောက် အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံထဲ ရင်းနှီး မြှုပ်နှံမှုတွေ တိုးလုပ်မယ်လို့ ပြီးခဲ့တဲ့ လကပဲ Foxconn ကုမ္ပဏီ ဥက္ကဌLiu Young-way က ကြေညာထားခဲ့ တာပါ။ ကမ္ဘာမှာ ဒုတိယ အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ရှိတဲ့ အိန္ဒိယမှာ Apple က ဈေးကွက်ရဲ့ တစ်ရာခိုင်နှုန်းကို ရထားပါတယ်။ Apple IPhone တွေကို ထုတ်လုပ်ပေးနေတဲ့ နောက် ထိုင်ဝမ် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Wistron Corp ကုမ္ပဏီကလည်း အိန္ဒိယမှာ နောက်ထပ် စက်ရုံအသစ်တစ်ခု ဖွင့်တော့မှာ ဖြစ်ပါတယ်။ အိန္ဒိယ အလုပ်သမား လခ တရုတ်ထက် ပိုသက်သာပါတယ်။

အိန္ဒိယနိုင်ငံ ကိုယ်နှိုက်ကလည်း အီလက်ထရွန်းနစ် ပစ္စည်းတွေတိုးမြှင့်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာပါ။ ပြီးခဲ့တဲ့ လကပဲ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီကြီး ၅ ခုကို မက်လုံးတွေ ပေးထားတဲ့ အမေရိကန် ၆ ဒဿမ ၆၅ ဘီလီယံ တန်ဖိုးရှိတဲ့ စီမံကိန်း တစ်ခုကို စတင်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ထိုင်ဝမ်အခြေစိုက် Foxconn နည်းပညာကုမ္ပဏီ အိန္ဒိယမှာပြောင်းရွေ့ ရင်းနှီးမြှုပ်နှံမည်


...........


(Unicode)





အိန်ဒိယနိုငျငံထဲ ရငျးနှီး မွှုပျနှံမှုတှေ တိုးလုပျမယျလို့ ပွီးခဲ့တဲ့ လကပဲ Foxconn ကုမ်ပဏီ ဥက်ကဌLiu Young-way က ကွညောထားခဲ့ တာပါ။ ကမ်ဘာမှာ ဒုတိယ အကွီးဆုံး စမတျဖုနျး ဈေးကှကျရှိတဲ့ အိန်ဒိယမှာ Apple က ဈေးကှကျရဲ့ တဈရာခိုငျနှုနျးကို ရထားပါတယျ။ Apple IPhone တှကေို ထုတျလုပျပေးနတေဲ့ နောကျ ထိုငျဝမျ ကုမ်ပဏီတဈခု ဖွဈတဲ့ Wistron Corp ကုမ်ပဏီကလညျး အိန်ဒိယမှာ နောကျထပျ စကျရုံအသဈတဈခု ဖှင့ျတော့မှာ ဖွဈပါတယျ။ အိန်ဒိယ အလုပျသမား လခ တရုတျထကျ ပိုသကျသာပါတယျ။
