အာဏာသိမ်း ၁၅ နှစ်မြောက်နေ့ ဝန်ကြီးချုပ် Chan-o-cha နုတ်ထွက်ရေး ဘန်ကောက်မှာ ဆန္ဒပြ

ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြပွဲတခု။ (စက်တင်ဘာ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ရာထူးက နုတ်ထွက်ပေးဖို့ ထိုင်းစစ်တပ် အာဏာသိမ်းခဲ့တဲ့ ၁၅ နှစ်ပြည့်နေ့မှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေက ဘန်ကောက်မြို့ လမ်းမတွေပေါ် ချီတက် တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Thaksin Shinawatra ကို ၂၀၀၆ ခု စက်တင်ဘာလ ၁၉ ရက်နေ့မှာ ထိုင်းစစ်တပ်က ဖြုတ်ချ အာဏာသိမ်းခဲ့တာ ၁၅ နှစ် ရှိလာပြီဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Thaksin ကတော့ ပြည်ပမှာ နေထိုင်ဆဲဖြစ်ပေမယ့် ထိုင်းနိုင်ငံရေးမှာ သြဇာရှိနေဆဲပါ။

၂၀၀၆ အာဏာသိမ်း စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီး Sonthi Boonyaratglin ဖြစ်ပြီး ၂၀၁၄ မှာ နောက်တကြိမ် အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီး Prayut Chan-o-cha ဖြစ်လာပါတယ်။

ဆန္ဒပြသူတွေထဲက Thaksin ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်ဖြစ်သူ Nattawut Saikuar ကတော့ "၁၅ နှစ်ရှိလာခဲ့ပြီ၊ ကျနော်တို့ ခုချိန်ထိ ဆန့်ကျင်တွန်းလှန် နေရတုန်းပါပဲ" လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ကတ်ထူပြားနဲ့ လုပ်ထားတဲ့ တင့်ကားအရုပ်တွေကို ကိုင်ဆောင်ရင်း ကားတွေကလည်း ဟွန်းတွေတီးပြီး ဆန္ဒပြခဲ့ကြပါတယ်။ စစ်တပ်က ဘယ်နှစ်ကြိမ် အာဏာသိမ်းသိမ်း စစ်တပ်ရဲ့ တင့်ကားတွေ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းကောင်း ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အာဏာသိမ်း ၁၅ နှစ်မြောက်နေ့ ဝန်ကြီးချုပ် Chan-o-cha နုတ်ထွက်ရေး ဘန်ကောက်မှာ ဆန္ဒပြ

------------------------

(Unicode)





