ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ Central Investigation Bureau (CIB)က ထိုင်းမြောက်ပိုင်း ချင်းမိုင် အခြေစိုက် အွန်လိုင်းလိမ်လည်ဂိုဏ်း Call Center ဂိုဏ်းနေရာ ၁၁ နေရာ ကို ဒီရက်ပိုင်းင်းအတွင်းဆက်တိုက် စီးနင်း ရှာဖွေဖမ်းဆီးခဲ့ရာမှာ မြန်မာ ၈ဦး ထိုင်းတစ်ဦး နဲ့ တရုတ်နိုင်ငံသား၅ ဦးစုစုပေါင်း၁၄ဦး ကို သက်သေခံ ဆက်သွယ်ရေးစက် အလုံး ၆၀၀ ကျော် နဲ့အတူ ထိုင်းနဲ့ နိုင်ငံတကာ ဖုန်းဆင်းကဒ် ၅၉၀,၀၀၀ နဲ့ ဖမ်းမိခဲ့တယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့က ရဲချုပ် Jiraphop Puridetက သတင်းစာရှင်းလင်းခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ Central Investigation Bureau (CIB)က ထိုင်းမြောက်ပိုင်း ချင်းမိုင် အခြေစိုက် အွန်လိုင်းလိမ်လည်ဂိုဏ်း Call Center ဂိုဏ်းနေရာ ၁၁ နေရာ ကို ဒီရက်ပိုင်းအတွင်းဆက်တိုက် စီးနင်းရှာဖွေဖမ်းဆီးခဲ့ရာမှာ မြန်မာ ၈ဦး ထိုင်းတစ်ဦး တရုတ်နိုင်ငံသား၅ဦးအပါအဝင်စုစုပေါင်း၁၄ဦး ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးမိသူတွေနဲ့အတူ သက်သေခံ ဆက်သွယ်ရေးစက် အလုံး ၆၀၀ နဲ့အတူ ဖုန်းအလုံးရေ ၁၄၀၀ကျော် လိမ်လည်ရာမှာအသုံးပြုတဲ့ ထိုင်းနဲ့ နိုင်ငံတကာ ဖုန်းဆင်းကဒ်ပေါင်း ၅၉၀,၀၀၀ ကို ဖမ်းမိကြောင်း ရဲချုပ် Jiraphop Puridet က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။
ရဲချုပ် ပြောသွားတာကတော့ အခုဖမ်းဆီးနိမ်နင်းနိုင်ခဲ့တဲ့ Call center အွန်လိုင်းလိမ်လည်ဂိုဏ်းဟာ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် အတွင်းကမြို့နယ်တွေမှာ လာရောက်အခြေချ နေတာဟာ၂ နစ်ကျော်ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံသားတွေက ဦးစီးလုပ်ကိုင်နေကြတာပါ ထိုင်းတွေကတော့ အိမ်ခြံဌားရမ်းပေးမှုတွေမှာ အမည်ခံလုပ်ဆောင်နေကြတာ ဖြစ်ပြီး မြန်မာတွေကတော့ ကွန်ပျူတာ ဆက်သွယ်ရေး အလုပ်တွေကို ဝင်ရောက်လုပ်ကိုင်နေကြတာလို့ ရဲချုပ်ကပြောသွားပါတယ်။
အခုဖမ်းဆီးနိုင်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေ ဦးစီးလုပ်ဆောင်နေတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းဟာ ဆက်သွယ်ရေးစက်တွေ အသုံးပြုပြီး ဆိုရှယ်မီဒီယာ ဝက်ဆိုဒ်အတုတွေ ဖွင့်တာ Sim Card တွေကို Call Center ဂိုဏ်းတွေကိုတဆင့်ပြန်ရောင်းတာလုပ်နေတယ်လို့ ဆိုပါတယ်။
အင်တာနက်ဆက်သွယ်ရေးစင်တာတွေကို တရားမဝင် ဖွင့်လှစ်ထားတာကြောင့် ဖမ်းမိတဲ့ တရားခံတွေကို ထိုင်းနိုင်ငံ ဆက်သွယ်ရေးဆိုင်ရာ Criminal Court No. 5692/2567ဥပဒေပုဒ်မတွေနဲ့ ဆက်လက် အရေးယူသွားမှာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။