(Zawgyi/Unicode)
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ နဲ႕ ၆၂ ကီလိုသာေ၀းတဲ့ ခ်ခ်င္ေဆာင္းခရိုင္မွာ ထိုင္း-ျမန္မာ-လာအို သုံးႏိုင္ငံဆံုရာ ေရြႀတိဂံကေန လာတဲ့ေခတမင္း မူးယစ္ေဆးကုန္ေလွာင္ရံုကုိ ႏို၀င္ဘာလ ၁၁ရက္ေန႔ က ထုိင္းအာဏာပုိင္ေတြက ဖမ္းဆီးခဲ့တဲ့သတင္းကိုေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထုိင္း ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။
ထိုင္းနိုင္ငံ တရားေရး ၀န္ၾကီး Mr. Somsak Thepsutin ဦးေဆာင္ၿပီး မူးယစ္နိမ္နင္းေရး ထိပ္တန္းအရာရွိအဖြဲ ့၀င္ေတြ ကုလ မူးယစ္ထိန္း ခ်ဳပ္ေရး ဌာေနကိုယ္စာလွယ္ Mr. Jeremy Douglas (Representative of the United Nations Office for Narcotics and Crime Suppression) (UNODC) ပါ၀င္တဲ့ အဖြဲ ့၀င္ေတြဟာ ခ်ခ်ိဳေဆာင္း ခရိုင္ ဘန္ ့ပကုန္ ျမိဳ ့က ေခတမင္း Ketamine ၁၁တန္ခြဲ သို္ေလွာင္ထားရာ ကုန္ေလွာင္ရံု ကို သြားေရာက္စစ္ေဆးခဲ့ျပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္သြာခဲ့တာပါ။ ထုိင္းတရားေရး၀န္ႀကီးက ထုိင္းဘာသာနဲ့အခုလိုေျပာသြားပါတယ္။
တစ္အိတ္ကို ၂၅ ကီလိုပါ ေခတမင္ မူးယစ္ေဆး အျဖဴေရာင္ အိတ္ေပါင္း ၄၅၇ အိတ္ကာလတန္ဖိုး ဘတ္ေငြသန္းေပါင္း ၃၈၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ မူးယစ္ေဆး၀ါးေတြဟာ ထိုင္း-ျမန္မာနယ္စပ္ ခ်င္းရိုင္ခရိုင္ ေရႊၾတိဂံေဒသကေန သယ္ေဆာင္
လာခဲ့တာျဖစ္ပါတယ္။ ဒီမူးယစ္ေဆး၀ါးေတြဟာ ထုိင္းႏိုင္ငံကေနတဆင့္ ထိုင္၀မ္နိုင္ငံကို ေရေၾကာင္းကေနပို ့ေဆာင္ဖို႔ အတြက္ မူးယစ္ဂိုဏ္းေတြက လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္ ဆုိျပီးေျပာသြားတာပါ။
ဒီအမူနဲ႔ ပတ္သက္ၿပီး ေလာေလာဆည္မွာ ထိုင္းႏိုင္ငံသား မူးယစ္ဂိုဏ္း၀င္ႏွစ္ဦးကိုလည္း ဖမ္းမိထားၿပီ ျဖစ္ျပီးအမႈနဲ ့ ပတ္သက္ေနသူအားလံုးကို ဖမ္းဆီးမွာျဖစ္ေၾကာင္းနဲ ့ ပိုင္ဆိုင္မႈေတြပါ သိမ္းဆည္း သြားမယ္ ဆုိျပီး တရားေရး၀န္ႀကီးက သတင္းေထာက္ေတြကို ရွင္လင္းေျပာဆိုသြားပါတယ္။ ဒါဟာ ထိုင္းႏိုင္ငံထဲမွာ Ketamine မူးယစ္ေဆးဖမ္းမိတာဟာ အမ်ားဆံုးျဖစ္တယ္လို႔ ဆိုပါတယ္။
ေခတမင္းမူးယစ္ေဆး၀ါးဟာ လူငယ္ေတြနဲ့ ႏိုင္ငံျခားသားေတြၾကားမွာ အမ်ားဆံုးသံုးစဲြေနတဲ့ မူးယစ္ေဆး၀ါးျဖစ္ပါတယ္။
ကပ္ေရာဂါကာလမွာ အသြားအလာေတြ ကန္႔သတ္ထိန္းခ်ဳပ္ထားေပမဲ့ မူးယစ္ေဆး၀ါး ေမွာင္ခုိသူေတြကေတာ့ လမ္းေၾကာင္းသစ္ေတြနဲ႔ တင္သြင္းေနဆဲျဖစ္ေၾကာင္းလည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က ေျပာဆုိထားပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ထဲ ျမန္မာႏုိင္ငံအပါအ၀င္ အေရွ႕နဲ႔ အေရွ႕ေတာင္အာရွ ေဒသမွာ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈပမာဏဟာ ေဒၚလာ ၇၁ ဘီလီယံထက္မနည္း ရွိခဲ့ၿပီး၊ ဒီအထဲမွာ Methamphetamine စိတ္ၾကြေဆး ေမွာင္ခုိမႈက ၆၁ ဘီလီယံအထိ ရွိတယ္ လုိ႔လည္း UNODC က ခန္႔မွန္းထားပါတယ္။ ေရႊႀတိဂံေဒသမွာ မူးယစ္ေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀န္း ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆး ေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းလည္း UNODC က မၾကာေသးခင္တုန္းကပဲ သတိေပးထားပါတယ္။
Your browser doesn’t support HTML5
ေရႊႀတိဂံကလာတဲ့ မူးယစ္ကုန္ေလွာင္ရုံ ထုိင္းအာဏာပုိင္ေတြ ၀င္ေရာက္ဖမ္းဆီး
...............
