[Zawgyi]
တန်ဇန်းနီးယား လေယာဉ်ပျက်ကျမှု အနည်းဆုံး ၁၉ ဦးသေ
တန်ဇန်းနီးယားနိုင်ငံက ဗစ်တိုးရီးယားရေကန်ကြီးထဲကို တနင်္ဂနွေနေ့က ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၄၃ ဦးလိုက်ပါလာတဲ့ လေယာဉ်တစင်း ထိုးကျခဲ့တဲ့ အတွက် သေဆုံးသူ ၁၉ ဦး သေဆုံးကြောင်း ဝန်ကြီးချုပ် Kassim Majaliwa ကအတည်ပြုလိုက်ပါတယ်။ ကယ်ဆယ်ကူညီရေးတွေ ဆက်လက်လုပ်ဆောင်နေသလို ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲပဲလို့ လေကြောင်းလိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
လေယာဉ်ဟာ တန်ဇန်းနီးယားက Precision Air လေကြောင်းလိုင်းက ဖြစ်ပြီး နိုင်ငံအနောက်မြောက်ပိုင်းက ဘူကိုဘာမြို့နားအရောက်မှာ လေဆိပ်နဲ့ မီတာ ၁၀၀ လောက်မှာ ဆိုးဝါးတဲ့ ရာသီဥတုကြောင့် ရေထဲထိုးကျခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ William Mwampaghale က ပြောပါတယ်။
ဒေသကော်မရှင်နာမင်းကြီးကတော့ ခရီးသည် ၃၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦးပါ PW ၄၉၄ လေယာဉ်ဟာ Dar es Salaam ကနေ Kagera ဒေသကို ပျံသန်းလာတာ ဖြစ်ပြီး အခု ပျက်ကျခဲ့တဲ့နောက် ရေထဲကနေ ၂၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံပို့ထားတယ်လို့ အစောပိုင်းက ပြောပါတယ်။
ကယ်ဆယ်ကူညီရေးတွေ ဆက်လက်လုပ်ဆောင်နေသလို ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲပဲလို့ လေကြောင်းလိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
အခုလို ဖြစ်ပွါးမှု နဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးရသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း သမ္မတဆာမီယာဆူလူဟူ ကပြောပါတယ်။
Precision Air ဟာ ကင်ညာလေကြောင်းလိုင်းပိုင်ဖြစ်ပါတယ်။
Your browser doesn’t support HTML5
.........................................
[Unicode]