(Unicode)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နဲ့ ၆၂ ကီလိုသာဝေးတဲ့ ချချင်ဆောင်းခရိုင်မှာ ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံဆုံရာ ရွေတြိဂံကနေ လာတဲ့ခေတမင်း မူးယစ်ဆေးကုန်လှောင်ရုံကို နိုဝင်ဘာလ ၁၁ရက်နေ့ က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့သတင်းကိုပြောပြပါမယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ တရားရေး ဝန်ကြီး Mr. Somsak Thepsutin ဦးဆောင်ပြီး မူးယစ်နိမ်နင်းရေး ထိပ်တန်းအရာရှိအဖွဲ့ဝင်တွေ ကုလ မူးယစ်ထိန်း ချုပ်ရေး ဌာနေကိုယ်စာလှယ် Mr. Jeremy Douglas (Representative of the United Nations Office for Narcotics and Crime Suppression) (UNODC) ပါဝင်တဲ့ အဖွဲ့ဝင်တွေဟာ ချချိုဆောင်း ခရိုင် ဘန့်ပကုန် မြို့က ခေတမင်း Ketamine ၁၁တန်ခွဲ သိုလှောင်ထားရာ ကုန်လှောင်ရုံ ကို သွားရောက်စစ်ဆေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွာခဲ့တာပါ။ ထိုင်းတရားရေးဝန်ကြီးက ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။
တစ်အိတ်ကို ၂၅ ကီလိုပါ ခေတမင် မူးယစ်ဆေး အဖြူရောင် အိတ်ပေါင်း ၄၅၇ အိတ်ကာလတန်ဖိုး ဘတ်ငွေသန်းပေါင်း ၃၈၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဟာ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် ရွှေတြိဂံဒေသကနေ သယ်ဆောင်
လာခဲ့တာဖြစ်ပါတယ်။ ဒီမူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံကနေတဆင့် ထိုင်ဝမ်နိုင်ငံကို ရေကြောင်းကနေပို့ဆောင်ဖို့ အတွက် မူးယစ်ဂိုဏ်းတွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ဆိုပြီးပြောသွားတာပါ။
ဒီအမူနဲ့ ပတ်သက်ပြီး လောလောဆည်မှာ ထိုင်းနိုင်ငံသား မူးယစ်ဂိုဏ်းဝင်နှစ်ဦးကိုလည်း ဖမ်းမိထားပြီ ဖြစ်ပြီးအမှုနဲ့ ပတ်သက်နေသူအားလုံးကို ဖမ်းဆီးမှာဖြစ်ကြောင်းနဲ့ ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်း သွားမယ် ဆိုပြီး တရားရေးဝန်ကြီးက သတင်းထောက်တွေကို ရှင်လင်းပြောဆိုသွားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံထဲမှာ Ketamine မူးယစ်ဆေးဖမ်းမိတာဟာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ခေတမင်းမူးယစ်ဆေးဝါးဟာ လူငယ်တွေနဲ့ နိုင်ငံခြားသားတွေကြားမှာ အများဆုံးသုံးစွဲနေတဲ့ မူးယစ်ဆေးဝါးဖြစ်ပါတယ်။
ကပ်ရောဂါကာလမှာ အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းသစ်တွေနဲ့ တင်သွင်းနေဆဲဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှ ဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုပမာဏဟာ ဒေါ်လာ ၇၁ ဘီလီယံထက်မနည်း ရှိခဲ့ပြီး၊ ဒီအထဲမှာ Methamphetamine စိတ်ကြွဆေး မှောင်ခိုမှုက ၆၁ ဘီလီယံအထိ ရှိတယ် လို့လည်း UNODC က ခန့်မှန်းထားပါတယ်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်။